MRTV-4 ဇာတ်လမ်းတွဲတွေမှတစ်ဆင့် နာမည်ကြီးလူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် ဘုန်းဆက်သွင် ကို အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်နော်။ ပရိသတ်တွေ အားပေးမူ့ကို အများဆုံးရရှိခဲ့တဲ့ ကိုလူပျို ဇာတ်လမ်းတွဲ ကတော့ ဘုန်းဆက်သွင် ရဲ့ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်ဘုန်းဆက်သွင် ဟာ ဖေဖော်ဝါရီလ တစ်ရက်နေ့ကတည်းက စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ယနေ့အချိန်ထိ အားမလျော့သွေးမအေးသွားဘဲ အင်တိုက်အားတိုက်ရသလောက် ကြိုးစားပါဝင်နေသူပဲ ဖြစ်ပါတယ်..။ လက်ရှိမှာ ဘုန်းဆက်သွင် ဟာ ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရပေမယ့် ယုံကြည်ရာလမ်းကြောင်းကိုပဲ ဆက်လျှောက်နေတာပါ။
သရုပ်ဆောင် ဘုန်းဆက်သွင် ကတော့ တော်လှန်ရေးကြီးအောင်ပီးရင် လုပ်မယ့်အရာတွေကို ပြောပြလိုက်ပါတယ်။ “တော်လှန်ရေးကြီးအောင်ပီးရင် လိုက်စားသွားလည်ရမယ့်အိမ်တွေတက်ရမယ့်မင်္ဂလာပွဲတွေထိုင်ရှိခိုးပီး ကျေးဇူးတင်ကြောင်းတဖွဖွပြောရမဲ့ ကျေးဇူးရှင်တွေမျက်နှာချင်းဆိုင်တွေ့ပီးရင်ဘတ်ချင်းအပ်ရမဲ့သူတွေ
အခြားခြားသောနေရာ/လူတွေကျွန်တော် အဲဒီသွားစရိတ်လာစရိတ်တွေအကုန် တော့မရှိလောက်တော့အခု ကထဲက စရိတ်လေးတွေ မျှခံပေးဖို့ အခုထဲ က ပိုက်ဆံလေးတွေ ကြိုစုပေးထားကြပါခင်ဗျာ ကျွန်တော်ရောက်အောင်လာပါ့မယ် ချစ်တယ်ဗျ” လို့ရေးသားထားတာကို တွေ့ရပါတယ်။ ။ ဘုန်းဆက်သွင် ကတော့ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားမှာ ကိုယ်ကျိုးစွန့်နေသူတွေထဲက တစ်ယောက်ပါဖြစ်တာကြောင့် လေးစားစရာကောင်းလှပါတယ်။
ကဲ…ပရိသတ်ကြီးရေ သရုပ်ဆောင် ဘုန်းဆက်သွင် ရဲ့ လေးစားဖို့ကောင်းတဲ့ စိတ်ဓာတ်ကို ချီးကျူးစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။
တော်လှန်ရေးကြီးအောင်ရင် လုပ်ရမယ့်အရာတွေကို ပြောပြလိုက်တဲ့ သရုပ်ဆောင် ဘုန်းဆက်သွင်