ပရိသတ်ကြီးရေ နိုင်ငံကျော်မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် ကိုတော့ မိန်းကလေးပရိသတ်အားလုံး ပြောစရာမလိုအောင် သိလိမ့်မယ်ထင်ပါတယ်။
ပိုင်တံခွန် ဆိုတာနဲ့ ဆယ်ကျော်သက်နူတ်ခမ်းနီမလေးတွေ နဲ့ အန်တီမမတို့ အသည်းစွဲချစ်ခင်ရတဲ့ မော်ဒယ်မင်းသားလေးတစ်ယောက်ပဲဖြစ်ပါတယ်။
ပိုင်တံခွန် ကတော့ ကမ္ဘာအရပ်ရပ်ကချစ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု့ကို ရရှိထားသူတစ်ဦးလဲ ဖြစ်ပါသေးတယ်နော်။
ပိုင်တံခွန် ဟာ ထူးဆန်းတဲ့တိရစ္ဆာန်လေးတွေကို မွေးရတာသဘောကျပြီး သူ့တို့ရဲ့ ချစ်ဖို့ကောင်းတဲ့ Video လေးတွေကို ပရိသတ်တွေ ကြည့်ရအောင် အမြဲတမ်းတင်ပေးနေတာကိုလဲ တွေ့ရပါတယ်။
ဒါအပြင် ခန္ဓာကိုယ်နေရာအနှံ့မှာလဲ တိရစ္ဆာန်ပေါင်းစုံရဲ့ တတ်တူးလေးတွေကို ထိုးထားတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ ပိုမိုချစ်ခင်အားပေးခြင်းကို ခံရပြန်ပါတယ်။
ပိုင်တံခွန် ဟာ ရင်တွင်းခံစားချက်လေးတစ်ချို့ကို ပရိသတ်တွေသိရအောင် ဖော်ထုတ်ရေးသားလိုက်ပါတယ်။
” အလင်းအတွက် ငိုခဲ့ရတဲ့ မျက်ရည်စက် . . .တစတစပေးဆပ်ရတဲ့ ပျော်ရွှင်မှု . . .အသက်နဲ့ လောင်းကြေးထပ်ရတဲ့ပါရမီဖြည့်ဖက် . . . လူတွေက ဒုက္ခတွင်းဝမှာ လမ်းလျှောက်တာပဲ မြင်ချင်ကြတာ”လို့ ရေးသားထားတာကို တွေ့ရပါတယ်။
အချို့လူတွေက ဒုက္ခတွင်းမှာ လမ်းလျှောက်နေတာကိုပဲ မြင်ချင်ကြတာလို့ ခံစားချက်တွေကိုပြောလိုက်တဲ့ ပိုင်တံခွန်