ပရိသတ်ကြီးရေ ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင် ပျက်လုံးတွေနဲ့ တင်ဆက်နေတဲ့ ဟားငါးကောင်အငြိမ့်အဖွဲ့ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။
ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အာဏာစသိမ်းတဲ့အချိန်ကစပြီး အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ အစောဆုံးရပ်တည်ခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။
ဟားငါးကောင်အဖွဲ့ကို တိုင်းကျော်၊ပြည်ကျော်၊ဝိုင်းကျော်၊ပိုးလေး၊တိုးကျော် အစရှိတဲ့အဖွဲ့ဝင်ငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။
အမှန်တရားဘက်တော်သားတွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ တတ်ညီလက်ညီနဲ့ အာဏာရှင်ကိုတွန်းလှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အငြိမ့်ဇာတ်ခုံမှာ ကပြဖျော်ဖြေရုံတင်မက ရုပ်ရှင်ဇာတ်ကားတွေထဲမှာလဲ ဟာသသရုပ်ဆောင်မနေနဲ့ သရုပ်ဆောင်ကြပါသေးတယ်နော်။
ဟာသရုပ်ဆောင်အဖြစ်သရုပ်ဆောင်ရာမှာလဲ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဖွဲ့တစ်ခုလဲ ဖြစ်ပါတယ်။
ဟားငါးကောင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူရွှင်တော် တိုင်းကျော် ကတော့ ပြည်သူ့ကပေးတဲ့ မေတ္တာရောင်ပြန်လေးကို ပြသလိုက်ပါတယ်။
“ဘာပြောရမှန်းမသိတော့ဘူး”ဆိုတဲ့စာသားလေးနဲ့အတူ ဓာတ်ပုံလေးတွေကိုပါ မျှဝေထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ မိသားစုနဲ့ခွဲခွာပြီး ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ဟားငါးကောင်အဖွဲ့အတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှာရေးပေးခဲ့ပါအုန်းနော်။
အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ပြည်သူ့ကပေးတဲ့ မေတ္တာရောင်ပြန်လေးတွေကို ပြသလိုက်တဲ့ ဟားငါးကောင် လူရွှင်တော် တိုင်းကျော်