တစ်ခေတ်တခါက နာမည်ကြီးကျော်ကြားခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ စိုးမြတ်နန္ဒာ ကတော့ ရုပ်ရှပ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်အချစ်တွေကို ခံယူခဲ့တဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ်။
စိုးမြတ်နန္ဒာ ကတော့ အနုပညာမျိုးရိုးရှိသူပီပီ သရုပ်ဆောင်တဲ့နေရာမှာ အရမ်းကိုသဘာဝကျပြီး ပီပြင်လွန်းတာကြောင့် အကယ်ဒမီဆုတွေကိုလဲ ထိုက်ထိုက်တန်တန် ရရှိခဲ့ပါသေးတယ်။
သူမ ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမူ့တွေမရှိတော့ပဲ ခရီးသွားခြင်း ၊တရားအားထုတ်ခြင်းတွေကို ခင်ပွန်းဖြစ်သူနဲ့အတူ လုပ်ဆောင်နေတာကိုလဲ တွေံရပါတယ်။
ဒါဒါ ကတော့ လက်ရှိမှာ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့်လဲ ကျက်သရေရှိရှိနဲ့ အခုချိန်ထိနုပျိုလန်းဆန်းလှပနေတာကို တွေ့ရပါတယ်။
ဒါအပြင် သူမရဲ့ခင်ပွန်းဖြစ်သူ မင်းသားကြီး စိုးသူ ဟာ လဲ သူမနဲ့အပြိုင် နုပျိုနေတာကို တွေ့ရပါတယ်။ အရမ်းကိုလိုက်ဖက်လွန်းတဲ့ သူတို့ဇနီးမောင်နှံကိုတော့ ပရိသတ်တွေအားလုံးက သဘောကျနေကြပါတယ်။
ကျက်သရေရှိပြီး လိုက်ဖက်လွန်းတဲ့ မင်းသမီး စိုးမြတ်နန္ဒာ နဲ့ စိုးသူ တို့ ဇနီးမောင်နှံ