ပရိသတ်ကြီးရေ ၁၉၆၉ ခုနှစ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ လူကြမ်းသရုပ်ဆောင် စိုင်းအောင်တင့် ကို မှတ်မိကြသေးလား။ မိန်းကလေး များက ရွံ့မုန်းကြပြီး အမျိုးသမီးကြီး များကတော့ အမြင်ကတ်ကြပါတယ်။ ယောကျာ်းလေးများ အချင်းချင်းတောင် သူနဲ့ခိုင်းနှိုင်း စနောက်ကြပါက ခါးခါးသီးသီး စိတ်ဆိုးတတ်ကြပါတယ်။
အကြောင်းရင်းကတော့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ အဆီတဝင်းဝင်း မျက်နှာထားနဲ့ ဗီလိန်အိုက်တင်၊မုဒိန်းကောင်အိုက်တင်တွေကိုအများဆုံးသရုပ်ဆောင်ရတာကြောင့်ပဲ ဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်ကြီး ဦးစိုင်းအောင့်တင့် ဟာ ပရိသတ်တွေက နှာဘူးကြီး၊ကြာကူလီကြီးလို့ ခေါ်နေကြပေမယ့် ဗီလိန်သရုပ်ဆောင်အဖြစ် သရုပ်ဆောင်ရတာ ပျော်နေဆဲပါပဲတဲ့။
ဦးစိုင်းကို မိန်းကလေးပရိသတ်တွေက နာမည်အရင်းတောင်မသိတော့ပဲ “နှာဘူးကြီး” “ကြာကူလီ” လို့ပဲ ခေါ်ကြတော့တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောပြထားပါတယ်။ အချို့နယ်က မိန်းကလေးပရိသတ်တွေဆို အနားတောင်မကပ်ရဲကြဖူးလို့ ဆိုပါတယ်။ ပရိသတ်တွေကမြင်တာနဲ့ ရွှံမုန်းတဲ့ မျက်လုံးတွေနဲ့ အကြည့်ခံရတာကြောင့် ရင်ထဲမှာ ခံစားရဖူးပေမယ့် သရုပ်ဆောင်ချက် ပီပြင်တဲ့အတွက် ဒီလိုအထင်ခံရတာ ကျေနပ်ပါတယ်လို့ ဆိုပါတယ်။
ဦးစိုင်းအောင်တင့် ဟာ ဒီလိုဇာတ်ရုပ်တွေကို သရုပ်ဆောင်ရတဲ့အတွက် သားသမီးတွေအပေါ်မှာလဲ “မင်းအဖေက ကြာကူလီကြီးပါကွာ” လို့အပြောခံရဖူးတဲ့အထိ သက်ရောက်မူ့ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ဦးစိုင်းအောင်တင့် ဟာ အနုပညာအလုပ်တွေကို နားထားတာ ၂ နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။ အားကိုးရတဲ့ သားသုံးယောက်ရှိပြီး ဒီသားတွေကပဲ အလုပ်မရှိတဲ့အချိန်မှာ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးနေပါတယ်။
သားတွေက အနုပညာအလုပ်ကို အသက်ကြီးလာလို့ နားခိုင်းပေမယ့် အနုပညာကို လုပ်နေရရင်ပျော်နေတတ်သူဖြစ်ပြီး ဇာတ်ပို့ဇာတ်ရန်အလွှာက မိတ်ဆွေတွေကို မတွေ့ရရင် မနေနိုင်သူပါဖြစ်တာကြောင့် ဇာတ်ကားတွေပြန်ရိုက်ချင်ပါတယ်တဲ့။ ၂၀၁၅ တုန်းက ဆီးချိုရောဂါဖြစ်ခဲ့ဖူးပြီး ညာဘက်မျက်လုံးထိခိုက်ခဲ့ပေမဘ့် ကံကောင်းလို့မျက်စိမကွယ်ခဲ့တာပါ။ ဦးစိုင်းအောင်တင့် ဟာ လက်ရှိမှာတော့ ကျန်းမာရေးကောင်းအောင်လို့ပဲ အမြဲဆုတောင်းနေပါတယ်တဲ့။
