Breaking News

🔴 ကမ္ဘာတစ်ဝန်း ရှိ ရုရှား သံရုံးများရှေ့မှာ ပူတင်ကို ပြစ်တင်ရှုတ်ချပြီး ငြိမ်းချမ်းရေး အတွက် လူထောင်ချီ တောင်း ဆို ဆန္ဒပြ

လန်ဒန် ၊ ဖေဖော်ဝါရီ ၂၄

ရုရှား က ယူကရိန်း အရှေ့ပိုင်းမှာ အထူးစစ်ဆင်ရေး ပြုလုပ်ကြောင်းကြေညာချက်နဲ့ အတူ မကြာခင် အင်အား အပြည့်သုံးပြီး ကျူးကျော်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှု တွေ ထွက်ပေါ်နေချိန်မှာ ကမ္ဘာတစ်ဝန်း မြို့များ စွာ ကလမ်းမတွေ ပေါ်မှာ လူထောင်ချီ စုဝေးပြီး ယူကရိန်း ကို မကျူးကျော်ရေး ရုရှား သမ္မတ ဗလာဒီမာ ပူတင် ကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

 

လန်ဒန် ၊ တိုကျို ၊ ဘာလင် ၊ ကိုပင်ဟေဂန် နဲ့ ပါရီ တို့ရှိ ရုရှား သံရုံး အပြင်ဖက်နဲ့ အခြားနေရာတွေ မှာ ဆန္ဒပြသူ တွေ က ပူတင် ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေ ကို ပြစ်တင်ရှုတ်ချ ဝေဖန်ပြီး စစ်ပွဲမဆင်နွဲရေး တောင်းဆို ခဲ့ကြပါ တယ်။

 

လန်ဒန် မြို့ရှိ ရုရှား သံရုံး အပြင်ဖက်မှာ ဆန္ဒ ပြသူတွေ က ယူကရိန်း အလံ တွေ ဝှေ့ယမ်း ကိုင်ဆောင်ပြီး ရုရှား ရဲ့ လုပ်ရပ်တွေ ကို ကန့်ကွက်ခဲ့ကြသလို ဗြိတိန် ရှိ ရုရှား သံတမန် ဌာနချုပ်အပြင်ဖက် ဆန္ဒပြသူတွေ က ပူတင် ပုံ ကို ဟစ်တလာလို နှုတ်ခမ်းမွှေး တပ်ထားတဲ့ ပုံတွေ ကိုင်ဆောင် ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ကိုပင်ဟေဂန် နဲ့ ပါရီမြို့တို့မှာ ရုရှား သံရုံး အပြင်ဖက် ဆန္ဒပြသူတွေ က ယူကရိန်း အလံတွေ ဝှေ့ယမ်းကိုင် ဆောင် ပြီး ရုရှား ရဲ့ ရန်စတဲ့ လုပ်ရပ်တွေ ရပ်တန့်ရေးတောင်း ဆိုခဲ့ကြပါတယ်။ တိုကျို မြို့ဆန္ဒပြသူတွေ မှာ ကလေးငယ်တွေလည်းပါဝင်ပြီး ယူကရိန်း နဲ့ တစ်သားတည်း ရပ်တည်ကြောင်း ဖော်ပြတဲ့ စာတန်းတွေ ကိုင်ဆောင်ထားကြတာ ကို သတင်းဓာတ်ပုံတွေ မှာ မြင်တွေ့ရပါတယ်။

 

ဆွီဒင် နိုင်ငံ စတော့ဟုမ်း မြို့ ၊ နီပေါလ် နိုင်ငံ ခတ္တမန္ဒူ မြို့ နဲ့ ပိုလန် နိုင်ငံ ဝါဆော မြို့တို့မှာလည်း အလားတူ ရုရှား ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ပူတင် ရဲ့ တပ်ဖွဲ့တွေ ဟာ လာမည့် ၄၈ နာရီအတွင်း တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က ယူကရိန်း သမ္မတ ဇီလန်စကီး ကို သတိပေးထားစဉ်

တစ်ကမ္ဘာ လုံးက ယူကရိန်း ကို ထောက်ခံကြောင်း ပြသမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ လန်ဒန် မြို့ ရှိ ထောင်ချီ တဲ့ ဆန္ဒပြသူတွေ က “အဖိုးကြီးပူတင် ဆေးသောက်ပါ ယူကရိန်း ကို လက်ရှောင် နေပါ” လို့ အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။

 

ယူကရိန်း ကို ရုရှား က အင်အား အားလုံးသုံးပြီး တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် က သတိပေးထားချိန် မှာ ယူကရိန်း အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရေးနောက်ထပ် လက်နက်တွေ ပေးပို့ ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ပြောကြားပါတယ်။ နောက်ထပ် တင်းမာမှု အရှိန် မြင့်တက်အောင်လုပ်မယ်ဆိုရင် ရုရှား အနေနဲ့ ပိုပြင်းထန်တဲ့ အရေးယူမှု တွေ နဲ့ ရင်ဆိုင်ရမယ်လို့လည်း ဂျွန်ဆင် ကသတိပေးထားပါတယ်။

 

ပူတင် ဟာ သူကြိုတင်စီစဉ်ထားခဲ့တဲ့ စစ်ပွဲကြီး တစ်ပွဲကို စတင်နေပြီ လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ကပြောကြားပြီး အမေရိကန် အပါအဝင် နိုင်ငံအချို့က ရုရှား ဟာ လာမယ့် ၄၈ နာရီအတွင်း ယူကရိန်း ကို အင်အား အပြည့် သုံးပြီး ကျူးကျော်တိုက်ခိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။