ပရိသတ်ကြီးရေ မင်းမော်ကွန်း ကတော့ဆယ်စုနှစ်တစ်ခုကြာ ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ရိုက်ကူးခဲ့ပြီးတော့ အသက်အရွယ်ရလာသည့်ထိ အမြဲတမ်းနုပျိုနေတာကြောင့်ပရိသတ်တွေချစ်ခင်ရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။
ဒါအပြင် ပြည့်သူ့အချစ်တော် မင်းသား မင်းမော်ကွန်း ကတော့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့သူတစ်ယောက်ဖြစ်ပြီးတော့ ယခုလက်ရှိမှာလည်း ကိုယ်တိုင်လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီး အမှန်တရားအတွက်တိုက်ပွဲဝင်နေတာပဲဖြစ်ပါတယ်။
မင်းမော်ကွန်းနဲ့အတူ သူရဲ့ဇနီးအပါအဝင် သားအငယ်နှင့်အကြီး နှစ်ဦးလုံး လွတ်မြောက်နယ်မြေကို ရောက်ရှိနေပါတယ်။ ဒီနေ့မှာတော့ မင်းမော်ကွန်း ရဲ့ဇနီးဖြစ်သူကိုချီးမွမ်းစကားအချို့အွန်လိုင်းပေါ်မှာပျံ့နှံ့နေပါတယ်။ ဒီပျံ့နှံ့နေတဲ့စာပိုဒ်လေးကို မိတ်ကပ်မထက်က သဘောကျလွန်းလို့ သူမရဲ့ဖေ့ဘွတ်မှာ ရှဲလ်လုပ်ထားတာကိုလည်းတွေ့ရပါတယ်။
” ဘာမှ မမြင်ဘူး မင်းမော်ကွန်း မိန်းမ ပဲ မြင်တယ်…တစ်ကယ် အားကျတယ် ဆယ်တန်းအောင် နိုင်ငံခြားမှာ ကျောင်းတက်ခါနီး ခိုးမယ်ဆိုတော့လဲ နိုင်ငံခြားမသွားဘဲ ခိုးရာလိုက်တယ်…ယောက်ျားက တော်ရုံပွဲ လူရှုပ်လို့ဆိုပြီးငါမင်းသား မိန်းမ ဆိုပြီး လိုက်မနေဘူး…နောက်ပိုင်းမှ မင်းမော်ကွန်း မိန်းမဆိုတာ ကိုမြင်ရတာ ဒါတောင် သူက သိပ်ပြီး ဟိုဟာလုပ်ဒီဟာလုပ် လိုက်ပြောလေ့မရှိဘူး…
အခုလဲ အောင်မြင်နေတာ ပိုက်ဆံကော နာမည်ကောေကျာ်ကြားမှုကော ကို ပစ်ပြီး တောခိုမယ်ဆိုတော့လဲ အကိုရယ် မိသားစုရှေ့ရေးတို့ သားသမီးတွေရှိတယ်လေတို့ ငွေတွေ ကိစ္စ တို့ တစ်ခွန်း မပြောဘူး… တစ်ကိုယ်ကောင်းသမား ကျွန်မတို့တော့ မလိုက်နိုင်ဘူး တစ်ခွန်းမပြောဘူး…သားသမီးတွေမွေးထားပြီး လုပ်ချင်တာ လျောက်လုပ်နေတယ် တော်ပါတော့ အဆင်ပြေပြေ ပဲနေချင်တယ် တစ်ခွန်းမပြောဘူး…တစ်ကယ်ရှားတဲ့ သူလိုမိန်းမ…..” ဆိုပြီး ရေးသားထားပါတယ်။
ပရိသတ်ကြီးရေ မင်းမော်ကွန်း ရဲ့ချစ်လှစွာသော ဇနီးကိုတော့ မင်းမော်ကွန်းနဲ့ ထပ်တူပြည်သူတွေက ချစ်ခင်နေကြပါတယ်နော်။ ပါရမီဖြည့်ဘက်ဖြစ်တဲ့ မင်းမော်ကွန်း ရဲ့ဇနီးဖြစ်သူအတွက် ချီးမွမ်းစကားလေးတွေ ပြောခဲ့ကြပါအုန်း …။
မင်းသား မင်းမော်ကွန်း ရဲ့ဇနီးဖြစ်သူကိုချီးမွမ်းထားတဲ့စာလေး ကိုသဘောကျနေတဲ့ မိတ်ကပ် မထက်
အခုလဲ အောင်မြင်နေတာ ပိုက်ဆံကော နာမည်ကောကျော်ကြားမှုကော ကို ပစ်ပြီး တောခိုမယ်ဆိုတော့လဲ အကိုရယ် မိသားစုရှေ့ရေးတို့ သားသမီးတွေရှိတယ်လေတို့ ငွေတွေ ကိစ္စ တို့ တစ်ခွန်း မပြောဘူး… တစ်ကိုယ်ကောင်းသမား ကျွန်မတို့တော့ မလိုက်နိုင်ဘူး တစ်ခွန်းမပြောဘူး…သားသမီးတွေမွေးထားပြီး လုပ်ချင်တာ လျောက်လုပ်နေတယ် တော်ပါတော့ အဆင်ပြေပြေ ပဲနေချင်တယ် တစ်ခွန်းမပြောဘူး…တစ်ကယ်ရှားတဲ့ သူလိုမိန်းမ…..” ဆိုပြီး ရေးသားထားပါတယ်။