Cele News

ချစ်ရတဲ့ပရိသတ်တွေအားလုံးကို အဝေးတစ်နေရာကနေ အရမ်းလွမ်းနေတဲ့ မင်းသမီး ဖွေးဖွေး

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီးချောလေး ဖွေးဖွေး ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တွေ အားလုံးသိကြမယ်ထင်ပါတယ်။

ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူမကို ပရိသတ်တွေက ချစ်စနိုးနဲ့ ဖွေးစိန် လို့ခေါ်ကြပါတယ်နော်။ သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားတိုင်းဟာ ပရိသတ်တွေကြားထဲမှာ နာမည်ကြီးအောင်မြင်ခဲ့ပြီးတော့ ဖွေးဖွေး ရဲ့သရုပ်ဆောင်ပိုင်နိုင်ချက်တွေကြောင့် အကယ်ဒမီဆုကြီးတွေကိုလဲ ဆွတ်ခူးရရှိခဲ့ပါတယ်။

မိုးကုတ်သူလေးဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေး ဟာအမှန်တရားကိုချစ်မြတ်နိုးသူလေးလဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေအပေါ်မှာ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်အာဏာသိမ်းခဲ့တာ အခုဆိုရင် ၁၁လကျော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်နော်။ ဒီလိုအခြေအနေတွေကြောင့် ဖေဖော်ဝါရီလမှစတင်ပြီး ရုပ်ရှင်ရုံတွေအားလုံးပိတ်ပစ်ခဲ့ပြီး အနုပညာလုပ်ငန်းအချို့ရပ်နားသွားခဲ့ပါတယ်။

အချို့အနုပညာရှင်တွေကတော့ အနုပညာလှုပ်ရှားမှု့တွေ လုံးဝမရှိတော့ပဲ ပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအနုပညာရှင်တွေထဲမှာ မင်းသမီးလေး ဖွေးဖွေး လဲအပါအဝင်ဖြစ်ခဲ့ပါတယ်။

အနုပညာလှုပ်ရှားမှု့တွေမရှိတော့တဲ့ ဖွေးဖွေး ဟာ ပရိသတ်တွေကို အရမ်းလွမ်းနေတယ်ဆိုတဲ့ အကြောင်းကို အခုလိုပဲရေးသားထားပါတယ်။ ” အားလုံးကို အရမ်းချစ် အရမ်းလွမ်းနေပါတယ် ” လို့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ကောမန့်မှတစ်ဆင့်ရေးသားထားတာ ကိုတွေ့ရပါတယ်။

သူမရဲ့ကောမန့်အောက်မှာတော့ ပရိသတ်တွေကလဲ အရမ်းလွမ်းနေတယ်ဆိုတဲ့အကြောင်းကို ရေးသားထားပြီးတော့ ဓာတ်ပုံလေးတွေကို အလွမ်းပြေတင်ပေးဖို့ တောင်းဆိုထားတာကိုလဲ တွေ့ရပါတယ်။

ကဲ …ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖွေးဖွေး ကတော့ သူမကိုချစ်တဲ့ပရိသတ်ကြီးကို အရမ်းကိုလွမ်းနေပါတယ်တဲ့။ ပရိသတ်ကြီးကလဲ ဖွေးစိန်လေးကို လွမ်းနေမယ်ထင်ပါတယ်နော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။








