မြန်မာရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ “မီ”ဆိုတဲ့ ထူးခြားပြောင်မြောက်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းကြီးကို ပရိသတ်တွေ မှတ်မိကြအုန်းမယ် ထင်ပါတယ်နော်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသမီး ပိုင်ဖြိုးသုပါဝင်ပြီးတော့ နေတိုးနဲ့အတူ ကာရိုက်တာမိမိနဲ့ သရုပ်ဆောင်ထားတာဆိုရင်တော့ ပရိသတ်တွေအရမ်းကို ကြိုက်နှစ်သက်ခဲ့ရတဲ့အပြင် အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလဲ ဇနီးဖြစ်သူ ပိုင်ဖြိုးသုနဲ့အတူ ဆုတွေရရှိခဲ့ပါသေးတယ်။
ဒါရိုက်တာ ဏကြီး ကိုတော့ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားပြီး လက်ရှိမှာ ဇနီးဖြစ်သူနဲ့အတူ ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။ ဒါရိုက်တာ ဏကြီး ဟာ ရုပ်ရှင်ရိုက်ပြီး တော်လှန်နေတယ်ဆိုတဲ့အကြောင်းကို အခုလိုပဲ ရေးသားထားခဲ့ပါတယ်။ ” ကျွန်တော် စစ်မတိုက်တတ်ဘူး။ fundraising တွေလည်း မလုပ်တတ်ဘူး။ ကျွန်တော်က ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင်ပဲ ရိုက်တတ်ပါတယ်။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ပြီး တော်လှန်ပါတယ် ” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ဒါရိုက်တာ ဏကြီး နဲ့ ပိုင်ဖြိုးသု တို့ ဇနီးမောင်နှံ ရဲ့ တော်လှန်ရေးမှာ အစွမ်းကုန်ပါဝင်နေတဲ့ စိတ်ဓာတ်လေးကတော့ အရမ်းကိုလေးစားစရာကောင်းပါတယ်နော်။
ရုပ်ရှင်ရိုက်ပြီး တော်လှန်နေတာလို့ ရဲရဲဝင့်ဝင့် ပြောလိုက်တဲ့ ပိုင်ဖြိုးသု ရဲ့ ခင်ပွန်း ဒါရိုက်တာ ဏကြီး