Cele News

သူငယ်ချင်းမို့ ယုံကြည်ပြီးငွေချေးခဲ့ပေမယ့် အလိမ်ခံလိုက်ရတာကြောင့် သင်ခန်းစာရခဲ့တဲ့ Project K အဖွဲ့ဝင် ချမ်းမြေ့ဦး

အဖွဲ့ဝင်ခပ်ချောချောကောင်လေး ၇ ယောက်နဲ့ ဖွဲ့စည်းထားပြီး အောင်မြင်ကျော်ကြားတဲ့အကအဖွဲ့တစ်ခုအနေနဲ့ မိန်းကလေးပရိသတ်တွေကြား ရပ်တည်ထားတဲ့ Project K အဖွဲ့ကိုတော့ အားလုံးပဲသိကြမှာပါနော်။

Project K အဖွဲ့ကတော့ နိုင်ငံတကာထိ အကတွေကိုသွားရောက် ယျဥ်ပြိုင်ခဲ့ပြီး အောင်မြင်ခဲ့တဲ့အဖွဲ့တစ်ခုဖြစ်ပြီး မိန်းကလေးပရိသတ်တွေ အသည်းစွဲကြိုက်နှစ်သက်ကြတဲ့ အဖွဲ့တစ်ခုလဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ Project K အဖွဲ့သားတစ်ဦးဖြစ်တဲ့ ချမ်းမြေ့ဦး ကတော့ အဖွဲ့ဝင်တစ်ဦးလဲဖြစ် သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ Morris တို့ ဇနီးမောင်နှံရဲ့ ငွေကြေးပေါင်း သိန်း ၄၀၀ ကျော် အလိမ်ခံလိုက်ရတဲ့အကြောင်းကို ပရိသတ်တွေကိုအသိပေးထားပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ချမ်းမြေ့ဦး ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ “ဘယ်သူထင်မှာလဲ ကိုယ့်သူငယ်ချင်းအရင်းကြီးတစ်ယောက်က ဒီလိုမျိုးလိမ်ပြီးထွက်ပြေးသွားလိမ့်မယ်ဆိုတာကို ထိုင်းကိုရောက်ပြီးနောက်ပိုင်းမှာ မိဘဆီကနေလဲ လက်ဖြန့်မတောင်းချင်လို့ ကျွန်တော့်ကားလေးရောင်းပြီး ကျွန်တော့်ဟာကျွန်တော် အေးအေးချမ်းချမ်းနဲ့အလုပ်လုပ်နေတာပါ ။

တစ်ခုသိစေချင်တာက ကျွန်တော်ငွေတိုးချေးစားသူမဟုတ်ပါဘူး ။ ငွေလေးခဏလွှဲပေးထားပါ ။ မနက်ဖြန် ချက်ချင်းပြန်ထည့်ပေးပါ့မယ်ဆိုလို့ သူငယ်ချင်းရဲ့ အမျိုးသမီးဖြစ်နေတာကော မိဘတွေလဲ ကောင်းကောင်းမွန်မွန်ထဲကလို့ ထင်ခဲ့မိတဲ့အတွက် ယုံကြည်စွာနဲ့ပဲ ငွေလွှဲပေးလိုက်တာပါ ။ နောက်ရက်ကျတော့ အကြောင်းပြချက်မျိုးစုံတွေပေးပြီး ငွေပြန်မလွှဲပေးတော့ပါဘူး ။ နောက်ရက် သူ့အမေ ( Hnin Inzali ရဲ့မိခင် ) ဖုန်းဆက်ပြီး ဆက်လိမ်တယ် ။

ဟုတ်ပါတယ် ကျွန်တော့်ငွေ သိန်း ၄၀၀ ကျော် အလိမ်ခံလိုက်ရတာပါ ။ ကျွန်တော်ဒီ post တင်ရခြင်းက ကျွန်တော့်ငွေပြန်ရဖို့ထက်စာရင် နောက်လူတွေ ဆက်အလိမ်မခံရအောင်ပါ ။ ရလိုက်တဲ့သင်ခန်းစာကတော့ ဘယ်လောက်ကြီးပဲရင်းနီးနေပါစေ ၊ အလှူအတန်းနဲ့ ဘုရားတရားတွေလုပ်နေပါစေ ၊ ဆွေကြီးမျိုးကြီးထဲကဖြစ်နေပါစေ မယုံကြည်ဖို့ပါပဲ ။ ခဏတာလိမ်လို့ရလိုက်တဲ့ငွေတွေနဲ့ ဘယ်လောက်ကြာကြာစားလို့ရမှာလဲ?

တစ်သက်တာလုပ်စားလို့မရတော့တဲ့ မင်းရဲ့ဘဝခရီး သာယာဖြောင့်ဖြူးပါစေ သူငယ်ချင်းစာကြွင်း : အဖွဲ့သားတွေအားလုံးဆီကငွေတွေပါအလိမ်ခံလိုက်ရတာပါနော် ။ အဲ့ထဲကမှ ကျွန်တော်က အများဆုံးအလိမ်ခံလိုက်ရတာပါ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

သူငယ္ခ်င္းမို႔ ယုံၾကည္ၿပီးေငြေခ်းခဲ့ေပမယ့္ အလိမ္ခံလိုက္ရတာေၾကာင့္ သင္ခန္းစာရခဲ့တဲ့ Project K အဖြဲ႕ဝင္ ခ်မ္းေျမ့ဦး

