ပုရိသတွေအသည်းစွဲ သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့ မြန်မာ့ရုပ်ရှင်လောကမှာ နေရာတစ်နေရာ ရရှိထားတဲ့ မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။ သူမကတော့ ဗီဒီယိုကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီးတော့ ပရိသတ်တွေရဲ့အားပေးမှု့ကို ရရှိထားတာပဲဖြစ်ပါတယ်။
ဒါအပြင် သူမရဲ့ ခပ်မိုက်မိုက်နဲ့ ဆက်ဆီဆန်ဆန် အသည်းယားဖွယ် ဆွဲဆောင်မှု့အားကောင်းတဲ့ ဓာတ်ပုံလေးတွေကို အမြဲမျှဝေလေ့ရှိတာကြောင့် ပုရိသတွေသည်းသည်းလှုပ် ချစ်ရတဲ့မင်းသမီးလေးပဲဖြစ်ပါတယ်။
မင်းသမီး သင်ဇာဝင့်ကျော် ကိုတော့ ဟိုက်ပါ ရေတံခွန်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေး အတွက် Documentary ရိုက်ကူးရန် ရှမ်းပြည်တိုးတတ်ရေးပါတီ၊ရှမ်းပြည်တပ်မတော် ကနေ ကမ်းလှမ်းခဲ့ပါတယ်။
ဇူလိုင်လ ၃ ရက်နေ့မှာ စတင်ရိုက်ကူးနေပြီး ရိုက်ကူးရေးကအပြန် မင်္ဂလာညစာစားပွဲတစ်ခုကို ရိုက်ကူးရေးလုပ်နေတဲ့ ဝတ်စုံနဲ့သာ အချိန်မှီတတ်ရောက်ခဲ့တာကြောင့် သတို့သား၊သတို့သမီးမိသားစုမှ ကျေးဇူးတင်စကားဆိုထားတာကိုလဲ တွေ့ရပါတယ်။
သင်ဇာဝင့်ကျော် ကတော့ SSPP/SSA ဘက်ကကမ်းလှမ်းချက်ကို လက်ခံပြီး ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေးမှတ်တမ်းကို ရိုက်ကူးပေးခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတိုးတတ်စေဖို့ပဲ ရည်ရွယ်တာဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်များမပါရှိပါဘူးလို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဘယ်ဒေသကိုမဆို ဖွံဖြိုးတိုးတတ်စေချင်တဲ့စိတ်နဲ့ အစီအစဉ်တစ်ခုကို လက်ခံရိုက်ကူးခဲ့တဲ့ သင်ဇာဝင့်ကျော်