စူးရှထက်အကြောင်း အားလုံးလည်းသိပြီးသားမို့ ပွဲဖြစ်ခံပြီးရှင်းပြနေစရာမလိုဘူးဆိုတဲ့ အိမ့်ချစ်

အဆိုတော် အိမ့်ချစ်ကတော့ သူမရဲ့ဖခင် အဆိုတော်ကြီး ဦးချစ်ကောင်းရဲ့ အနုပညာအမွေတွေကို ဆက်ခံရရှိပြီး အောင်မြင်တဲ့ ဂီတလမ်းကြောင်းပေါ်ကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ အိမ့်ချစ်က ပြီးခဲ့တဲ့ ချစ်သူများနေ့မှာ ရန်ကုန်မြို့က Radio Bar မှာ သီချင်းဆိုခဲ့ပြီး မော်ဒယ်လ် စူးရှထက်က Live လွှင့်ခဲ့တာကြောင့် စူးရှထက်နဲ့ ပြဿနာတွေတက်ခဲ့ရတာပဲဖြစ်ပါတယ်။
ထိုကိစ္စနဲ့ ပတ်သက်ပြီး စူးရှထက်ကလည်း အိမ့်ချစ်နဲ့ပြောထားတဲ့စာတွေကို SS တွေနဲ့တကွ ပြသလာပြီး အိမ့်ချစ်ကလည်း သူမရဲ့ ဖေ့စ်ဘုတ် Story ကနေ “အရှက်မရှိတဲ့သူနဲ့ ပြိုင်မဖြစ်ဘူး။ သူမှန်ရင် ကိုယ့်ကို Block ပြီး သူကိုယ့်ကိုပြောတာတွေဖျက်ပြီး တင်စရာမှမလိုတာ။ သူ့အကြောင်းသိလို့ ပွဲရှာတယ်လို့ပြောတာ။ သူ့စိတ်ဓာတ်ကို အားလုံးကသိပြီးသားပဲ ရှင်းပြနေစရာမလိုပါဘူး ” လို့ ရေးပြီးတင်လာခဲ့ပါတယ်
ဒါ့အပြင် အိမ့်ချစ်က စူးရှထက်ဘက်ကပြောတဲ့ ပရိသတ်တစ်ယောက်ကို “J ဝင်ရအောင် ကျွန်မက ဘားမှတိုက်ဆိုင်စွာရောက်လာပြီး ပရိသတ်တောင်းဆိုလို့ တက်ဆိုပေးတာ။ Valentines Day မှာ ခံဖို့ ဘားမှာဈေးလာညှိနေတာမဟုတ်ဘူးရှင့်” လို့ပြောဆိုခဲ့တာကြောင့် ပရိသတ်တွေက အိမ့်ချစ်ဟာ ထင်မထားလောက်အောင် အပြောအဆိုရိုင်းစိုင်းတယ်ဆိုပြီး သူမရဲ့ပိုစ့်တွေမှာ ဝေဖန်နေကြတာပဲဖြစ်ပါတယ်။