ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော မင်းမော်ကွန်း ဟာဆိုရင်တော့ အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့ထပ်တူ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒါအပြင် ခိုင်မာတဲ့စိတ်ထားကြောင့် အာဏာရှင်ကိုတွန်းလှန်ဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိတာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။
တော်လှန်ရေးနဲ့ပတ်သတ်လို့ စိတ်ဓာတ်ပြတ်သားတဲ့ မင်းမော်ကွန်း ဟာ သွေးမအေးကြဖို့ ပြည်သူတွေကိုအမြဲတမ်း တိုက်တွန်းနေတာလဲ ဖြစ်ပါတယ်။ အခုလိုအခြေအနေမျိုးမှာ ပြည်သူအချင်းချင်း သွေးမကွဲကြဖို့ ထပ်မံတိုက်တွန်း သတိပေးလိုက်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သတ်ပြီး အပြစ်မဲ့တဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးနေရတာပဲဖြစ်ပါတယ်။ ဒါအပြင် ပြည်သူတွေအချင်းချင်းကို သွေးကွဲအောင်ဖန်တီးနေကြတဲ့ လူတစ်စုကြောင့် စည်းလုံးမှု့မပြိုကွဲကြစေဖို့ အခုလိုပဲရေးသားထားပါတယ်။
” သွေးကွဲရင်တော့ခွေးဆွဲလိမ့်မယ် သူတို့ရဲ့လက်နက်အကြီးဆုံးဟာ လေယာဉ်တွေမဟုတ်ဘူး သွေးကွဲအောင်လုပ်တာဖြစ်ပါတယ် သတိကြီးကြီးထားကြပါ ချစ်စွာသော ရဲဘော်ရဲဘက်အပေါင်းတို့ ” လို့ မင်းမော်ကွန်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေထားပါတယ်။
မင်းမော်ကွန်း ဟာ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့အပြင် အမှန်တရားအတွက် ကျရာတာဝန်ကို ထမ်းဆောင်နေတာကြောင့် လူတစ်စုရဲ့ ကောလဟာလဖန်တီးချက်တွေနဲ့ သတင်းအမှားတွေထွက်ပေါ်လာတတ်ပါသေးတယ်။
ပရိသတ်ကြီးရေ … သရုပ်ဆောင် မင်းသားချော မင်းမော်ကွန်း ကတော့ ပြည်သူအချင်းချင်း သွေးမကွဲကြစေဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းသားေခ်ာ မင္းေမာ္ကြန္း ဟာဆိုရင္ေတာ့ အမွန္တရားဘက္ကေန ျပည္သူေတြနဲ႔ထပ္တူ ျပတ္ျပတ္သားသားရပ္တည္ခဲ့တဲ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ ဒါအျပင္ ခိုင္မာတဲ့စိတ္ထားေၾကာင့္ အာဏာရွင္ကိုတြန္းလွန္ဖို႔အတြက္ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိတာဝန္ထမ္းေဆာင္ေနတာပဲ ျဖစ္ပါတယ္။
ေတာ္လွန္ေရးနဲ႔ပတ္သတ္လို႔ စိတ္ဓာတ္ျပတ္သားတဲ့ မင္းေမာ္ကြန္း ဟာ ေသြးမေအးၾကဖို႔ ျပည္သူေတြကိုအၿမဲတမ္း တိုက္တြန္းေနတာလဲ ျဖစ္ပါတယ္။ အခုလိုအေျခအေနမ်ိဳးမွာ ျပည္သူအခ်င္းခ်င္း ေသြးမကြဲၾကဖို႔ ထပ္မံတိုက္တြန္း သတိေပးလိုက္ပါတယ္။
လက္ရွိျဖစ္ေပၚေနတဲ့ စစ္ေရးအေျခအေနေတြနဲ႔ပတ္သတ္ၿပီး အျပစ္မဲ့တဲ့ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြ ပ်က္ဆီးဆုံးရႈံးေနရတာပဲျဖစ္ပါတယ္။ ဒါအျပင္ ျပည္သူေတြအခ်င္းခ်င္းကို ေသြးကြဲေအာင္ဖန္တီးေနၾကတဲ့ လူတစ္စုေၾကာင့္ စည္းလုံးမႈ႕မၿပိဳကြဲၾကေစဖို႔ အခုလိုပဲေရးသားထားပါတယ္။
” ေသြးကြဲရင္ေတာ့ေခြးဆြဲလိမ့္မယ္ သူတို႔ရဲ႕လက္နက္အႀကီးဆုံးဟာ ေလယာဥ္ေတြမဟုတ္ဘူး ေသြးကြဲေအာင္လုပ္တာျဖစ္ပါတယ္ သတိႀကီးႀကီးထားၾကပါ ခ်စ္စြာေသာ ရဲေဘာ္ရဲဘက္အေပါင္းတို႔ ” လို႔ မင္းေမာ္ကြန္း ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားမွ်ေဝထားပါတယ္။
မင္းေမာ္ကြန္း ဟာ နာမည္ႀကီးမင္းသားတစ္လက္ျဖစ္တဲ့အျပင္ အမွန္တရားအတြက္ က်ရာတာဝန္ကို ထမ္းေဆာင္ေနတာေၾကာင့္ လူတစ္စုရဲ႕ ေကာလဟာလဖန္တီးခ်က္ေတြနဲ႔ သတင္းအမွားေတြထြက္ေပၚလာတတ္ပါေသးတယ္။
ပရိသတ္ႀကီးေရ … သ႐ုပ္ေဆာင္ မင္းသားေခ်ာ မင္းေမာ္ကြန္း ကေတာ့ ျပည္သူအခ်င္းခ်င္း ေသြးမကြဲၾကေစဖို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။ အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။