ပရိသတ်ကြီးရေ မြန်မာရုပ်ရှင်လောကရဲ့ ဇာတ်ကားတွေကို ရိုက်ကူးဖန်တီးရတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ခဲ့တဲ့ သည်ခေတ်နေ ကိုတော့ အားလုံးပဲသိကြမှာပါနော်။ သည်ခေတ်နေ ဟာ အမှန်တရားကိုချစ်မြတ်နိုးသူပီပီ ပြည်သူတွေနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် စစ်ကောင်စီကနေ ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် လွတ်မြောက်နယ်မြေတစ်နေရာကို တိမ်းရှောင်နေခဲ့ရတာပါ။
သူ့ကိုတော့ ဖမ်းဝရမ်း ၂ ကြိမ်တိုင်တိုင်ထုတ်ခဲ့ပြီး ကံကောင်းစွာနဲ့ပဲ လွတ်မြောက်သွားခဲ့တာပါ။ တိမ်းရှောင်နေရင်းနဲ့ တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို ကြိုးစားထမ်းဆောင်နေတာကိုလဲ တွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ သည်ခေတ်နေ ဟာ တောထဲမှာ ၇ လနီးပါးဖြတ်သန်းပြီးနောက် နိုင်ငံရပ်ခြားကို ရောက်ရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးထားပါတယ်။
” ရန်ကုန်မှာ ၅၀၅ ဖမ်းဝရမ်း၂ကြိမ်ထုတ်ခံရပြီး ကျွန်တော်တောထဲကို ရောက်ခဲ့ပါတယ်။ (၇)လနီးပါးဖြတ်သန်းခဲ့ရတဲ့ တောထဲမှာ သေနတ်၃ကြိမ်ကိုင်ခဲ့ပြီးတဲ့နောက်ကျွန်တော်ဟာ လက်နက်ကိုင်တော်လှန်ရေးသမားသူရဲကောင်းတစ်ယောက် ဘယ်လိုမှမဖြစ်နိုင်မှန်း ကိုယ့်ကိုကိုယ်သဘောပေါက်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ကိုယ်ဟာ တော်လှန်ရေးရဲ့ဘယ်နေရာမှာအသုံးဝင်နိုင်မလဲဆိုတာကိုလည်း နားလည်လက်ခံခဲ့ပါတယ်။
ဥပမာ ပန်းချီဆရာတစ်ယောက်ရဲ့ စုတ်ချက်လေးတစ်ချက်ကနေတောင် ပန်းလေးတစ်ပွင့်(သို့မဟုတ်)သေနတ်တစ်လက်ဖြစ်ခဲ့သလိုပေါ့။ ကျွန်တော်တို့ချစ်တဲ့နိုင်ငံအတွက် လူယုတ်မာတွေကို အမြစ်ဖြုတ်မယ့်ပွဲမှာ ကျွန်တော်ဟာ အနည်းဆုံး ကျည်ဆံလေးတစ်တောင့်အဖြစ် အသုံးဝင်နိုင်အောင် တော့ ရောက်ရာအရပ်ကနေ အမြဲတမ်းကြိုးစားနေပါတယ်။
အာဏာရူးတွေကို အသုဘချပြီး ရက်လည်ဆွမ်းမသွပ်မချင်း တော်လှန်ရေးရဲ့ကျရာနေရာမှာ အမြဲတမ်းအသင့်ရှိနေပါ့မယ်။ ဓါတ်ပုံကတော့လူကိုလူကချစ်တဲ့ တိုင်းပြည်မှာ စစ်ခွေးတစ်သိုက်ကိုတစ်နေ့၃ခေါက်မေတ္တာပို့အမျှဝေပြီးမှ ရိုက်ထားတဲ့ပုံပါ”လို့ သူ့ရဲ့လူမှု့ကွန်ယက်ေပါ်မှာ ရေးသားထားတာကို တှေ့ရပါတယျ။
တော်လှန်ရေးအတွက် ရောက်ရှိတဲ့နေရာကနေ အမြဲတမ်းအသင့်ရှိနေမယ်လို့ ကတိပြုလိုက်တဲ့ သည်ခေတ်နေ