Cele News

တော်လှန်ရေးအတွက် နေ့စဥ်တာဝန်တွေကို ကျေပွန်အောင် ကြိုးစားဆောင်ရွက်နေတဲ့ ပိုင်ဖြိုးသု

ပရိသတ်ကြီးရေ မင်းသမီး ပိုင်ဖြိုးသု က တော့ ရုပ်ရှင်လောကမှာ နာမည်ကြီးမင်းသမီးချော တစ်လက်အဖြစ် နေရာတစ်နေရာ ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးများစွာကိုရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမူ့ကို တစ်ခဲနက်ရရှိထားတာပဲ ဖြစ်ပါယ်။

နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “မီ” ဆိုတဲ့ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထူးခြားပြောင်‌မြောက်တဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပိုမိုလူသိများ နာမည်ကြီးလာခဲ့ပါတယ်။

မင်းသမီးချော ပိုင်ဖြိုးသု ဟာ လက်ရှိနိုင်ငံရေးအခြေအနေတွေအပေါ်မှာ မြန်မာပြည်သူတွေနဲ့အတူ အမြဲတမ်းရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရပြီးနောက် တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။ ဒီလိုတိမ်းရှောင်နေရင်းနဲ့ပဲ ရောက်တဲ့အရပ်ဒေသကနေ ကျရာတာဝန်တွေကို ကျေပွန်ကိုထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။

ဒါအပြင် သူမကိုယ်တိုင် ကြိုးစားဖန်တီးထားတဲ့ Crochet အိတ်လေးတွေကို မဲဖောက်ပြီး ရောင်းချပေးနေပါသေးတယ်။ အိတ်လေးတွေ ဖန်တီးနေစဥ်အတွင်း အချိန်ကိုအကြိုးရှိစွာ အသုံးချဖြစ်တယ်ဆိုတဲ့အကြောင်းကို ” တစ်နေ့စာ တာဝန် ချည်ထိုးရင်း Click ” လို့ ချည်ထိုးနေတဲ့ ဓာတ်ပုံလေးနဲ့အတူ အခုလိုပဲ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ကျရာတာဝန်ကို ကြိုးစားထမ်းဆောင်နေတဲ့ မင်းသမီး ပိုင်ဖြိုးသု ကတော့ ဂုဏ်ယူလေးစားစရာကောင်းလှပါတယ်နော်။ ပိုင်ဖြိုးသု ရဲ့ အိတ်ကလေးတွေကို အားပေးကံစမ်းရင်းနဲ့ တာဝန်တွေကို သူမနဲ့ အတူတကွလုပ်ဆောင်လိုက်အုန်းနော်။

ေတာ္လွန္ေရးအတြက္ ေန႔စဥ္တာဝန္ေတြကို ေက်ပြန္ေအာင္ ႀကိဳးစားေဆာင္႐ြက္ေနတဲ့ ပိုင္ၿဖိဳးသု

ပရိသတ္ႀကီးေရ မင္းသမီး ပိုင္ၿဖိဳးသု က ေတာ့ ႐ုပ္ရွင္ေလာကမွာ နာမည္ႀကီးမင္းသမီးေခ်ာ တစ္လက္အျဖစ္ ေနရာတစ္ေနရာ ရရွိထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားစြာကို႐ိုက္ကူးခဲ့ၿပီး သ႐ုပ္ေဆာင္ေကာင္းလြန္းတာေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမူ႔ကို တစ္ခဲနက္ရရွိထားတာပဲ ျဖစ္ပါယ္။

နာမည္ႀကီး႐ုပ္ရွင္ဇာတ္ကားတစ္ကားျဖစ္တဲ့ “မီ” ဆိုတဲ့ဇာတ္ကားႀကီးမွာ ေခါင္းေဆာင္မင္းသမီးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ထူးျခားေျပာင္‌ေျမာက္တဲ့ ကာ႐ိုက္တာနဲ႔ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပိုမိုလူသိမ်ား နာမည္ႀကီးလာခဲ့ပါတယ္။

မင္းသမီးေခ်ာ ပိုင္ၿဖိဳးသု ဟာ လက္ရွိႏိုင္ငံေရးအေျခအေနေတြအေပၚမွာ ျမန္မာျပည္သူေတြနဲ႔အတူ အၿမဲတမ္းရပ္တည္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ပုဒ္မ ၅၀၅ က နဲ႔တရားစြဲဆိုခံထားရၿပီးေနာက္ တိမ္းေရွာင္ေနရတာပဲ ျဖစ္ပါတယ္။ ဒီလိုတိမ္းေရွာင္ေနရင္းနဲ႔ပဲ ေရာက္တဲ့အရပ္ေဒသကေန က်ရာတာဝန္ေတြကို ေက်ပြန္ကိုထမ္းေဆာင္ေနတာလဲ ျဖစ္ပါတယ္။

ဒါအျပင္ သူမကိုယ္တိုင္ ႀကိဳးစားဖန္တီးထားတဲ့ Crochet အိတ္ေလးေတြကို မဲေဖာက္ၿပီး ေရာင္းခ်ေပးေနပါေသးတယ္။ အိတ္ေလးေတြ ဖန္တီးေနစဥ္အတြင္း အခ်ိန္ကိုအႀကိဳးရွိစြာ အသုံးခ်ျဖစ္တယ္ဆိုတဲ့အေၾကာင္းကို ” တစ္ေန႔စာ တာဝန္ ခ်ည္ထိုးရင္း Click ” လို႔ ခ်ည္ထိုးေနတဲ့ ဓာတ္ပုံေလးနဲ႔အတူ အခုလိုပဲ ေရးသားထားတာကို ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ က်ရာတာဝန္ကို ႀကိဳးစားထမ္းေဆာင္ေနတဲ့ မင္းသမီး ပိုင္ၿဖိဳးသု ကေတာ့ ဂုဏ္ယူေလးစားစရာေကာင္းလွပါတယ္ေနာ္။ ပိုင္ၿဖိဳးသု ရဲ႕ အိတ္ကေလးေတြကို အားေပးကံစမ္းရင္းနဲ႔ တာဝန္ေတြကို သူမနဲ႔ အတူတကြလုပ္ေဆာင္လိုက္အုန္းေနာ္။