Cele News
ခံဝန်ထိုးပြီး အိမ်ပြန်ဖို့စိတ်ကူးတောင်မရှိဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်တဲ့ အဆိုတော် ထျန်ခေး
ချစ်လွန်းလို့ပါ သီချင်းနဲ့ပရိသတ်တွေ ရင်ထဲရောက်ရှိခဲ့ပြီး နာမည်ကြီး လူသိများလာခဲ့တဲ့ အဆိုတော် တျန်ခေး ကိုတော့ အားလုံးပဲ မှတ်မိကြမှာပါပဲနော်။ ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ တျန်ခေး ဟာ အမှန်တရားကို ချစ်မြတ်နိုးတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး စစ်ကောင်စီကို တော်လှန်ဖို့ကြိုးစားနေသူတစ်ဦး ဖြစ်ပါတယ်။
လက်ရှိမှာ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရပြီး တောတွင်းတစ်နေရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီလိုတိမ်းရှောင်နေရင်း တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို ကြိုးစားထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။ ထျန်ခေး ဟာ ခံဝန်ထိုးပြီး အိမ်ပြန်ဖို့စိတ်ကူးတောင်မရှိဘူးလို့ ခပ်ပြတ်ပြတ်ပြောလိုက်ပါတယ်။
“ကျန်တော်လည်း ကျန်တော်ကိုချစ်တဲ့သူ သတိရတဲ့သူ အားလုံးကို သတိရပါတယ် … တချိူ့လည်း ခံဝန်ထိုးပြီး အိမ်ပြန်ဖို့တိုက်တွန်းတယ်တချိူ့လည်း ပြည်ပ ကိုထွက်ခွာဖို့တိုက်တွန်းတယ်ဘာအမှားမှ မလုပ်ခဲ့တာမို့ ခံဝန် ပြန်ထိုးဖို့ စခ တွေကို အောက်ကျတောင်းပန်ဖို့ အတွေးတွေ တစ်စက်မှမရှိဘူး … နိုင်ငံရပ်ခြားကို အလည်သွားယုံမှ တစ်ပါးသွားရောက်ခိုလုံ အကူညီတောင်းဖို့ စိတ်ကူးတစ်စက်မှ မ ရှိပါဘူး …
ဒီနိုင်ငံဟာ ကျန်တော်နိုင်ငံ ဒီရှမ်းပြည်ဟာ ကျန်တော့်ပြည်ဒီမြေဟာ ကျန်တော်မြေ ဒီလူမျိူးစုဟာကျန်တော့် ရဲ့လူမျိူးစု မို့ ကျန်တော့်တို့ ရှမ်းလူမျိူးစုတွေအတွက် ကျန်တော် လုပ်သင့်လုပ်ထိုက်တာကောင်းတဲ့အရာတွေကို ‌လုပ်သွားမှာပါ …ဒီနေ့ဒီအချိန်အထိ ‌ကောင်းတာ လုပ်ခဲ့တာမို့ ဘာအခက်အခဲမှလည်းမရှိဘူး …၅၀၅ နဲ့ဖမ်းမိန့်ထွက်တာတောင်နေပြည်တော်က ဖရဲသီးအကိုတွေ ဖုန်းဆက်ပြီးသတိပေးလို့ လွတ်မြောက်နိုင်ခဲ့သလို …
ရောက်တဲ့နေရာတိုင်းမှာလည်း ကူညီဖေးမသူတွေ အသင့်ရှိနေခဲ့တယ် ။ သေနတ်ကိုင်ပြီး တိုက်ခိုက်တော်လှန်ဖို့ထက်ကိုယ်တိုင် Media Production ကျောင်းဖွင့်ထားသူမို့ Production နဲ့ပတ်သက်ပြီး ကျန်တော် ရှမ်းတော်လှန်ရေး မျိူးဆက်သစ် လူငယ်တွေကို သိထားတတ်ထားတဲ့ ပညာရပ်တွေ ‌သင်ကြားပေးတဲ့ တာဝန်ကိုယူထားပါတယ် ….