အဖြဲ႕ဝင္ခပ္ေခ်ာေခ်ာေကာင္ေလး ၇ ေယာက္နဲ႔ ဖြဲ႕စည္းထားၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့အကအဖြဲ႕တစ္ခုအေနနဲ႔ မိန္းကေလးပရိသတ္ေတြၾကား ရပ္တည္ထားတဲ့ Project K အဖြဲ႕ကိုေတာ့ အားလုံးပဲသိၾကမွာပါေနာ္။

Project K အဖြဲ႕ကေတာ့ ႏိုင္ငံတကာထိ အကေတြကိုသြားေရာက္ ယ်ဥ္ၿပိဳင္ခဲ့ၿပီး ေအာင္ျမင္ခဲ့တဲ့အဖြဲ႕တစ္ခုျဖစ္ၿပီး မိန္းကေလးပရိသတ္ေတြ အသည္းစြဲႀကိဳက္ႏွစ္သက္ၾကတဲ့ အဖြဲ႕တစ္ခုလဲျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ Project K အဖြဲ႕သားတစ္ဦးျဖစ္တဲ့ ခ်မ္းေျမ့ဦး ကေတာ့ အဖြဲ႕ဝင္တစ္ဦးလဲျဖစ္ သူငယ္ခ်င္းအရင္းႀကီးျဖစ္တဲ့ Morris တို႔ ဇနီးေမာင္ႏွံရဲ႕ ေငြေၾကးေပါင္း သိန္း ၄၀၀ ေက်ာ္ အလိမ္ခံလိုက္ရတဲ့အေၾကာင္းကို ပရိသတ္ေတြကိုအသိေပးထားပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ခ်မ္းေျမ့ဦး ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ “ဘယ္သူထင္မွာလဲ ကိုယ့္သူငယ္ခ်င္းအရင္းႀကီးတစ္ေယာက္က ဒီလိုမ်ိဳးလိမ္ၿပီးထြက္ေျပးသြားလိမ့္မယ္ဆိုတာကို ထိုင္းကိုေရာက္ၿပီးေနာက္ပိုင္းမွာ မိဘဆီကေနလဲ လက္ျဖန္႔မေတာင္းခ်င္လို႔ ကြၽန္ေတာ့္ကားေလးေရာင္းၿပီး ကြၽန္ေတာ့္ဟာကြၽန္ေတာ္ ေအးေအးခ်မ္းခ်မ္းနဲ႔အလုပ္လုပ္ေနတာပါ ။

တစ္ခုသိေစခ်င္တာက ကြၽန္ေတာ္ေငြတိုးေခ်းစားသူမဟုတ္ပါဘူး ။ ေငြေလးခဏလႊဲေပးထားပါ ။ မနက္ျဖန္ ခ်က္ခ်င္းျပန္ထည့္ေပးပါ့မယ္ဆိုလို႔ သူငယ္ခ်င္းရဲ႕ အမ်ိဳးသမီးျဖစ္ေနတာေကာ မိဘေတြလဲ ေကာင္းေကာင္းမြန္မြန္ထဲကလို႔ ထင္ခဲ့မိတဲ့အတြက္ ယုံၾကည္စြာနဲ႔ပဲ ေငြလႊဲေပးလိုက္တာပါ ။ ေနာက္ရက္က်ေတာ့ အေၾကာင္းျပခ်က္မ်ိဳးစုံေတြေပးၿပီး ေငြျပန္မလႊဲေပးေတာ့ပါဘူး ။ ေနာက္ရက္ သူ႔အေမ ( Hnin Inzali ရဲ႕မိခင္ ) ဖုန္းဆက္ၿပီး ဆက္လိမ္တယ္ ။

ဟုတ္ပါတယ္ ကြၽန္ေတာ့္ေငြ သိန္း ၄၀၀ ေက်ာ္ အလိမ္ခံလိုက္ရတာပါ ။ ကြၽန္ေတာ္ဒီ post တင္ရျခင္းက ကြၽန္ေတာ့္ေငြျပန္ရဖို႔ထက္စာရင္ ေနာက္လူေတြ ဆက္အလိမ္မခံရေအာင္ပါ ။ ရလိုက္တဲ့သင္ခန္းစာကေတာ့ ဘယ္ေလာက္ႀကီးပဲရင္းနီးေနပါေစ ၊ အလႉအတန္းနဲ႔ ဘုရားတရားေတြလုပ္ေနပါေစ ၊ ေဆြႀကီးမ်ိဳးႀကီးထဲကျဖစ္ေနပါေစ မယုံၾကည္ဖို႔ပါပဲ ။ ခဏတာလိမ္လို႔ရလိုက္တဲ့ေငြေတြနဲ႔ ဘယ္ေလာက္ၾကာၾကာစားလို႔ရမွာလဲ?

တစ္သက္တာလုပ္စားလို႔မရေတာ့တဲ့ မင္းရဲ႕ဘဝခရီး သာယာေျဖာင့္ျဖဴးပါေစ သူငယ္ခ်င္းစာႂကြင္း : အဖြဲ႕သားေတြအားလုံးဆီကေငြေတြပါအလိမ္ခံလိုက္ရတာပါေနာ္ ။ အဲ့ထဲကမွ ကြၽန္ေတာ္က အမ်ားဆုံးအလိမ္ခံလိုက္ရတာပါ” လို႔ ေရးသားထားတာကို ေတြ႕ရပါတယ္။