Cele News

ပျော်ရွှင်စွာခရီးထွက်လို့ရမယ့်နေ့တွေ တဖြည်းဖြည်းနီးလာပြီဆိုတဲ့အကြောင်း ဝမ်းသာစွာ ပြောပြလိုက်တဲ့ ကိုပေါက်

ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားတွေကို အထာကျကျရိုက်ကူးနိုင်တဲ့အပြင် ဇာတ်ကားတွေထဲမှာလဲ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်နိုင်တဲ့ ဒါရိုက်တာလဲဖြစ် သရုပ်ဆောင်လဲဖြစ်တဲ့ ကိုပေါက်ကိုတော့ အားလုံးပဲချစ်ခင်နှစ်သက်ကြလိမ့်မယ် ထင်ပါတယ်။

ကိုပေါက် ဟာ ပြည်သူနဲ့အတူ ရပ်တည်ပြီး လမ်းမပေါ်ထွက်ခဲ့ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီးနောက် မိသားစုနဲ့ဝေးရာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေကနေ ပြည်သူတွေနဲ့ လူမူ့ကွန်ယက်ပေါ်မှတစ်ဆင့် အဆက်အသွယ်မပြတ်ရှိနေတာကြောင့် ချစ်တဲ့ပရိသတ်တွေ စိတ်အေးခဲ့ရပါတယ်။

ဒါရိုက်တာ ကိုပေါက် ဟာ လွတ်မြောက်နယ်မြေမှာ ကျရာတာဝန်တွေကို ထမ်းဆောင်နေပြီး အတူနေရဲဘော်တွေအတွက် တတ်ကျွမ်းတဲ့ ဟင်းချက်ပညာကို အသုံးချပြီး ကောင်းမွန်တဲ့ ဟင်းလျာလေးတွေကို တတ်နိုင်သလောက် ချက်ပြုတ်ကျွေးမွေးတတ်ပါသေးတယ်။

ကိုပေါက် ကတော့ ပျော်စရာနေ့ရက်တွေ တဖြည်းဖြည်း နီးလာပြီဖြစ်တဲ့အကြောင်း အခုလိုပဲ ရေးသားလာပါတယ်။ ” ကျနော်ကြိုက်တဲ့ ကန်းထရီးဒေါက် ကျနော်ကြိုက်တဲ့ 925 တွေဝတ်ပြီး အရင်ကလို မြန်မာပြည်အနှံ့ ခရီးထွက်ရမယ့်နေ့တွေ တဖြည်းဖြည်းနီးလာပြီဆိုတာ မြေပြင်အခြေအနေတွေက ပြောပြနေပါပြီ” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ဒါရိုက်တာ ကိုပေါက် ရဲ့ပိုစ်အောက်မှာတော့ ဝမ်းသာနေကြတဲ့ ချစ်တဲ့ပရိသတ်တွေရဲ့ ကောမန့်တွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ပျော်ရွှင်စရာနေ့ရက်တွေ အမြန်ဆုံး‌ရောက်ရှိနိုင်ပါစေလို့ မျှော်လင့်မိပါတယ်။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းသာယာပါစေ။

ေပ်ာ္႐ႊင္စြာခရီးထြက္လို႔ရမယ့္ေန႔ေတြ တျဖည္းျဖည္းနီးလာၿပီဆိုတဲ့အေၾကာင္း ဝမ္းသာစြာ ေျပာျပလိုက္တဲ့ ကိုေပါက္

ပရိသတ္ႀကီးေရ ႐ုပ္ရွင္ဇာတ္ကားေတြကို အထာက်က်႐ိုက္ကူးႏိုင္တဲ့အျပင္ ဇာတ္ကားေတြထဲမွာလဲ ကိုယ္တိုင္ပါဝင္သ႐ုပ္ေဆာင္ႏိုင္တဲ့ ဒါ႐ိုက္တာလဲျဖစ္ သ႐ုပ္ေဆာင္လဲျဖစ္တဲ့ ကိုေပါက္ကိုေတာ့ အားလုံးပဲခ်စ္ခင္ႏွစ္သက္ၾကလိမ့္မယ္ ထင္ပါတယ္။

ကိုေပါက္ ဟာ ျပည္သူနဲ႔အတူ ရပ္တည္ၿပီး လမ္းမေပၚထြက္ခဲ့ၿပီး ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံရၿပီးေနာက္ မိသားစုနဲ႔ေဝးရာ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမကေန ျပည္သူေတြနဲ႔ လူမူ႔ကြန္ယက္ေပၚမွတစ္ဆင့္ အဆက္အသြယ္မျပတ္ရွိေနတာေၾကာင့္ ခ်စ္တဲ့ပရိသတ္ေတြ စိတ္ေအးခဲ့ရပါတယ္။

ဒါ႐ိုက္တာ ကိုေပါက္ ဟာ လြတ္ေျမာက္နယ္ေျမမွာ က်ရာတာဝန္ေတြကို ထမ္းေဆာင္ေနၿပီး အတူေနရဲေဘာ္ေတြအတြက္ တတ္ကြၽမ္းတဲ့ ဟင္းခ်က္ပညာကို အသုံးခ်ၿပီး ေကာင္းမြန္တဲ့ ဟင္းလ်ာေလးေတြကို တတ္ႏိုင္သေလာက္ ခ်က္ျပဳတ္ေကြၽးေမြးတတ္ပါေသးတယ္။

ကိုေပါက္ ကေတာ့ ေပ်ာ္စရာေန႔ရက္ေတြ တျဖည္းျဖည္း နီးလာၿပီျဖစ္တဲ့အေၾကာင္း အခုလိုပဲ ေရးသားလာပါတယ္။ ” က်ေနာ္ႀကိဳက္တဲ့ ကန္းထရီးေဒါက္ က်ေနာ္ႀကိဳက္တဲ့ 925 ေတြဝတ္ၿပီး အရင္ကလို ျမန္မာျပည္အႏွံ႔ ခရီးထြက္ရမယ့္ေန႔ေတြ တျဖည္းျဖည္းနီးလာၿပီဆိုတာ ေျမျပင္အေျခအေနေတြက ေျပာျပေနပါၿပီ” လို႔ သူ႔ရဲ႕လူမူ႔ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။

ဒါ႐ိုက္တာ ကိုေပါက္ ရဲ႕ပိုစ္ေအာက္မွာေတာ့ ဝမ္းသာေနၾကတဲ့ ခ်စ္တဲ့ပရိသတ္ေတြရဲ႕ ေကာမန႔္ေတြကို ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္။ ေပ်ာ္႐ႊင္စရာေန႔ရက္ေတြ အျမန္ဆုံး‌ေရာက္ရွိႏိုင္ပါေစလို႔ ေမွ်ာ္လင့္မိပါတယ္။ ျမန္မာျပည္ႀကီး အျမန္ဆုံးၿငိမ္းခ်မ္းသာယာပါေစ။