သင်တန်းသား အယောက် ၄၀ နဲ့ သင်ကြားမှူ့ကတော့ တစ်လ ကျော်ခဲ့ပါပြီ … ကျောင်းသူ ကျောင်းသားတွေလည်း ကျန်တော်ကို ချစ်ခင် ဂရုစိုက်ကြပါတယ် ..သင်ကြားရတဲ့ရည်ရွယ်ချက်က လွတ်လတ်တဲ့ Media ခေတ်ထဲမှာ ရှမ်းပြည်လူမျိူးစု အချင်းချင်းစည်းလုံးဖို့ နဲ့လူမှူ့ရေး စီးပွားရေး စားဝတ်နေရေးအတွက် အသိပညာပေး သုတ Video များနဲ့ ရှမ်းပြည်သမိုင်းရဲ့ အမှန်တရားတွေကို Media နဲ့ ဖော်ပြသွားမှာပါ …
ဒီရွေးချယ်မှူ့ ‌‌အတွက် ကြောက်လည်းမကြောက်ဘူးနောင်တလည်းမရဘူး နောက်လည်းမဆုတ်ဘူးတိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အမျိူး ဘာသာ အတွက် ရပ်တည်ဖို့ဆုံးဖြတ်ချက်ချထားပါတယ် … မြို့ပြပေါ် ပြန်မနေ ‌ရချင်နေပါ … ဒီတောတောင် သဘာဝတွေနဲ့ကျန်တော်အတွက် အဆင်ပြေပါတယ် …
တခါတလေ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အနုပညာအလုပ် နယ်ပယ်က လုပ်‌ဖော်ကိုင်ဖက်တွေလွမ်းမိတဲ့ စိတ်လေးတော့ရှိတာပေါ့ဗျ …စိတ်ပူစရာမရှိပါဘူး …အစစအရာရာ အဆင်ပြေပါတယ်ဗျာ …” လို့ တျန်ခေး ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
“ကျန်တော်လည်း ကျန်တော်ကိုချစ်တဲ့သူ သတိရတဲ့သူ အားလုံးကို သတိရပါတယ် … တချို့လည်း ခံဝန်ထိုးပြီး အိမ်ပြန်ဖို့တိုက်တွန်းတယ်တချို့လည်း ပြည်ပ ကိုထွက်ခွာဖို့တိုက်တွန်းတယ်ဘာအမှားမှ မလုပ်ခဲ့တာမို့ ခံဝန် ပြန်ထိုးဖို့ စခ တွေကို အောက်ကျတောင်းပန်ဖို့ အတွေးတွေ တစ်စက်မှမရှိဘူး … နိုင်ငံရပ်ခြားကို အလည်သွားယုံမှ တစ်ပါးသွားရောက်ခိုလုံ အကူညီတောင်းဖို့ စိတ်ကူးတစ်စက်မှ မ ရှိပါဘူး …
ဒီနိုင်ငံဟာ ကျန်တော်နိုင်ငံ ဒီရှမ်းပြည်ဟာ ကျန်တော့်ပြည်ဒီမြေဟာ ကျန်တော်မြေ ဒီလူမျိုးစုဟာကျန်တော့် ရဲ့လူမျိုးစု မို့ ကျန်တော့်တို့ ရှမ်းလူမျိုးစုတွေအတွက် ကျန်တော် လုပ်သင့်လုပ်ထိုက်တာကောင်းတဲ့အရာတွေကို ‌လုပ်သွားမှာပါ …ဒီနေ့ဒီအချိန်အထိ ‌ကောင်းတာ လုပ်ခဲ့တာမို့ ဘာအခက်အခဲမှလည်းမရှိဘူး …၅၀၅ နဲ့ဖမ်းမိန့်ထွက်တာတောင်နေပြည်တော်က ဖရဲသီးအကိုတွေ ဖုန်းဆက်ပြီးသတိပေးလို့ လွတ်မြောက်နိုင်ခဲ့သလို …
သင်တန်းသား အယောက် ၄၀ နဲ့ သင်ကြားမှူ့ကတော့ တစ်လ ကျော်ခဲ့ပါပြီ … ကျောင်းသူ ကျောင်းသားတွေလည်း ကျန်တော်ကို ချစ်ခင် ဂရုစိုက်ကြပါတယ် ..သင်ကြားရတဲ့ရည်ရွယ်ချက်က လွတ်လတ်တဲ့ Media ခေတ်ထဲမှာ ရှမ်းပြည်လူမျိုးစု အချင်းချင်းစည်းလုံးဖို့ နဲ့လူမှူ့ရေး စီးပွားရေး စားဝတ်နေရေးအတွက် အသိပညာပေး သုတ Video များနဲ့ ရှမ်းပြည်သမိုင်းရဲ့ အမှန်တရားတွေကို Media နဲ့ ဖော်ပြသွားမှာပါ …
ဒီရွေးချယ်မှူ့ ‌‌အတွက် ကြောက်လည်းမကြောက်ဘူးနောင်တလည်းမရဘူး နောက်လည်းမဆုတ်ဘူးတိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အမျိုး ဘာသာ အတွက် ရပ်တည်ဖို့ဆုံးဖြတ်ချက်ချထားပါတယ် … မြို့ပြပေါ် ပြန်မနေ ‌ရချင်နေပါ … ဒီတောတောင် သဘာဝတွေနဲ့ကျန်တော်အတွက် အဆင်ပြေပါတယ် …