Cele News

လွတ်မြောက်နယ်မြေမှ နေအိမ်မှာကျန်ရစ်ခဲ့တဲ့ အကြိုက်ဆုံးသော အရာတစ်ခုကိုလွမ်းမိနေတဲ့ ဒါရိုက်တာ ကိုပေါက်

နာမည်ကြီးအနုပညာရှင်အချို့ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆင်နွှဲခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ဒါရိုက်တာ ကိုပေါက် တစ်ယောက်ကလည်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။

ဒါရိုက်တာ ကိုပေါက် ဟာ အနုပညာမှာဘက်စုံတော်ရုံမက ဟင်းချက်တဲ့နေရာမှာလဲ အရမ်းကောင်းပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ လွတ်မြောက်နယ်မြေကနေ အိမ်မှာကျန်ရစ်ခဲ့တဲ့ အနှစ်သက်ဆုံးအရာတစ်ခုကို လွမ်းမိနေပါတယ်။

” တော်လှန်ရေးကာလမှာ ကြက်ပေါင်တွေ နှုတ်ခမ်းနီတွေ ကအရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် နှလုံးသားအတွက် အာဟာရရှိဖို့ကလည်း ပိုအရေးအရေးကြီးတယ်။

စာအုပ်ထူထူတွေနဲ့ ပြန်နီးခွင့်ရတဲ့ အခွင်းအရေးကို ကျေးဇူးတင်တယ်။ နေစကြာရေ တစ်ခါတစ်ခါ KFCတွေ ပီဇာတွေမလွမ်းပါဘူး။ အိမ်က စာအုပ်စင်ကြီးကိုတော့လွမ်မိသား” လို့ ရေးသားထားပါတယ်။

လြတ္ေျမာက္နယ္ေျမမွ ေနအိမ္မွာက်န္ရစ္ခဲ့တဲ့ အႀကိဳက္ဆုံးေသာအရာတစ္ခုကို လြမ္းမိေနတဲ့ ကိုေပါက္

နာမည္ႀကီးအႏုပညာရွင္အခ်ိဳ႕ကေတာ့ ျပည္သူေတြဘက္ကေန ရပ္တည္ၿပီး အာဏာရွင္ဆန႔္က်င္တဲ့ ေႏြဦးေတာ္လွန္ေရးဆင္ႏႊဲခဲ့လို႔ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

ဒါ႐ိုက္တာ ကိုေပါက္ တစ္ေယာက္ကလည္း ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ၅၀၅(က)နဲ႔ အမႈဖြင့္ခံထားရသူ ျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမ တစ္ေနရာကို ေရာက္ရွိေနတဲ့ ကိုေပါက္ ကေတာ့ ေရာက္ရာေနရာကေန ေတာ္လွန္ေရးတိုက္ပြဲဆင္ႏႊဲေနသူ ျဖစ္ပါတယ္။

ဒါ႐ိုက္တာ ကိုေပါက္ ဟာ အႏုပညာမွာဘက္စုံေတာ္႐ုံမက ဟင္းခ်က္တဲ့ေနရာမွာလဲ အရမ္းေကာင္းပါတယ္။

ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနတဲ့ ကိုေပါက္ ကေတာ့ လြတ္ေျမာက္နယ္ေျမကေန အိမ္မွာက်န္ရစ္ခဲ့တဲ့ အႏွစ္သက္ဆုံးအရာတစ္ခုကို လြမ္းမိေနပါတယ္။

” ေတာ္လွန္ေရးကာလမွာ ၾကက္ေပါင္ေတြ ႏႈတ္ခမ္းနီေတြ ကအေရးႀကီးတာမွန္ပါတယ္။ ဒါေပမယ့္ ႏွလုံးသားအတြက္ အာဟာရရွိဖို႔ကလည္း ပိုအေရးအေရးႀကီးတယ္။

စာအုပ္ထူထူေတြနဲ႔ ျပန္နီးခြင့္ရတဲ့ အခြင္းအေရးကို ေက်းဇူးတင္တယ္။ ေနစၾကာေရ တစ္ခါတစ္ခါ KFCေတြ ပီဇာေတြမလြမ္းပါဘူး။ အိမ္က စာအုပ္စင္ႀကီးကိုေတာ့လြမ္မိသား” လို႔ ေရးသားထားပါတယ္။