sports

🔴 အောင်လအန်ဆန်နှင့် ရုရှား ဖိုက်တာ ဗစ်တာလီ ဗစ်ဒက်ရှ်တို့ ယနေ့ထိုးသတ်မည်

ဖေဖော်ဝါရီ ၂၅

MMA ဖိုက်တာ အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဗစ်တာလီဗစ်ဒက်ရှ်တို့ ယနေ့ ညနေပိုင်းမှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

အောင်လအန်ဆန်နှင့် ဖိုက်တာ ဗစ်တာလီ ဗစ်ဒက်ရှ်တို့ ယခုအကြိမ် ထိုးသတ်မှုကတော့ တတိယအကြိမ်မြောက်တွေ့ဆုံထိုးသတ်ပွဲလည်း ဖြစ်ပါတယ်။

 

အဆိုပါ ပွဲကို One Championship က စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီးယင်းပြိုင်ပွဲကိုတော့ စင်ကာပူနိုင်ငံမှာပြုလုပ်ခြင်းဖြစ်ကာ ၎င်းတို့ပွဲစဉ်အပါအဝင် တွဲဆိုင်း ၁၂ ဆိုင်းပါဝင် မှာဖြစ်တယ်လို့ သိရပါတယ်။

 

ယနေ့ ပွဲစဉ်တွေမှာတော့ ကမ္ဘာ့ချန်ပီယံလုပွဲ ၂ပွဲ ပါဝင်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာတော့ လက်ရှိ ချန်ပီယံ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် စိန်ခေါ်သူ ကာဂျစ္စတန် နိုင်ငံသား အဘာဆော့ဗ်တို့ ထိုးသတ်မှာဖြစ်သလို

 

 

 

လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာတော့ လက်ရှိ ချန်ပီယံ ယူကရိန်း နိုင်ငံသား ရိုမန်နှင့် စိန်ခေါ်သူ နယ်သာလန် နိုင်ငံသား မူရတ်တို့ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။