ပရိသတ်ကြီးရေ အွန်လိုင်းပေါ်မှတစ်ဆင့် နာမည်ကြီးလာခဲ့တဲ့ ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဝတ်ရည် ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်နော်။ သူမကတော့ ခွဲစိတ်ဆရာဝန်ဘဝမှာ CDM ပြုလုပ်ပြီး ပြည်သူတွေနဲ့တစ်သားထဲရပ်တည်ရင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့သူတစ်ဦးပါ။
ဒါကြောင့် ဒေါက်တာ မြဝတ်ရည် ကို ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားတာကြောင့် လွတ်မြောက်နယ်မြေတစ်နေရာမှာ ကိုယ်ဝန်ဆောင်ထားရင်းနဲ့ပဲ မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။
ဒေါက်တာ မြဝတ်ရည် ဟာ ဖမ်းဝရမ်းထုတ်ခံထားရလို့ ရှောင်တိမ်းရင်း လွတ်မြောက်နယ်မြေမှာပဲ ရင်သွေးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။ သူမသမီးလေးရဲ့ နာမည်ကို “မီယာ ” လို့အမည်မှဲ့ထားပြီးတော့ အခုချိန်မှာတော့ လပိုင်းအရွယ်ရောက်ရှိနေပါပြီနော်။
သမီးလေး မီယာ ကတော့ ဒေါက်တာ မြဝတ်ရည် နဲ့ လို့ပဲ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေကလဲ ချစ်ခင်နေကြပါတယ်နော်။ ဒေါက်တာ မြဝတ်ရည် တို့ မိသားစုလေး ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
မွေးကင်းစလေးထဲက တောထဲကို မိခင်နဲ့အတူတိမ်းရှောင်နေရတဲ့ ဒေါက်တာ မြဝတ်ရည် ရဲ့ သမီးလေး