ပရိသတ်ကြီးရေ ထူးအိမ်သင် ကိုတော့ အသံချိုချိုနဲ့သီချင်းကောင်းများစွာကို ကိုယ်ပိုင်ဟန်နဲ့ ရေးစပ်ခံစားသီဆိုနိုင်သူအဖြစ် ပရိတ်သတ်ကြီးတို့ ရင်ထဲမှာ စွဲမြဲသိရှိကြပါလိမ့်မယ်။ ကွယ်လွန်သွားခဲ့ပေမယ့် အားလုံးရဲ့ရင်ထဲမှာ ယနေ့အထိတိုင် သူ့ရဲ့သီချင်းတွေဟာ လူငယ်လူကြီးတွေကြား ပျံ့နှံ့နေဆဲပါပဲနော်။
ထူးအိမ်သင်မှာတော့ မိကွန်ထော ဆိုတဲ့ တစ်ဦးတည်းသော သမီးလေးတစ်ဦး ရှိပါတယ်။ သူမကတော့ ဖခင်ဖြစ်သူလို သီချင်းတွေမဆိုပေမယ့် ပညာရေးဘက်မှာတော့ အရမ်းကိုထူးချွန်ပါတယ်။ အနုပညာလမ်းကိုမလျှောက်လှမ်းတဲ့သူမကို ပရိသတ်တွေက ချစ်ခင်အားပေးလျက်ရှိပါတယ်။
ဒီကနေ့ ဇူလိုင် လ ၁ ရက်နေ့ကတော့ ပရိသတ်တွေအားလုံးချစ်ရတဲ့ အဆိုတော်ကြီး ထူးအိမ်သင် ရဲ့ ၅၉ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ ထူးအိမ်သင်ဟာ အရင်ခေတ်ပရိတ်သတ်တွေကြားထဲမှာကော အခုခေတ် ပရိတ်သတ်တွေရဲ့ ရင်ထဲမှာပါ သူချန်ရစ်ခဲ့တဲ့ အနုပညာတွေ စွဲထင်နေဆဲဖြစ်တဲ့ တေးသံရှင် တစ်ယောက်ဖြစ်ပါတယ်။
ထူးအိမ်သင် ဟာ လူသေသွားပေမယ့်လည်း နာမည်မသေခဲ့တဲ့ ကျော်ကြားတဲ့ အနုပညာရှင်စစ်စစ်ကြီးပဲဖြစ်ပါတယ်။ ထူးအိမ်သင် မွေးနေ့အမှတ်တရအနေနဲ့ ဦးငှက်သီချင်းလေးတွေရဲ့ စာသားလေးတစ်ကြောင်းလောက် ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။
သီချင်းတွေနဲ့ အမြဲတမ်းရှင်သန်နေတဲ့ အဆိုတော်ကြီး ဦးငှက် (သို့) ထူးအိမ်သင် ရဲ့ မွေးနေ့