ပရိသတ်ကြီးရေ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းမော်ကွန်း ဟာလက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာကြောင့် ဘေးကင်းရာ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ ရောက်ရှိနေပါတယ်။
သရုပ်ဆောင် မင်းမော်ကွန်း ရဲ့ လူမှု့စာမျက်နှာအကောင့်ဟာ တစ်လနီးပါး အပိတ်ခံထားရတာကြောင့် ပရိသတ်တွေကို သိစေချင်တဲ့ အကြောင်းအရာလေးတွေကို ဒါရိုက်တာ သည်ခေတ်နေမှ တစ်ဆင့်တင်ပေးနေတာလဲ ဖြစ်ပါတယ်။ မင်းမော်ကွန်း ဟာလွမ်းဆွတ်တမ်းတဖွယ် ကဗျာလေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် မျှဝေပေးထားတာကို တွေ့ရပါတယ်။
ကိုကျော် ရဲ့ ဖေ့ဘွတ်အကောင့်က ပိတ်ခံထားရတာကြောင့် ဝန်ကြီးဌာနတစ်ခုရဲ့ application အတွက်ကိုယ်တိုင်ရေးပေးထားတဲ့ကဗျာလေးကို ဒါရိုက်တာ သည်ခေတ်နေ ရဲ့လူမူ့ကွန်ယက်မှတစ်ဆင့် အခုလိုပဲ ရေးသားထားတာပါ။
” ဆောင်းတွင်း ကဗျာ-မင်းမော်ကွန်း ဒီရက်ပိုင်းမှာ ဆောင်းတွင်းစတယ် ဆောင်းတွင်းဟာစတယ် ဆိုရင်ပဲ တောတောင်ရေမြေအပေါင်းကို သူ့ရဲ့အေးစက်မှုနဲ့ ပွတ်သတ်တော့တယ် တစ်မိုးလုံးသန်လာတဲ့မြက်ရိုင်းတွေပွင့်တဲ့အခါ မြင်ကွင်းတွေဝေဝေဆာဆာ တစ်မိုးလုံးစီးခဲ့တဲ့ ချောင်းငယ်လေးမရှိတော့တဲ့အခါ ဘာကိုလွမ်းလို့လွမ်းရမှာ ဘာလိုလိုနဲ့ နွေဦးကစခဲ့တဲ့ တော်လှန်ရေးဟာ သုံးရာသီပြောင်းခဲ့ပြီ
ဒီဆောင်းက ပိုရက်စက်တယ် အိမ်ပြန်ချင်တယ်လို့ ငို နေ တဲ့ သားကို ဘယ်လိုဖြေသိမ့်ရမလဲမသိခင်မှ သူဟာတောထဲကျင့်သားရသွားရှာ အနာဂတ်မပါ ကိုယ်ကျိုးစီးပွားမပါ စီးနေကျဖိနပ်လေးတောင်မပါတဲ့ ငါ့ရဲ့တော်လှန်ရေးမီးက လောင်အားကောင်းလွန်းတော့ ဆောင်းတွင်းကိုအားနာမိ
ဒီဆောင်းတွင်းမှာ ဒီဇင်ဘာမှာ ငါတို့မအေးချမ်းကြဘူး ရင်ဘတ်က ၈၀ဒီဂရီ နှလုံးသားကတော့ Over Heating ဖြစ်လို့ခဏလောက် Shut Down လုပ်ထားရတယ် လည်ချောင်းကတော့ ညှီစို့စို့တောအရက်နဲ့ သံဝါသပြုခဲ့သမျှ ဒီဆောင်းတွင်းညတွေမှာ ဝီစကီလေးတစ်ခွက်လောက်ကို ဆာလောင်လို့ … “လို့ လွမ်းဆွတ်တမ်းတဖွယ်ကောင်းစွာ ရေးသားထားတာကို တွေ့ရပါတယ်နော်။
ပရိသတ်ကြီးရေ … အိမ်နဲ့ဝေးကွာနေတာကြောင့် တစ်ခါတစ်ရံ အိမ်ကိုလွမ်းမိတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ ဒါကြောင့် သရုပ်ဆောင် မင်းမော်ကွန်းအတွက် အားပေးစကားလေးတွေ ကောမန့်မှာရေးသားသွားပေး ခဲ့ပါအုန်းနော်။
လြမ္းဆြတ္တမ္းတဖြယ္ ကဗ်ာေလးတစ္ပုဒ္ကို ေရးသားလိုက္တဲ့ မင္းေမာ္ကြန္း
