နိုင်ငံကျော်မင်းသားကြီး ဦးကျော်သူ ကိုတော့ ပရဟိတသမားကြီးတစ်ဦးအဖြစ် တစ်နိုင်ငံလုံးမှာ မသိသူမရှိသလောက်ပါပဲ။ ဦးကျော်သူ ကိုတော့ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မိဘတွေကတော့ အဖ ဦးစိန်တင်နဲ့ အမိ ဒေါ်မေသန်းတို့ပဲဖြစ်ပါတယ်။ အမည်ရင်းကတော့ ကျော်ဝင်းဖြစ်ပါတယ်။
ငယ်စဥ်က အထက(၁) ဒဂုံမှာ ပညာသင်ကြားခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တဲ့ နောက်မှာတော့ ရန်ကုန်တက္ကသိုလ်မှာ ဆက်လက်ပညာသင်ကြားခဲ့ပါတယ်။ နောက်ဆုံးနှစ်ရောက်တဲ့အချိန်မှာတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ဖို့အတွက် ကျောင်းထွက်ခဲ့ပါတယ်။
တက္ကသိုလ် ကျောင်းသားဘဝ ၁၉၇၈ ခုနှစ်ဝန်းကျင်မှာတော့ ဇနီးဖြစ်လာမယ့် မမြင့်မြင့်ခင်ဖေနဲ့ တွေ့ဆုံခဲ့ပါတယ်၊၊ ဆေးဆွဲခဲ့ဖူးပြီး စာမေးပွဲ တဖုန်းဖုန်းကျနေတဲ့ ကိုကျော်သူ ကို ချစ်သူဖြစ်သူ မမြင့်မြင့်ခင်ဖေတို့ မိဘအသိုင်းအဝိုင်းက သဘောမတွေ့ခဲ့တာကြောင့် အသက် ၂၀ အရွယ်မှာ မမြင့်မြင့်ခင်ဖေ ခေါ် မရွှေဇီးကွက် ကို ခိုးပြေးခဲ့ပါတယ်။
အဲ့ဒီ့နောက်မှာတော့ ၁၉၈၁ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့မှာ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြပါတယ်။ ပြည်သိမ်းကျော်နဲ့ မြင့်မိုရ်ကျော်သူဆိုတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်နဲ့တွေ့ပြီး ကိုကျော်သူဟာ အနုပညာလောကထဲကို ရောက်ရှိလာခဲ့ပါတော့တယ်။
ရုပ်ရှင်လောကထဲကို ၁၉၈၄ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး အနုပညာသက်တမ်း နှစ် ၂၀ ကျော်အတွင်းမှာ ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်နဲ့ ဒါရိုက်တာအဖြစ် ရုပ်ရှင် ၆ ကားရိုက်ကူးခဲ့ပါတယ်။ ၁၉၈၀ နဲ့ ၉၀ ကြားကာလတွေကတော့ ဦးကျော်သူ ရဲ့ အအောင်မြင်ဆုံးကာလတွေဖြစ်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်က ရိုက်ကူးခဲ့တဲ့ “နေရာချင်းတော့ မလဲနိုင်ပါ” ဇာတ်ကားဟာဆိုရင် ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။
၁၉၉၄ ခုနှစ်မှာကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာတော့ တပြည်သူမရွှေထား ဇာတ်ကားနဲ့ အကယ်ဒမီရရှိခဲ့ပါတယ်။ ဒုတိယ အကယ်ဒမီဆုအနေနဲ့ ၂၀၀၃ ခုနှစ်မှာ အမေ့နို့ဖိုးဇာတ်ကားနဲ့ အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။ ဦးကျော်သူ ဟာ ပန်းချီပညာကိုလည်း မြတ်နိုးသူတစ်ယောက်ဖြစ်ပါတယ်။
