ဇာတ်ပို့သရုပ်ဆောင် အေဏီဇော်ဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေဆဲဖြစ်ပါတယ်နော်။
သရုပ်ဆောင် အေဏီဇော် ကတော့ ယောကျာ်းမရှိပဲ ကလေးတစ်ယောက် တိတ်တိတ်ပုန်းမွေးခဲ့တယ်လို့ စွပ်စွဲကြသူတွေကို အခုလိုပဲ ပြန်လည်ဖြေရှင်းလိုက်ပါတယ်။
လင်မယားခြင်း အကြောင်းမတိုက်ဆိုင်လို့ ကလေးငယ်ငယ်ကတည်းက ကွဲထားတာပါ။ ကလေးက ၁၃ နှစ်ရှိပါပြီ၊မိန်းကလေးပါ။ အချို့တွေက ကလေးရှိတာမသိဘူးလေ၊သမီးနဲ့လဲ မျက်နှာချင်းသိပ်မတူဖူး ၊သမီးလေးက တရုတ်မျက်နှာပေါက်လေးပါ။ ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အချိန်ခဏလေးနဲ့ကွဲခဲ့တာ ယူပြီးပြီးချင်း ကွဲခဲ့တာလို့လဲ ပြောလို့ရပါတယ်။
၂၀၀၈ မှာကလေးမွေးခဲ့ပြီး မိဘတွေကပဲ သူတို့သားအမိကို စောက်ရှောက်ခဲ့တာပါ။ M3 မှာ တရားဝင် မင်္ဂလာဆောင်ပြီး ယူထားခဲ့တာပါ။ Single Mother ဖြစ်ပေမယ့် စိတ်မအားငယ်ပါဘူး။အချို့တွေက အတင်းပြောကြတယ် တိတ်တိတ်ပုန်းယူထားကြတယ်ဆိုပြီး၊ အသိမိတ်ဆွေတွေကတော့ အကုန်လုံးဖြစ်ကြောင်းကုန်စင်ကို အားလုံးသိကြပါတယ်။
လင်မယားချင်း အဆင်မပြေကြတာကို အတင်းကြိတ်မှတ်မျိုသိပ်ပြီး ရှေ့မဆက်ချင်တော့လို့၊ ပြီးတော့ ကလေးကို စိတ်ဒဏ်ရာမရစေချင်လို့ လမ်းခွဲလိုက်တာပါ။ လက်ရှိဖြစ်တည်နေတဲ့ ဘဝကိုပဲ ပျော်တယ်၊အားမငယ်ပါဘူး။ ကလေးကိုချုပ်ချယ်ထားတာတော့မရှိဖူး အနည်းငယ်တော့ အလိုလိုက်ပေးပါတယ်။
ကလေးက မိန်းကလေးဖြစ်တဲ့အတွက် ပြီးတော့ ကလေးရှေ့ရေးအတွက် နောက်အိမ်ထောင်ပြုဖို့ မရှိတော့ပါဘူး။ အခုထိအားပေးတဲ့ ပရိသတ်ကြီးကိုလဲ ကျေးဇူးတင်ပါတယ်၊ ၂၀၂၂ မှာလဲ စိတ်၏ကျန်းမာခြင်း ကိုယ်ရဲ့ကျန်းမာခြင်းတို့ ပြည့်စုံကြပါစေ ကပ်ကြီးသုံးပါးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးထားပါတယ်။
သဘောထားမတိုက်ဆိုင်လို့ အချိန်ခဏလေးနဲ့ အိမ်ထောင်ရေးပြိုကွဲခဲ့ပြီး Single Mother ဖြစ်ခဲ့တဲ့ သရုပ်ဆောင် အေဏီဇော်