Breaking News နောက်ဆုံးရသတင်းများ

🔴 ယူကရိန်း နေရာအနှံ့အပြားကို ရုရှားက ပစ်ခတ်တိုက်ခိုက် WW3 ဖြစ်လာနိူင်သလား ? မိတ်ဆွေတို့အမြင်ကို Comment မှာ ဆွေးနွေးသွားနိူင်ပါတယ် 🤔

ယူကရိန်း နေရာအနှံ့အပြားကို ရုရှားက ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရုရှားသမ္မတပူတင်က ယနေ့ ယူကရိန်းကို စစ်ကြေညာပြီးနောက် ယူကရိန်း နိုင်ငံ နေရာ အနှံ့ အပြားတွင် ပေါက်ကွဲသံများကြားရပြီး ရုရှားက ဒုံးများဖြင့် ပစ် ခတ်တိုက်ခိုက် နေကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

 

ယူကရိန်းအစိုးရကလည်း ရုရှားက ၎င်းတို့ကို ပစ်ခတ် တိုက်ခိုက် နေပြီ ဖြစ် ကြောင်း အတည်ပြုလိုက်ပြီး ယူကရိန်းပြည်သူများကို အရေးပေါ် ရွှေ့ပြောင်း မှုများ စတင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

🔴 ရုရှားဘက်က ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေလုပ်ပြီလို့ ယူကရိန်းသမ္မတအတည်ပြု၊ ယူကရိန်းမြို့တော်ကိယက်ဗ်မှာ ပေါက်ကွဲသံတွေကြားနေရ၊

 

ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်မှာ ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက် ဒေသစံတော်ချိန် မနက် ၅ နာရီ လောက်ကစပြီး ပထမဆုံးပေါက်ကွဲသံတွေ ကြားနေရပါတယ်။

ရုရှားဘက်က ဒုံးကျည်တိုက်ခိုက်မှုတွေ ပြုလုပ်ထားတယ်ဆိုတာကိုလည်း ယူကရိန်းသမ္မတဇလန်းစကီးက အတည်ပြုတယ်ဆိုပြီး ရိုက်တာသတင်းဌာနက သတင်းဖော်ပြလာပါတယ်။

ရုရှားဟာ ယူကရိန်းရဲ့အခြေခံအဆောက်အအုံတွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ သမ္မတက ပြောပေမဲ့ ဘယ်နေရာတွေ တိုက်ခိုက်ခံရတယ်ဆိုတာ တိတိကျကျ ထုတ်မပြောသေးပါဘူး။

 

ပေါက်ကွဲသံ ၄၊ ၅ ကြိမ်ခန့်ကို ခပ်ဝေးဝေးကနေ ခပ်အုပ်အုပ်နဲ့ကြားရပြီး အဲဒီနောက် နောက်ထပ်ပေါက်ကွဲသံတွေကိုကြားရပေမဲ့ မြို့တွင်းဘက်က လာတာမဟုတ်ဘူးလို့တော့ ကိယက်ဗ်က ဘီဘီစီသတင်းထောက်က ပြောပါတယ်။

မြို့ထဲက လေဆိပ်တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေသလို လေယာဉ်ကွင်းတွေ၊ စစ်ရုံးတွေ တိုက်ခိုက်ခံရတယ်ဆိုပြီး ပြည်ပသတင်းဌာနတွေကို ဖြေကြားလေ့ရှိတဲ့ ယူကရိန်းအစိုးရအရာရှိတစ်ဦးက ပြောထားတယ်လို့လည်း ဘီဘီစီကသတင်းထောက်က ပြောပါတယ်။

ရုရှားယိမ်း ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေအနီးက Kramatorsk လို နိုင်ငံအရှေ့ပိုင်းက မြို့တွေမှာလည်း ပေါက်ကွဲမှုဖြစ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

 

ရုရှားနဲ့ယူကရိန်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ခိုက်မှုတွေဟာ အချိန်အတိုင်းအတာတစ်ခုအတွင်း ရှောင်လွှဲမရဖြစ်လာနိုင်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောခဲ့ပြီး မကြာခင်မှာပဲ အခုလိုပေါက်ကွဲသံတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားဟာ ယူရိကန်းအပေါ် အပြည့်အ၀ကျူးကျော်မှု စတင်နေပြီဖြစ်လို့ ယူကရိန်းဟာ ခုခံသွားမှာဖြစ်တယ်လို့ အစောပိုင်းကပြောထားပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားက စစ်အင်အားဖြန့်ကြက်ချထားပြီးနောက်မှာ ရုရှားနဲ့ယူကရိန်းကြားတင်းမာမှုတွေ မြင့်တက်လာနေတာ ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက ဖြစ်ပါတယ်။

 

ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ ၂၀၁၄ကတည်းက တိုက်ပွဲတွေဖြစ်နေပြီး ရုရှားစကားပြောများသူအများစုနေထိုင်ရာ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးဒေသ ၂ ခုကို ပြည်သူ့သမ္မတနိုင်ငံတွေအဖြစ် အသိအမှတ်ပြုတဲ့အကြောင်း တရားဝင် ထုတ်ပြောထားပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့တို့ကတော့ သမ္မတ ပူတင်ရဲ့လုပ်ရပ်ဟာ ယူကရိန်းရဲ့အချုပ်အခြာကို ထိပါးသလို နိုင်ငံတကာဥပဒေကို ချိုးဖောက်တာလို့ ဆိုပြီး စီးပွားရေးပိတ်ဆို့မှုအသစ်တွေ အစောပိုင်းကတည်းက ချမှတ်ထားပါတယ်။