ဟားငါးကောင်အဖွဲ့ကို လူရွှင်တော် တိုင်းကျော်၊ပြည်ကျော်၊ပိုးလေး၊ဝိုင်းကျော်၊တိုးကျော် အစရှိတဲ့ လူရွှင်တော်ငါးဦးနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။
လက်ရှိမှာ ဟားငါးကောင်အဖွဲ့ ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။
ဟားငါးကောင်းအဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။
လူရွှင်တော် ပိုးလေး ကတော့ ခံစားချက်တွေကို သူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ အခုလိုပဲရေးသားလာခဲ့ပါတယ်။ “တောထဲရောက်ထဲက ကိုယ်ပိုင်အဝတ်အစားဆိုတာ မရှိခဲ့ဘူး။
ပြည်သူတွေ လှူပေးတာလေးတွေပဲ ဝတ်ရတာပေါ့ဗျာ” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ခက်ခဲတဲ့လွတ်မြောက်နယ်မြေမှာ အတူတကွ ရောက်ရှိနေတဲ့ ဟားငါးကောင် အဖွဲ့က တော့ ကျရာတာဝန်ကို ထမ်းဆောင်နေကြတာကြောင့် ပြည်သူတွေက ပိုမိုချစ်ခင်အားပေးကြရပါတယ်။
ပရိသတ်ကြီးရေ လူရွှင်တော် ပိုးလေး ကတော့ ဒီနေ့အချိန်ထိ ကိုယ်ပိုင်အဝတ်အစားဆိုတာ မရှိခဲ့ပါဘူးတဲ့၊ပြည်သူတွေပေးတဲ့ အဝတ်အစားတွေကိုပဲ ဝတ်နေရတာကြောင့် ပျော်နေမိတဲ့အကြောင်း ရေးသားထားတာပဲ ဖြစ်ပါတယ်။
တောထဲစရောက်ထဲက ကိုယ်ပိုင်အဝတ်အစားဆိုတာ မရှိလို့ ပြည်သူကပေးတာပဲ ဝတ်တယ်ဆိုတဲ့ လူရွှင်တော် ပိုးလေး