Celebrity

🔴 သမီးလေးအောင်မြင်ဖို့ ဖခင်မေတ္တာအပြည့်နဲ့ အစွမ်းကုန်ထောက်ပံ့ပေးနေတဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်း

ပရိတ်သတ်ကြီးရေ ကိုလူချောအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်းကတော့ အနုပညာလောကမှာ ဖြတ်သန်းကျင်လည်ခဲ့ရတဲ့ သူ့ရဲ့ဘဝအကြောင်းကို အခုလိုပဲ ပြောပြခဲ့တာပါ။

ဒါအပြင် သူ့ရဲ့ချောမောလှပတဲ့ သမီးလေး အနုပညာလောကမှာ အောင်မြင်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေတဲ့ အကြောင်းကိုလဲ ပြောပြထားပါသေးတယ်။ အနုပညာလောကထဲကို ရောက်ဖို့အတွက်နည်းလမ်းမျိုးစုံနဲ့ ကျွန်ခံခဲ့ဖူးပါတယ်။

 

 

ဒါအပြင် မင်းသမီးတွေရဲ့ အဝတ်အစားတွေကိုပါ လျှော်ပေးပြီး ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် ဒီလောက် ကြိုးစားခဲ့တာတောင် လူကြမ်းသရုပ်ဆောင်လောက်ပဲ ဖြစ်လာတာပါ။

လူကြမ်း သရုပ်ဆောင်ဖြစ်လာတော့လဲ အနုပညာကို ဆက်လက်ပြီး တန်ဖိုးထားဆဲ၊ ချစ်နေဆဲပါပဲ။ လူကြမ်းသရုပ်ဆောင် မင်းမင်းရဲ့ ဖခင်ဖြစ်သူကတော့ လူကြမ်းသရုပ်ဆောင်ကြီး စမဦးမြင့်သိန်းပါ။ဖခင်ဖြစ်သူ စမဦးမြင့်သိန်းက အသက်ကြီးပြီဖြစ်တာကြောင့် အနုပညာကို ဆက်လက် မလုပ်ကိုင်နိုင်တော့ပေမယ့် အဖေ့ရဲ့အနုပညာအမွေကိုတော့ ဆက်လက်ထိန်းသိမ်းချင်ပါတယ်။

 

ဒါပေမယ့် လူကြမ်းသရုပ်ဆောင် ဘဝမှာ ရပ်တည်နိုင်ဖို့ ခက်ခဲခဲ့တဲ့အထိ ဘဝကကြမ်းခဲ့ပါတယ်။လူကြမ်းသရုပ်ဆောင် မင်းမင်းမှာ သမီး(၃)ယောက်နဲ့ သား(၁)ယောက် စုစုပေါင်း သားသမီးလေးယောက်ရှိပါတယ်။

(၁၈)နှစ်အရွယ် သမီးအလတ်လေးဖြစ်တဲ့ ဇင်စန္ဒာထွန်းက ဖခင်ရဲ့ အနုပညာအမွေကို ဆက်ခံရန် အနုပညာလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။

 

မင်းမင်းဟာ မပြည့်စုံပေမယ့်လည်း သမီးဖြစ်သူရဲ့ အနုပညာ လမ်းကြောင်းကိုတော့ အပြည့်အဝ ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်တဲ့။ အနုပညာအသိုင်းအဝိုင်းထဲမှာ မိတ်ဆွေများစွာ ရှိတာကြောင့်မိတ်ဆွေတွေရဲ့ အကူအညီတွေနဲ့ အစွမ်းကုန် ထောက်ပံ့ပေးမှာဖြစ်ပြီး

 

ဖခင်မေတ္တာကြီးမားသူပီပီ သမီးလေး ဇင်စန္ဒာထွန်း အောင်မြင်ဖို့အတွက် ဘယ်လိုတွေပဲ ပေးဆပ်ရ ပေးဆပ်ရ ပေးဆပ်ဖို့ အသင့်ပဲလို့ ဆိုလိုက်ပါတယ်။စာဖတ် ပရိတ်သတ်ကြီးတို့အတွက် ပြန်လည်ကူးယူပြီး ဝေမျှတင်ဆက် ပေးလိုက်ရပါတယ်နော်။