ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော် ပိုးလေး ကိုတော့ ဟာသကိုကြိုက်နှစ်သက်သူတိုင်းသိလိမ့်မယ်လို့ထင်ပါတယ်။ ဟားငါးကောင်အဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။
လက်ရှိမှာ ဟားငါးကောင်အဖွဲ့ ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။
ဟားငါးကောင်အဖွဲ့ဝင် လူရွှင်တော် ပိုးလေး ဟာ တောထဲမှာပဲ လက်တွေ့ဆန်တဲ့ဘဝကို ပိုပြီးသဘောကျနေပါတယ်တဲ့။ သူရေးထားတာကတော့ “ရိုက်ကူးရေးမဟုတ်ဘူး တကယ်ဖြတ်သန်းလာခဲ့ရတာတွေ။ဘာပဲဖြစ်ဖြစ် ကျေနပ်တယ်။”လို့
သူ့ရဲ့တရားဝင် ကိုယ်ပိုင်အကောင့်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ဒါအပြင် ပိုးလေး ဟာ လက်ရှိအင်းစိန်ထောင်မှာ ချုပ်နှောင်ခံထားရတဲ့ အဆိုတော် ပိုပို နဲ့ နှစ်ယောက်တွဲ ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုလဲ ပရိသတ်တွေအတွက် တင်ပေးထားပါသေးတယ်။
ဟားငါးကောင် လူရွှင်တော်အဖွဲ့ဝင် ပိုးလေး ဟာ တစ်ချိန်က အဆိုတော်ပိုပိုနဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို ကြည့်ပြီးလွမ်းမိနေပါတယ်။ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံလေးကို ပရိသတ်ကြီးလဲ ကြည့်လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
အဆိုတော် ပိုပို နဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို ကြည့်ပြီးလွမ်းနေတဲ့ လူရွှင်တော် ပိုးလေး