ပရိသတ္မုန္းေပမယ့္ ဗီလိန္ဇာတ္႐ုပ္ေတြကို သ႐ုပ္ေဆာင္ေနရတာကို ေပ်ာ္ေနဆဲပဲဆိုတဲ့ သ႐ုပ္ေဆာင္ စိုင္းေအာင္တင့္
ပရိသတ္ႀကီးေရ ၁၉၆၉ ခုႏွစ္ကတည္းက အႏုပညာေလာကကို ဝင္ေရာက္ခဲ့တဲ့ လူၾကမ္းသ႐ုပ္ေဆာင္ စိုင္းေအာင္တင့္ ကို မွတ္မိၾကေသးလား။ မိန္းကေလး မ်ားက ႐ြံ႕မုန္းၾကၿပီး အမ်ိဳးသမီးႀကီး မ်ားကေတာ့ အျမင္ကတ္ၾကပါတယ္။ ေယာက်ာ္းေလးမ်ား အခ်င္းခ်င္းေတာင္ သူနဲ႔ခိုင္းႏႈိင္း စေနာက္ၾကပါက ခါးခါးသီးသီး စိတ္ဆိုးတတ္ၾကပါတယ္။
အေၾကာင္းရင္းကေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ အဆီတဝင္းဝင္း မ်က္ႏွာထားနဲ႔ ဗီလိန္အိုက္တင္၊မုဒိန္းေကာင္အိုက္တင္ေတြကိုအမ်ားဆုံးသ႐ုပ္ေဆာင္ရတာေၾကာင့္ပဲ ျဖစ္ပါတယ္။ လူၾကမ္းသ႐ုပ္ေဆာင္ႀကီး ဦးစိုင္းေအာင့္တင့္ ဟာ ပရိသတ္ေတြက ႏွာဘူးႀကီး၊ၾကာကူလီႀကီးလို႔ ေခၚေနၾကေပမယ့္ ဗီလိန္သ႐ုပ္ေဆာင္အျဖစ္ သ႐ုပ္ေဆာင္ရတာ ေပ်ာ္ေနဆဲပါပဲတဲ့။
ဦးစိုင္းကို မိန္းကေလးပရိသတ္ေတြက နာမည္အရင္းေတာင္မသိေတာ့ပဲ “ႏွာဘူးႀကီး” “ၾကာကူလီ” လို႔ပဲ ေခၚၾကေတာ့တယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာျပထားပါတယ္။ အခ်ိဳ႕နယ္က မိန္းကေလးပရိသတ္ေတြဆို အနားေတာင္မကပ္ရဲၾကဖူးလို႔ ဆိုပါတယ္။ ပရိသတ္ေတြကျမင္တာနဲ႔ ႐ႊံမုန္းတဲ့ မ်က္လုံးေတြနဲ႔ အၾကည့္ခံရတာေၾကာင့္ ရင္ထဲမွာ ခံစားရဖူးေပမယ့္ သ႐ုပ္ေဆာင္ခ်က္ ပီျပင္တဲ့အတြက္ ဒီလိုအထင္ခံရတာ ေက်နပ္ပါတယ္လို႔ ဆိုပါတယ္။
ဦးစိုင္းေအာင္တင့္ ဟာ ဒီလိုဇာတ္႐ုပ္ေတြကို သ႐ုပ္ေဆာင္ရတဲ့အတြက္ သားသမီးေတြအေပၚမွာလဲ “မင္းအေဖက ၾကာကူလီႀကီးပါကြာ” လို႔အေျပာခံရဖူးတဲ့အထိ သက္ေရာက္မူ႔ရွိခဲ့ပါတယ္။ လက္ရွိမွာေတာ့ ဦးစိုင္းေအာင္တင့္ ဟာ အႏုပညာအလုပ္ေတြကို နားထားတာ ၂ ႏွစ္ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။ အားကိုးရတဲ့ သားသုံးေယာက္ရွိၿပီး ဒီသားေတြကပဲ အလုပ္မရွိတဲ့အခ်ိန္မွာ စားဝတ္ေနေရးအတြက္ ေထာက္ပံ့ေပးေနပါတယ္။
သားေတြက အႏုပညာအလုပ္ကို အသက္ႀကီးလာလို႔ နားခိုင္းေပမယ့္ အႏုပညာကို လုပ္ေနရရင္ေပ်ာ္ေနတတ္သူျဖစ္ၿပီး ဇာတ္ပို႔ဇာတ္ရန္အလႊာက မိတ္ေဆြေတြကို မေတြ႕ရရင္ မေနႏိုင္သူပါျဖစ္တာေၾကာင့္ ဇာတ္ကားေတြျပန္႐ိုက္ခ်င္ပါတယ္တဲ့။ ၂၀၁၅ တုန္းက ဆီးခ်ိဳေရာဂါျဖစ္ခဲ့ဖူးၿပီး ညာဘက္မ်က္လုံးထိခိုက္ခဲ့ေပမဘ့္ ကံေကာင္းလို႔မ်က္စိမကြယ္ခဲ့တာပါ။ ဦးစိုင္းေအာင္တင့္ ဟာ လက္ရွိမွာေတာ့ က်န္းမာေရးေကာင္းေအာင္လို႔ပဲ အၿမဲဆုေတာင္းေနပါတယ္တဲ့။