Local News

ခက်ခဲကြမ်းတမ်းတဲ့ လမ်းကိုလျှောက်ရင်း ဒဏ်ရာအနာတရတွေဖြစ်ခဲ့ရပေမယ့် တော်လှန်ရေးမှာ အဆုံးအစွန်အထိပါဝင်နေဆဲဖြစ်တဲ့ မြနှင်းရည်လွင်

သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ နွေဦးတော်လှန်ရေး စတင်တဲ့အချိန်ကတည်းက ပြည်သူတွေနဲ့အတူ အားသွန်ခွန်စိုက် ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်

မြနှင်းရည်လွင်က လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့အချိန်တုန်းကလည်း သူမရဲ့ရင်တွင်းဆန္ဒအမှန်ကို ရဲရဲဝင့်ဝင့် ထုတ်ဖော်ပြခဲ့ပါသေးတယ်

လက်ရှိမှာဆိုရင်လည်း မြနှင်းရည်လွင်က လုံခြုံဘေးကင်းတဲ့နေရာကို ရောက်ရှိနေတာဖြစ်ပြီး တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနေတာ ဖြစ်ပါတယ်

မြနှင်းရည်လွင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်လွှင့်တဲ့ Radio အစီအစဉ်တွေမှာ တင်ဆက်သူအဖြစ်ပါဝင်သလို အခြား Campaign တွေ၊ စကားဝိုင်းတွေမှာလည်း Host အဖြစ် ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှာလည်း မြနှင်းရည်လွင်က ကျရာနေရာကနေ တာဝန်ကျေပွန်အောင် ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်

  ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်နေတဲ့ မြနှင်းရည်လွင်က အခက်အခဲ၊ဒုက္ခတွေကို ရင်ဆိုင်နေရပေမယ့်လည်း အားလျော့ခြင်းမရှိဘဲ ရှေ့ဆက်နေတာ ဖြစ်ပါတယ်

မနေ့ကဆိုရင်လည်း မြနှင်းရည်လွင်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ပုံရိပ်တစ်ခုကို မျှဝေထားတာ တွေ့ရပါတယ်။ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပေမယ့်

တော်လှန်ရေးအတွက် အရာရာကိုစွန့်လွှတ်ခဲ့တဲ့ မြနှင်းရည်လွင်ကို ပြည်သူတွေက လေးစားချီးကျူးစကားဆိုခဲ့ကြပြီး သူမဘေးကင်းစေဖို့ ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်

မြနှင်းရည်လွင်တင်ထားတဲ့ ပုံထဲမှာတော့ သူမရဲ့ခြေထောက်မှာ ဒဏ်ရာအနာတရတွေ ဖြစ်နေတာကို ပြည်သူတွေက သတိထားမိခဲ့ပြီး သူမအတွက် စိတ်ပူပေးနေကြတာလည်း တွေ့ရပါတယ်။ မြနှင်းရည်လွင်ကတော့ ပြည်သူတွေကို သူမဘေးကင်းစွာရှိနေကြောင်း အသိပေးခဲ့တာ ဖြစ်ပါတယ်

Source & Photo Credit-Mya Hnin Yee Lwin’s FB Acc

zawgyi

သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ နွေဦးတော်လှန်ရေး စတင်တဲ့အချိန်ကတည်းက ပြည်သူတွေနဲ့အတူ အားသွန်ခွန်စိုက် ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ် ။

မြနှင်းရည်လွင်က လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့အချိန်တုန်းကလည်း သူမရဲ့ရင်တွင်းဆန္ဒအမှန်ကို ရဲရဲဝင့်ဝင့် ထုတ်ဖော်ပြခဲ့ပါသေးတယ်။

လက်ရှိမှာဆိုရင်လည်း မြနှင်းရည်လွင်က လုံခြုံဘေးကင်းတဲ့နေရာကို ရောက်ရှိနေတာဖြစ်ပြီး တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနေတာ ဖြစ်ပါတယ်

မြနှင်းရည်လွင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်လွှင့်တဲ့ Radio အစီအစဉ်တွေမှာ တင်ဆက်သူအဖြစ်ပါဝင်သလို အခြား Campaign တွေ၊ စကားဝိုင်းတွေမှာလည်း Host အဖြစ် ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှာလည်း မြနှင်းရည်လွင်က ကျရာနေရာကနေ တာဝန်ကျေပွန်အောင် ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။

ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်နေတဲ့ မြနှင်းရည်လွင်က အခက်အခဲ၊ဒုက္ခတွေကို ရင်ဆိုင်နေရပေမယ့်လည်း အားလျော့ခြင်းမရှိဘဲ ရှေ့ဆက်နေတာ ဖြစ်ပါတယ်

မနေ့ကဆိုရင်လည်း မြနှင်းရည်လွင်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ပုံရိပ်တစ်ခုကို မျှဝေထားတာ တွေ့ရပါတယ်။

အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပေမယ့် တော်လှန်ရေးအတွက် အရာရာကိုစွန့်လွှတ်ခဲ့တဲ့ မြနှင်းရည်လွင်ကို ပြည်သူတွေက လေးစားချီးကျူးစကားဆိုခဲ့ကြပြီး သူမဘေးကင်းစေဖို့ ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်