ဝါသနာအလျောက် ပန်းချီကားတွေရေးဆွဲပြီး ပြပွဲတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ သူရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုတွေကို ပန်းချီကားတွေအဖြစ် ပြောင်းလဲဖန်တီးခဲ့တယ်။ အသက် ၅၀ ပြည့်မွေးနေ့၊ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့မှာတော့ သူ့ရဲ့အနုပညာလက်ရာတွေကို Kyaw Thu’s Art Zone တစ်ကိုယ်တော် ပန်းချီပြပွဲအဖြစ်နဲ့ သူ့ရဲ့နေအိမ်မှာ ခင်းကျင်းပြသခဲ့ပါတယ်။
ဦးကျော်သူဟာ သူ့ရဲ့ ထင်ပေါ်ကျော်ကြားမှုကို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဆင်းရဲဒုက္ခရောက်နေတဲ့ သူတေွကို ကူညီတဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်။ ဆင်းရဲသားလူတန်းစားတွေကို အခမဲ့နာရေးကူညီမှုပေးတဲ့ နာရေးကူညီမှု အသင်းကို ဆရာကြီးဦးသုခနဲ့ တွဲဖက်ပြီးတော့ ၂၀၀၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ တည်ထောင်ခဲ့ပါတယ်။
၂၀၀၈ ခုနှစ်အထိ ဒီအသင်းဟာ နာရေးကိစ္စပေါင်း ၅၀၀၀၀ ကျော်ကို ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ကနေ တိုးချဲ့ဖွင့်လှစ်တဲ့ သုခ ကုသိုလ်ဖြစ်ဆေးခန်းဟာ ဆိုရင်လည်း စေတနာ့ ဝန်ထမ်း ဆရာဝန် အယောက် ၄၀ ကျော်နဲ့ တစ်နေ့ကို လူနာ ၂၀၀ ဦးခန့် ကုသပေးလျှက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဦးကျော်သူကိုယ်တိုင် ဦးစီးပြီးတော့ လူငယ်တွေအတွက် အကျိုးရှိစေမယ့် စာကြည့်တိုက်တွေ၊ သင်တန်းတွေကိုလည်း စီစဥ်ဖွင့်လှစ်ပေးလျှက်ရှိပါတယ်။
အကယ္ဒမီဆုေတြမ်ားစြာ ရရွိခဲ့တဲ့ ႏိုင္ငံေက်ာ္ ပရဟိတမင္းသားႀကီး ဦးေက်ာ္သူ
ႏိုင္ငံေက်ာ္မင္းသားႀကီး ဦးေက်ာ္သူ ကိုေတာ့ ပရဟိတသမားႀကီးတစ္ဦးအျဖစ္ တစ္ႏိုင္ငံလုံးမွာ မသိသူမရွိသေလာက္ပါပဲ။ ဦးေက်ာ္သူ ကိုေတာ့ ၁၉၅၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၂ ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ မိဘေတြကေတာ့ အဖ ဦးစိန္တင္နဲ႔ အမိ ေဒၚေမသန္းတို႔ပဲျဖစ္ပါတယ္။ အမည္ရင္းကေတာ့ ေက်ာ္ဝင္းျဖစ္ပါတယ္။
ငယ္စဥ္က အထက(၁) ဒဂုံမွာ ပညာသင္ၾကားခဲ့ပါတယ္။ တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီး တဲ့ ေနာက္မွာေတာ့ ရန္ကုန္တကၠသိုလ္မွာ ဆက္လက္ပညာသင္ၾကားခဲ့ပါတယ္။ ေနာက္ဆုံးႏွစ္ေရာက္တဲ့အခ်ိန္မွာေတာ့ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ဖို႔အတြက္ ေက်ာင္းထြက္ခဲ့ပါတယ္။
တကၠသိုလ္ ေက်ာင္းသားဘဝ ၁၉၇၈ ခုႏွစ္ဝန္းက်င္မွာေတာ့ ဇနီးျဖစ္လာမယ့္ မျမင့္ျမင့္ခင္ေဖနဲ႔ ေတြ႕ဆုံခဲ့ပါတယ္၊၊ ေဆးဆြဲခဲ့ဖူးၿပီး စာေမးပြဲ တဖုန္းဖုန္းက်ေနတဲ့ ကိုေက်ာ္သူ ကို ခ်စ္သူျဖစ္သူ မျမင့္ျမင့္ခင္ေဖတို႔ မိဘအသိုင္းအဝိုင္းက သေဘာမေတြ႕ခဲ့တာေၾကာင့္ အသက္ ၂၀ အ႐ြယ္မွာ မျမင့္ျမင့္ခင္ေဖ ေခၚ မေ႐ႊဇီးကြက္ ကို ခိုးေျပးခဲ့ပါတယ္။