ပရိသတ္ႀကီးေရ ျမန္မာျပည္ရဲ႕ ထိပ္တန္းမင္းသားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္တဲ့ မင္းေမာ္ကြန္း ဟာလက္ရွိမွာ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရတာေၾကာင့္ ေဘးကင္းရာ လြတ္ေျမာက္နယ္ေျမကို မိသားစုနဲ႔အတူ ေရာက္ရွိေနပါတယ္။
သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း ရဲ႕ လူမႈ႕စာမ်က္ႏွာအေကာင့္ဟာ တစ္လနီးပါး အပိတ္ခံထားရတာေၾကာင့္ ပရိသတ္ေတြကို သိေစခ်င္တဲ့ အေၾကာင္းအရာေလးေတြကို ဒါ႐ိုက္တာ သည္ေခတ္ေနမွ တစ္ဆင့္တင္ေပးေနတာလဲ ျဖစ္ပါတယ္။ မင္းေမာ္ကြန္း ဟာလြမ္းဆြတ္တမ္းတဖြယ္ ကဗ်ာေလးတစ္ပုဒ္ကို ပရိသတ္ေတြအတြက္ မွ်ေဝေပးထားတာကို ေတြ႕ရပါတယ္။
ကိုေက်ာ္ ရဲ႕ ေဖ့ဘြတ္အေကာင့္က ပိတ္ခံထားရတာေၾကာင့္ ဝန္ႀကီးဌာနတစ္ခုရဲ႕ application အတြက္ကိုယ္တိုင္ေရးေပးထားတဲ့ကဗ်ာေလးကို ဒါ႐ိုက္တာ သည္ေခတ္ေန ရဲ႕လူမူ႔ကြန္ယက္မွတစ္ဆင့္ အခုလိုပဲ ေရးသားထားတာပါ။
” ေဆာင္းတြင္း ကဗ်ာ-မင္းေမာ္ကြန္း ဒီရက္ပိုင္းမွာ ေဆာင္းတြင္းစတယ္ ေဆာင္းတြင္းဟာစတယ္ ဆိုရင္ပဲ ေတာေတာင္ေရေျမအေပါင္းကို သူ႔ရဲ႕ေအးစက္မႈနဲ႔ ပြတ္သတ္ေတာ့တယ္ တစ္မိုးလုံးသန္လာတဲ့ျမက္႐ိုင္းေတြပြင့္တဲ့အခါ ျမင္ကြင္းေတြေဝေဝဆာဆာ တစ္မိုးလုံးစီးခဲ့တဲ့ ေခ်ာင္းငယ္ေလးမရွိေတာ့တဲ့အခါ ဘာကိုလြမ္းလို႔လြမ္းရမွာ ဘာလိုလိုနဲ႔ ေႏြဦးကစခဲ့တဲ့ ေတာ္လွန္ေရးဟာ သုံးရာသီေျပာင္းခဲ့ၿပီ
ဒီေဆာင္းက ပိုရက္စက္တယ္ အိမ္ျပန္ခ်င္တယ္လို႔ ငို ေန တဲ့ သားကို ဘယ္လိုေျဖသိမ့္ရမလဲမသိခင္မွ သူဟာေတာထဲက်င့္သားရသြားရွာ အနာဂတ္မပါ ကိုယ္က်ိဳးစီးပြားမပါ စီးေနက်ဖိနပ္ေလးေတာင္မပါတဲ့ ငါ့ရဲ႕ေတာ္လွန္ေရးမီးက ေလာင္အားေကာင္းလြန္းေတာ့ ေဆာင္းတြင္းကိုအားနာမိ
ဒီေဆာင္းတြင္းမွာ ဒီဇင္ဘာမွာ ငါတို႔မေအးခ်မ္းၾကဘူး ရင္ဘတ္က ၈၀ဒီဂရီ ႏွလုံးသားကေတာ့ Over Heating ျဖစ္လို႔ခဏေလာက္ Shut Down လုပ္ထားရတယ္ လည္ေခ်ာင္းကေတာ့ ညႇီစို႔စို႔ေတာအရက္နဲ႔ သံဝါသျပဳခဲ့သမွ် ဒီေဆာင္းတြင္းညေတြမွာ ဝီစကီေလးတစ္ခြက္ေလာက္ကို ဆာေလာင္လို႔ … “လို႔ လြမ္းဆြတ္တမ္းတဖြယ္ေကာင္းစြာ ေရးသားထားတာကို ေတြ႕ရပါတယ္ေနာ္။
ပရိသတ္ႀကီးေရ … အိမ္နဲ႔ေဝးကြာေနတာေၾကာင့္ တစ္ခါတစ္ရံ အိမ္ကိုလြမ္းမိတဲ့ အခိုက္အတန႔္ေတြ ရွိတတ္ပါတယ္။ ဒါေၾကာင့္ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းအတြက္ အားေပးစကားေလးေတြ ေကာမန႔္မွာေရးသားသြားေပး ခဲ့ပါအုန္းေနာ္။