Celebrity

🔴 ပြန်လည်လွတ်မြောက်လာပြီး စိတ်ပူနေကြတဲ့ သူတွေကို live လွင့်ပြီး ကျေးဇူးတင်ပါတယ်ပြောလာတဲ့ အလှမယ် သင်းသင်း video

ဖေဖော်ဝါရီလ ၂၂ ရက် ညက ရန်ကုန်မြို့၊ တာမွေမြို့ နယ်၊ မေတ္တာညွှန့်ရပ်ကွက်ရှိ နေအိမ်တွင်ဧည့်စာရင်း စစ်မည်အကြောင်းပြကာ အဖမ်းခံခဲ့ရသည့် အလှမယ် သင်းသင်း မနေ့ကညတွင် ပြန်လည် လွတ်မြောက်လာပြီဟု သိရသည်။

 

အလှမယ်သင်းသင်းကသင်းအိမ်ပြန်ရောက်ပါပြီသင်းအတွက် စိတ်ပူပေးကြတဲ့ ပရိသတ်တွေ အကုန်လုံးကို ကျေးဇူးအများကြီး တင်ပါတယ်။မနေ့ညက အိမ်မှာ ဧည့်စာရင်းလာစစ်တော့ နားလည်မှု လွဲသွားတယ်။

 

ည က ဧည့်စာရင်း စစ်ရင်းနဲ့ သင်းအရင်တုန်းက ဆန္ဒပြခဲ့တာလည်းရှိတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေး မေး မြန်းတယ်ဟု ဖြစ်စဉ်ကို ရှင်းပြသည်။

ယမန်နေ့ညက အရပ်ဝတ်ဖြင့် လက်နက်ကိုင်များ၊ အုပ် ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များပါ လူတစုက သင်းသင်း ၏ နေအိမ်တံခါးကို ကြမ်းတမ်းစွာခေါက်ကာ တံခါးဖွင့်ခိုင်းခဲ့ပြီး၊ အလှမယ် သင်းသင်းက ထိုအကြောင်းအရာအား Facebook တွင် Live လွှင့်ကာ ပြောဆိုခဲ့ခြင်း ဖြစ် သည်။

 

မနေ့ညက တယောက်နဲ့ တယောက် အထင်လွဲမှားမှုတွေ ဖြစ်သွားတယ်။ လူတွေများတဲ့အခါကျ သင်းလည်း ကြောက်သွားလို့ပါ။ အေးအေးဆေးဆေးနဲ့စစ် ဆေးပေးတဲ့ အဖွဲ့အစည်းကို ကျေးဇူး အများကြီးတင်ပါတယ်။

 

စိတ်ပူပေးကြသူတွေကို အကုန်လုံးကို ကျေးဇူးတင်ပါတယ် ဟု သင်းသင်းက ပြောဆိုထားသည်။တချို့အကောင့်မှာ personal ကိစ္စနဲ့ ပတ်သက်ပြီး တိုက်ခိုက်နေတာ တွေ့တယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဖြေရှင်းမှာမဟုတ်ပါဘူး။

 

လူမှုရေးကိစ္စမှာ ညှိပြီး အကောင့်တခုကနေ တိုက်ခိုက်နေတာကို ပြန်ပြီးတော့ မဖြေရှင်းတော့ဘူးဟု သင်းသင်းက ပြောသည်။