အဲ့ဒီ့ေနာက္မွာေတာ့ ၁၉၈၁ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ရက္ေန႔မွာ ႏွစ္ဦးသေဘာတူ လက္ထပ္ခဲ့ၾကပါတယ္။ ျပည္သိမ္းေက်ာ္နဲ႔ ျမင့္မိုရ္ေက်ာ္သူဆိုတဲ့ သားတစ္ေယာက္၊ သမီးတစ္ေယာက္ ထြန္းကားခဲ့ပါတယ္။ အိမ္ေထာင္က်ၿပီးတဲ့ေနာက္မွာ ဒါ႐ိုက္တာ ဦးမ်ိဳးျမင့္ေအာင္နဲ႔ေတြ႕ၿပီး ကိုေက်ာ္သူဟာ အႏုပညာေလာကထဲကို ေရာက္ရွိလာခဲ့ပါေတာ့တယ္။
႐ုပ္ရွင္ေလာကထဲကို ၁၉၈၄ ခုႏွစ္မွာ စတင္ဝင္ေရာက္ခဲ့ၿပီး အႏုပညာသက္တမ္း ႏွစ္ ၂၀ ေက်ာ္အတြင္းမွာ ႐ုပ္ရွင္ကားေပါင္း ၂၀၀ ေက်ာ္နဲ႔ ဒါ႐ိုက္တာအျဖစ္ ႐ုပ္ရွင္ ၆ ကား႐ိုက္ကူးခဲ့ပါတယ္။ ၁၉၈၀ နဲ႔ ၉၀ ၾကားကာလေတြကေတာ့ ဦးေက်ာ္သူ ရဲ႕ အေအာင္ျမင္ဆုံးကာလေတြျဖစ္ခဲ့ပါတယ္။ ၁၉၈၅ ခုႏွစ္က ႐ိုက္ကူးခဲ့တဲ့ “ေနရာခ်င္းေတာ့ မလဲႏိုင္ပါ” ဇာတ္ကားဟာဆိုရင္ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့ပါတယ္။
၁၉၉၄ ခုႏွစ္မွာက်င္းပတဲ့ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲအခမ္းအနားမွာေတာ့ တျပည္သူမေ႐ႊထား ဇာတ္ကားနဲ႔ အကယ္ဒမီရရွိခဲ့ပါတယ္။ ဒုတိယ အကယ္ဒမီဆုအေနနဲ႔ ၂၀၀၃ ခုႏွစ္မွာ အေမ့ႏို႔ဖိုးဇာတ္ကားနဲ႔ အေကာင္းဆုံးဒါ႐ိုက္တာဆုကို ရရွိခဲ့ပါတယ္။ ဦးေက်ာ္သူ ဟာ ပန္းခ်ီပညာကိုလည္း ျမတ္ႏိုးသူတစ္ေယာက္ျဖစ္ပါတယ္။
ဝါသနာအေလ်ာက္ ပန္းခ်ီကားေတြေရးဆြဲၿပီး ျပပြဲေတြလည္း ျပဳလုပ္ခဲ့ပါေသးတယ္။ သူရဲ႕ ဘဝတစ္ေလွ်ာက္ ႀကဳံေတြ႕ခဲ့ရတဲ့ ခံစားမႈေတြကို ပန္းခ်ီကားေတြအျဖစ္ ေျပာင္းလဲဖန္တီးခဲ့တယ္။ အသက္ ၅၀ ျပည့္ေမြးေန႔၊ ၂၀၀၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၂ရက္ေန႔မွာေတာ့ သူ႔ရဲ႕အႏုပညာလက္ရာေတြကို Kyaw Thu’s Art Zone တစ္ကိုယ္ေတာ္ ပန္းခ်ီျပပြဲအျဖစ္နဲ႔ သူ႔ရဲ႕ေနအိမ္မွာ ခင္းက်င္းျပသခဲ့ပါတယ္။
ဦးေက်ာ္သူဟာ သူ႔ရဲ႕ ထင္ေပၚေက်ာ္ၾကားမႈကို ရည္႐ြယ္ခ်က္ေကာင္းေကာင္းနဲ႔ ဆင္းရဲဒုကၡေရာက္ေနတဲ့ သူေတြကို ကူညီတဲ့ေနရာမွာ အသုံးျပဳခဲ့ပါတယ္။ ဆင္းရဲသားလူတန္းစားေတြကို အခမဲ့နာေရးကူညီမႈေပးတဲ့ နာေရးကူညီမႈ အသင္းကို ဆရာႀကီးဦးသုခနဲ႔ တြဲဖက္ၿပီးေတာ့ ၂၀၀၁ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွာ တည္ေထာင္ခဲ့ပါတယ္။
၂၀၀၈ ခုႏွစ္အထိ ဒီအသင္းဟာ နာေရးကိစၥေပါင္း ၅၀၀၀၀ ေက်ာ္ကို ကူညီေဆာင္႐ြက္ေပးခဲ့ပါတယ္။ နာေရးကူညီမႈအသင္း(ရန္ကုန္) ကေန တိုးခ်ဲ႕ဖြင့္လွစ္တဲ့ သုခ ကုသိုလ္ျဖစ္ေဆးခန္းဟာ ဆိုရင္လည္း ေစတနာ့ ဝန္ထမ္း ဆရာဝန္ အေယာက္ ၄၀ ေက်ာ္နဲ႔ တစ္ေန႔ကို လူနာ ၂၀၀ ဦးခန႔္ ကုသေပးလွ်က္ရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဦးေက်ာ္သူကိုယ္တိုင္ ဦးစီးၿပီးေတာ့ လူငယ္ေတြအတြက္ အက်ိဳးရွိေစမယ့္ စာၾကည့္တိုက္ေတြ၊ သင္တန္းေတြကိုလည္း စီစဥ္ဖြင့္လွစ္ေပးလွ်က္ရွိပါတယ္။