R ဇာနည် ကတော့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီး သီချင်းကောင်းများစွာကို သီဆိုထားနိုင်တဲ့ အဆိုတော်ကြီး တစ်ဦးဖြစ်ပါတယ်။ ယောက်င်္ကျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မူ့ကို အဓိက ရရှိထားသူတစ်ဦးလဲဖြစ်ပါတယ်။
R ကြီး လို့ဆိုလိုက်ရင် မင်္ဂလာပါလို့ အသံပါဝါကောင်းကောင်းနဲ့ သံရှည်စွဲပြီး ပရိသတ်ကို နှုတ်ဆက်လိုက်တဲ့ အသံကြီးကို ပြေးမြင်မိမှာပါပဲနော်။
အဆိုတော် R ဇာနည် ဟာ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံထားရပြီး မိသားစုနဲ့အတူ ဘေးကင်းရာကို တိမ်းရှောင်နေရတာပါ။ ဒီလို တိမ်းရှောင်နေရတာကြောင့် ချစ်တဲ့ပရိသတ်တွေက စိတ်ပူနေရတာပဲ ဖြစ်ပါတယ်။
R ဇာနည် ကတော့ အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေ သိပ်မတင်ဖြစ်တော့ပဲ အရေးကြီးတဲ့ အကြောင်းအရာလောက်သာ တင်ပေးလေ့ရှိပါတယ်။ လွမ်းနေတဲ့ ပရိသတ်တွေအတွက်” ဘာမှမဟုတ်ဘူး မိသားစုအမှတ်တရပုံတင်တာ ကြည့်ရအောင် ” လို့ ဓာတ်ပုံလေးနဲ့အတူ တွဲတင်ထားတာကို တွေ့ရပါတယ်။
အဆိုတော် R ဇာနည် ကို လွမ်းနေတဲ့ ပရိသတ်ကြီးအတွက် မိသားစု ဓာတ်ပုံလေးကို ကြည့်ပြီး ကျေနပ်နိုင်ကြပါစေနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
လွမ်းနေတဲ့ ပရိသတ်တွေအတွက် အမှတ်တရ ဓာတ်ပုံတင်ပေးလိုက်တဲ့ ပြည်သူ့အချစ်တော်ကြီး R ဇာနည်