Breaking News

🔴 ရုရှား က ယူကရိန်း ကို အင်အား အပြည့်သုံး ကျူးကျော် တိုက်ခိုက်ပြီး နာရီ ပိုင်းအတွင်း ယူကရိန်း နိုင်ငံသား ရာနဲ့ချီ သေဆုံး

ကိဗ် ၊ ဖေဖော်ဝါရီ ၂၄

အဓိက မြို့တွေ ကိုဒုံးကျည်တွေ နဲ့ ပစ်ခတ်တိုက်ခိုက် ပြီး ပေါက်ကွဲမှု တွေ ဖြစ်ပွားကာ လူရာနဲ့ချီပြီးသေ ဆုံး တယ်ဆိုတဲ့ သတင်းတွေ နဲ့အတူ ရုရှား က ယူကရိန်း ကို အင်အားအပြည့်သုံးပြီး စတင်ကျူးကျော် တိုက်ခိုက် နေပြီဖြစ်ပါတယ်။

 

ရုရှား ရဲ့ လုပ်ရပ်ကိုဝင်ရောက်နှောင့်ယှက်တဲ့ နိုင်ငံတွေ အနေနဲ့ ရုရှား ရဲ့ ချက်ချင်းလင်ငင်းတုန့်ပြန်မှု နဲ့ ရင်ဆိုင် ရမှာဖြစ်ပြီး ဘယ်တုန်း ကမှ မကြုံဖူးတဲ့ ဆိုးကျိုးတွေ နဲ့ ကြုံရလိမ့်မယ်လို့ သမ္မတ ဗလာဒီမာ ပူတင် ကသတိပေး ထားပါတယ်။ ယူကရိန်း အရှေ့ပိုင်း က ယူကရိန်း စစ်သားတွေ အနေနဲ့ လက်နက်ချပြီး အိမ်ပြန်ကြဖို့ ပူတင် က တိုက်တွန်း ထားပါတယ်။

ရုရှား ဟာ အင်အား အပြည့်သုံးပြီး ယူကရိန်း ကိုကျူးကျော်တိုက်ခိုက်နေပြီလို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ကပြောကြားပြီး ဒီအခြေအနေကိုတားဆီးရေး ဖြစ်နိုင်တဲ့ အရာအားလုံးလုပ်ဆောင်ဖို့ ကုလသမဂ္ဂ ကိုတိုက် တွန်းထားပါတယ်။ နိုင်ငံတကာအနေနဲ့ ရုရှား ကို တာဝန်ခံခိုင်းမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ကပြောကြားပြီး လူ့အသက်တွေ အများကြီးဆုံးရှုံးရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

နေတိုး အဖွဲ့အနေနဲ့ ယူကရိန်း နဲ့အတူရပ်တည်ပြီး မဟာမိတ်တွေ ကို ကာကွယ်ရေး အရာအားလုံးလုပ်ဆောင် သွားမှာဖြစ်ကြောင်း နေတိုး အဖွဲ့ အတွင်းရေးမှူးချုပ် စတိုလ်တန်ဘာ့ဂ် ကပြောကြားပါတယ်။

 

ရုရှား ရဲ့ အခုကျူးကျော်မှု ဟာ ဥရောပ တိုက်ကို ကြီးမားတဲ့ အတိုင်းအတာ နဲ့စစ်ပွဲ ဆင်နွဲရေးပဏာမခြေလှမ်း ဖြစ်နိုင်တယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီး ကစောစောပိုင်း ကပြောဆိုခဲ့ပါတယ်။ ရုရှား ကစတင်တိုက်ခိုက်ပြီး နောက် ယူကရိန်း ရဲ့ အဓိက မြို့တွေ မှာ ဒုံးကျည်နဲ့ ပစ်ခတ်ခံရတာတွေ ပေါက်ကွဲ မှု တွေ ဖြစ်ပေါ် ခဲ့ပြီး လူရာချီသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

ယူကရိန်း မြို့တွေ ကို တိုက်ခိုက်တယ်ဆိုတဲ့ သတင်းကို ရုရှား စစ်တပ်က ပယ်ချပြီး ယူကရိန်း စစ်ဖက်ဆိုင်ရာ အဆောက်အဦးတွေ ကို တိုက်ခိုက်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီလို အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ ကိဗ် မြို့ ကဒေသခံတွေ ဟာ လက်နက်ကြီးအန္တရာယ်ကို ရှောင်ရှား ရေး အကာအကွယ်တွေ အောက်မှာ ပုန်းအောင်းနေသူတွေ ရှိသလို ဒေသခံအများ ထွက်ပြေးတိန်းရှောင် နေ ကြပြီး ယူကရိန်း ကလေပိုင်နက် ကို အရပ်ဖက်လေကြောင်းလိုင်း တွေ အတွက်ပိတ်ထားပါတယ်။

 

ရုရှား ကလည်း သူတို့ လေပိုင်နက် ကို အကန့်အသတ်နဲ့ပိတ်ထား ပြီး ယူကရိန်း အရှေ့ပိုင်း က ရုရှား စကား ပြောသူတွေ ဘေးကင်းရေး အခုလို တိုက်ခိုက်တာဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။ ရုရှား တိုက်လေယာဉ် ငါးစီး နဲ့ ရဟတ်ယာဉ် တစ်စီး ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း လေတပ်က ပြောဆို ထားပေ မယ့် ဒီပြောဆိုမှု ကို ရုရှား က ပယ်ချထားပါတယ်။

 

ရုရှား ရဲ့လုပ်ရပ်ကို ကမ္ဘာတစ်ဝန်း ကပြစ်တင်ရှုတ်ချထားစဉ် ရုရှား အပေါ် ဆိုးဆိုးရွားရွားထိခိုက်စေမယ့် အရေးယူပိတ်ဆို့မှု တွေ ချမှတ်ပေးဖို့ ယူကရိန်း ကတောင်းဆိုထားပါတယ်။