Cele News

ပြည်သူကထမင်းရှင်ပါလိုပြောတဲ့ လူရွှင်တော်တွေအတွက်စကားတစ်ခွန်း ပြောလိုက်တဲ့ လူရွှင်တော် တိုးကျော်

ပရိသတ်ကြီး ဟားငါးကောင်လူရွှင်တော်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူရွှင်တော် တိုးကျော် ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။ ဟားငါးကောင်လူရွှင်တော် အဖွဲ့ဝင်တွေတစ်ဦးချင်းစီကတော့ တော်လှန်ရေးအတွက် နေရာပေါင်းစုံကနေ ကြိုးစားနေကြတာဖြစ်ပြီး တိုးကျော် လဲ အပါအဝင်ဖြစ်ပါတယ်။

တိုးကျော် ဟာ တော်လှန်ရေးမှာ ပြည်သူတွေအားလုံး သွေးမအေးသွားစေဖို့ အမြဲတမ်းလှုံ့ဆော်နေသူတစ်ဦး ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းလောက်က လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ လူရွှင်တော်တစ်ဦးဖြစ်တဲ့ လူရွှင်တော် အီကြာကွေး ဟာ တိုင်းပြည်အတွက်အသက်ပေးခဲ့ရပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး လူရွှင်တော် တိုးကျော် ကတော့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ” တစ်ချို့လူရွှင်တော်ကြီး ကမကလ ေ တွတစ်ချို့လူရွှင်တော်လတ် မအလ တွေတစ်ချို့လူရွှင်တော်ငယ်ကမကလ တွေထမင်းတလုပ်စားရဖို့ ပြည်သူကိုစော်ကားနေတဲ့အချိန်အညတရ လူရွှင်တော်လေးတယောက် တိုင်းပြည်အတွက်အသက်ပေးလိုက်ရရှာပြီ

ပြည်သူကကျွန်တော်တို့ရဲ့ထမင်းရှင်ပါလိုပြောတဲ့ လူရွှင်တော်လုပ်စားတဲ့စောက်ပေါတွေကိုဒဲ့ပြောသည်…”လို့ တိုးကျော် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။




