celebrity news

အမှန်တရားဘက်မှာ ရပ်တည်ခဲ့ပြီး လိပ်ပြာသန့်စွာ ရှေ့ဆက်နိုင်ခဲ့တယ်ဆိုတဲ့ CDM ဒေါက်တာ မြဝတ်ရည်

ပရိသတ်ကြီးရေ အွန်လိုင်းပေါ်မှာနာမည်ကြီးဆယ်လီတစ်ဦးဖြစ်တဲ့ ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဝတ်ရည် ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်နော်။ သူမကတော့ ခွဲစိတ်ဆရာဝန်ဘဝမှာ CDM ပြုလုပ်ပြီး ပြည်သူတွေနဲ့တစ်သားထည်းရပ်တည်ရင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့သူတစ်ဦးပါ။

ဒါကြောင့် ဒေါက်တာ မြဝတ်ရည် ကို ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားတာကြောင့် လွတ်မြောက်နယ်မြေတစ်နေရာမှာ ကိုယ်ဝန်ဆောင်ထားရင်းနဲ့ပဲ မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။ သူမဟာ ဖမ်းဝရမ်းထုတ်ခံထားရလို့ ရှောင်တိမ်းရင်း လွတ်မြောက်နယ်မြေမှာပဲ ရင်သွေးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီး လက်ရှိမှာ ၁၁ လ ပြည့်ဖို့ တစ်ပတ်ပဲလိုပါတော့တယ်။

ဒေါက်တာ မြဝတ်ရည် ဟာ သမီးလေးကြောင့် ဓမ္မဘက်မှာပဲရပ်တည်ပြီး လိပ်ပြာသန့်သန့်နဲ့ ရှေ့ဆက်နိုင်ခဲ့တယ်လို့ အခုလိုပဲရင်ဖွင့်လိုက်ပါတယ်။ ” တော်လှန်ရေးကာလတစ်လျှောက်လုံး အာဏာရှင်ကို ဆန့်ကျင်ခဲ့ရာမှာ ကိုယ့်လူတွေ ကျဆုံး ဆုံရှုံးရတိုင်း ကျတတ်လွန်းတဲ့ စိတ်တွေကို ပြန်ကောက်တင်ပြီး အားတင်းနေရတာ သမီးလေးကြောင့်ပါပဲ

သမီးလေးကြောင့် ဓမ္မဘက်မှာပဲ ရပ်တည်ပြီး လိပ်ပြာသန့်သန့်နဲ့ ရှေ့ဆက်နိုင်ခဲ့တာပါပဲ တစ်နေ့ကျရင်တော့ ခက်ခဲမှုတွေ အတွေ့အကြုံတွေ ပြောခွင့်ရချင်ပါသေးတယ် ” လို့သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ သူမဟာ သူမရဲ့လသားအရွယ်ရင်သွေးလေးကို ငဲ့နေရလို့ တော်လှန်ရေးအတွက် ပါဝင်ဆောင်ရွက်လို့မရတာကြောင့် အားနာမိတယ်လို့လဲ ခံစားချက်တွေကို ရင်ဖွင့်ထားပါသေးတယ်။

ပရိသတ်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ CDM ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဝတ်ရည် တို့မိသားစုအတွက် အားပေးစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။

အမွန္တရားဘက္မွာ ရပ္တည္ခဲ့ၿပီး လိပ္ျပာသန႔္စြာ ေရွ႕ဆက္ႏိုင္ခဲ့တယ္ဆိုတဲ့ CDM ေဒါက္တာ ျမဝတ္ရည္

ပရိသတ္ႀကီးေရ အြန္လိုင္းေပၚမွာနာမည္ႀကီးဆယ္လီတစ္ဦးျဖစ္တဲ့ ခြဲစိတ္အထူးကု ဆရာဝန္တစ္ဦးျဖစ္တဲ့ ေဒါက္တာ ျမဝတ္ရည္ ကိုေတာ့ လူတိုင္းသိၾကလိမ့္မယ္ထင္ပါတယ္ေနာ္။ သူမကေတာ့ ခြဲစိတ္ဆရာဝန္ဘဝမွာ CDM ျပဳလုပ္ၿပီး ျပည္သူေတြနဲ႔တစ္သားထည္းရပ္တည္ရင္း စစ္ေကာင္စီကို ဆန႔္က်င္ဆႏၵျပခဲ့သူတစ္ဦးပါ။

ဒါေၾကာင့္ ေဒါက္တာ ျမဝတ္ရည္ ကို ပုဒ္မ ၅၀၅ ကနဲ႔ တရားစြဲဆိုထားတာေၾကာင့္ လြတ္ေျမာက္နယ္ေျမတစ္ေနရာမွာ ကိုယ္ဝန္ေဆာင္ထားရင္းနဲ႔ပဲ မိသားစုနဲ႔အတူ တိမ္းေရွာင္ေနရပါတယ္။ သူမဟာ ဖမ္းဝရမ္းထုတ္ခံထားရလို႔ ေရွာင္တိမ္းရင္း လြတ္ေျမာက္နယ္ေျမမွာပဲ ရင္ေသြးငယ္ေလးကို ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ၿပီး လက္ရွိမွာ ၁၁ လ ျပည့္ဖို႔ တစ္ပတ္ပဲလိုပါေတာ့တယ္။

ေဒါက္တာ ျမဝတ္ရည္ ဟာ သမီးေလးေၾကာင့္ ဓမၼဘက္မွာပဲရပ္တည္ၿပီး လိပ္ျပာသန္႔သန္႔နဲ႔ ေရွ႕ဆက္ႏိုင္ခဲ့တယ္လို႔ အခုလိုပဲရင္ဖြင့္လိုက္ပါတယ္။ ” ေတာ္လွန္ေရးကာလတစ္ေလွ်ာက္လုံး အာဏာရွင္ကို ဆန္႔က်င္ခဲ့ရာမွာ ကိုယ့္လူေတြ က်ဆုံး ဆုံရႈံးရတိုင္း က်တတ္လြန္းတဲ့ စိတ္ေတြကို ျပန္ေကာက္တင္ၿပီး အားတင္းေနရတာ သမီးေလးေၾကာင့္ပါပဲ

သမီးေလးေၾကာင့္ ဓမၼဘက္မွာပဲ ရပ္တည္ၿပီး လိပ္ျပာသန္႔သန္႔နဲ႔ ေရွ႕ဆက္ႏိုင္ခဲ့တာပါပဲ တစ္ေန႔က်ရင္ေတာ့ ခက္ခဲမႈေတြ အေတြ႕အႀကဳံေတြ ေျပာခြင့္ရခ်င္ပါေသးတယ္ ” လို႔သူမရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ သူမဟာ သူမရဲ႕လသားအ႐ြယ္ရင္ေသြးေလးကို ငဲ့ေနရလို႔ ေတာ္လွန္ေရးအတြက္ ပါဝင္ေဆာင္႐ြက္လို႔မရတာေၾကာင့္ အားနာမိတယ္လို႔လဲ ခံစားခ်က္ေတြကို ရင္ဖြင့္ထားပါေသးတယ္။

ပရိသတ္ႀကီးေရ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ CDM ဆရာဝန္တစ္ဦးျဖစ္တဲ့ ေဒါက္တာ ျမဝတ္ရည္ တို႔မိသားစုအတြက္ အားေပးစကားေလးေတြ ေကာမန႔္မွာ ေရးသားသြားေပးခဲ့ပါအုန္းေနာ္။