Celebrity

🔴 ပုပ္ပါးမှာကျင်းပခဲ့တဲ့ မင်းသားကြီးဝေဠုကျော်ရဲ့ မင်္ဂလာပွဲအခမ်းအနားကို တက်ရောက်ချီးမြှင့်ခဲ့ကြတဲ့ အနုပညာရှင်များရဲ့ပုံရိပ်များ

ပရိသတ်အချစ်တော် မင်းသားကြီး ဝေဠုကျော်ကတော့ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။

 

ဝေဠုကျော်က သဘာဝကျပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်ရုပ်တိုင်းကိုအသက် ဝင်လာအောင် ဖန်တီးနိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဝေဠုကျော်က အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့တာ အချိန်အတော်ကြာရှိနေပြီဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

 

ဝေဠုကျော်က “ဝေဠုကျော် ဖောင်ဒေးရှင်း” ကိုတည်ထောင်ထားပြီး အများကောင်းကျိုးသယ်ပိုးတဲ့ ပရဟိအလုပ်တွေကို သူကိုယ်တိုင်ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း ဝေဠုကျော်ကို အခုချိန်အထိတိုင်အောင် အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ် ။

 

ဒီကနေ့မှာဆိုရင် ဝေဠုကျော်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ချစ်ရတဲ့သူလေးလက်ထပ်လိုက်ဆိုတဲ့အကြောင်းကို ပရိတ်သတ်ကြီးအား အသိပေးလာခဲ့တာပဲဖြဟ်ပါတယ်နော်..

 

ဝေဠုကျော်က “နှစ်ဖက်သောမိဖများ၏သဘောတူခွင့်ပြုအရလက်ထပ်ထိမ်းမြားမင်္ဂလာပွဲကျင်းပပြုလုပ်ပြီးစီးခဲ့ပါပြီ ဝေဠုကျော် +ရေကြည်ချမ်းမြကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် အသိပေးလိုက်တာပဲဖြဟ်ပါတယ်နော်။

 

ပုပ္ပါးမှာကျင်းပခဲ့တဲ့ မင်းသားကြီးဝေဠုကျော်ရဲ့မင်္ဂလာပွဲအခမ်းအနားကိုတတ်ရောက်ခဲ့ကြတဲ့ အနုပညာရှင်တွေကတော့ ကိုရန်အောင် လှမျိုးသဥ္ဇာနွယ် နဲ့ဇင်မျိုးစတဲ့အနုပညာရှင်တွေက တက်ရောက်ချီးမြှင့်ခဲံကြတာပဲဖြစ်ပါတယ်နော်။