Cele News

ကိုယ်တိုင်ဖန်တီးထားတဲ့အရာတစ်ခုကို လက်တွေ့အကောင်အထည်ဖော်ခဲ့လို့ ကျေနပ်နေတဲ့ ကျားပေါက်

ပရိသတ်ကြီးရေ အဆိုတော် ကျားပေါက် ကတော့ ရော့ခ်သီချင်းတွေကို အများဆုံးသီဆိုသူတစ်ဦးဖြစ်ပြီး ယောက်ကျားလေးတွေရဲ့ အသည်းစွဲအဆိုတော်တစ်ဦးဖြစ်ပါတယ်။ ကျားပေါက် ဟာ ဝါရင့်အဆိုတော်ကြီး ရင်ဂို ရဲ့သားဖြစ်သူလဲ ဖြစ်ပါတယ်။

သီချင်းကောင်းများစွာကို ဖန်တီးသီဆိုနိုင်တဲ့အပြင် တူရိယာပေါင်းများစွာကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်ပြီး ဘက်စုံတော်တဲ့သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိအခြေအေနတွေကြောင့် ကျားပေါက် ဟာ သီချင်းဖန်တီးသီဆိုမှု့တွေ နည်းပါးသွားပေမယ့် doodle art တွေရေးဆွဲလျှက်ရှိပါတယ်။

သူ့ရဲ့ Ukulele မှာဖန်တီးရေးဆွဲထားတဲ့ doodle art ကိုလေလံတင်ရောင်းချခဲ့တာဆိုရင် ကမ္ဘာအဆင့်စျေးအကြီးဆုံး Ukulele အဖြစ်စံချိန်တင်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ သူကိုယ်တိုင်ဖန်တီးထားတဲ့ Doodle Art တွေကို သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တတ်တူးအဖြစ် ရေးဆွဲခဲ့တာကြောင့် ပျော်ရွှင်စိတ်လှုပ်ရှားနေကြောင်းကို

” Tattoo design ဆွဲရတာ အင်မတန် challenging ဖြစ်ပြီး ပျော်ဖို့လဲတော်တော်ကောင်းပါတယ်။ Doodle အလွတ်ဆွဲရင် သေးသေးလေးတွေ အနုစိတ်ဆွဲလို့ရပေမယ့် အရေပြားပေါ်ကြတော့ နာမှာစိုးလို့ တွက်ပြီးဆွဲရတာ တစ်ခု Tattoo ဆရာ မျက်စိမှုန်သွားမှာလား ၊

ထိုးရင်းတန်းလန်း ငါ့များကျိန်ဆဲနေပြီလား စိုးရိမိရတာ တစ်ခု ထိုးပြီးသွားတဲ့ အချိန် ကြည့်ပြီးပျော်ရတာတော့ ဘာနဲ့မှမတူ Thanks for your skin I’ll upload more photos soon” လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ကိုယ္တိုင္ဖန္တီးထားတဲ့အရာတစ္ခုကို လက္ေတြ႕အေကာင္အထည္ေဖာ္ခဲ့လို႔ ေက်နပ္ေနတဲ့ က်ားေပါက္

ပရိသတ္ႀကီးေရ အဆိုေတာ္ က်ားေပါက္ ကေတာ့ ေရာ့ခ္သီခ်င္းေတြကို အမ်ားဆုံးသီဆိုသူတစ္ဦးျဖစ္ၿပီး ေယာက္က်ားေလးေတြရဲ႕ အသည္းစြဲအဆိုေတာ္တစ္ဦးျဖစ္ပါတယ္။ က်ားေပါက္ ဟာ ဝါရင့္အဆိုေတာ္ႀကီး ရင္ဂို ရဲ႕သားျဖစ္သူလဲ ျဖစ္ပါတယ္။

သီခ်င္းေကာင္းမ်ားစြာကို ဖန္တီးသီဆိုႏိုင္တဲ့အျပင္ တူရိယာေပါင္းမ်ားစြာကို ကြၽမ္းကြၽမ္းက်င္က်င္ တီးခတ္ႏိုင္ၿပီး ဘက္စုံေတာ္တဲ့သူတစ္ဦးျဖစ္ပါတယ္။ လက္ရွိအေျခေအနေတြေၾကာင့္ က်ားေပါက္ ဟာ သီခ်င္းဖန္တီးသီဆိုမႈ႕ေတြ နည္းပါးသြားေပမယ့္ doodle art ေတြေရးဆြဲလွ်က္ရွိပါတယ္။

သူ႔ရဲ႕ Ukulele မွာဖန္တီးေရးဆြဲထားတဲ့ doodle art ကိုေလလံတင္ေရာင္းခ်ခဲ့တာဆိုရင္ ကမာၻအဆင့္ေစ်းအႀကီးဆုံး Ukulele အျဖစ္စံခ်ိန္တင္ခဲ့ပါတယ္။ ဒီကေန႔မွာေတာ့ သူကိုယ္တိုင္ဖန္တီးထားတဲ့ Doodle Art ေတြကို သူ႔ရဲ႕ ခႏၶာကိုယ္ေပၚမွာ တတ္တူးအျဖစ္ ေရးဆြဲခဲ့တာေၾကာင့္ ေပ်ာ္႐ႊင္စိတ္လႈပ္ရွားေနေၾကာင္းကို

” Tattoo design ဆြဲရတာ အင္မတန္ challenging ျဖစ္ၿပီး ေပ်ာ္ဖို႔လဲေတာ္ေတာ္ေကာင္းပါတယ္။ Doodle အလြတ္ဆြဲရင္ ေသးေသးေလးေတြ အႏုစိတ္ဆြဲလို႔ရေပမယ့္ အေရျပားေပၚၾကေတာ့ နာမွာစိုးလို႔ တြက္ၿပီးဆြဲရတာ တစ္ခု Tattoo ဆရာ မ်က္စိမႈန္သြားမွာလား ၊

ထိုးရင္းတန္းလန္း ငါ့မ်ားက်ိန္ဆဲေနၿပီလား စိုးရိမိရတာ တစ္ခု ထိုးၿပီးသြားတဲ့ အခ်ိန္ ၾကည့္ၿပီးေပ်ာ္ရတာေတာ့ ဘာနဲ႔မွမတူ Thanks for your skin I’ll upload more photos soon” လို႔ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။