နာမည်ကြီးအနုပညာရှင်အချို့ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆင်နွှဲခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
ဒါရိုက်တာ ကိုပေါက် တစ်ယောက်ကလည်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။
ကိုပေါက် ကတော့သရုပ်ဆောင်နဲ့ဒါရိုက်တာ လုပ်ရာမှာတော်ရုံမကပဲ ပန်းချီနဲ့ ကဗျာတွေရေးစပ်တဲ့နေရာမှာတော်လွန်းသူလည်းဖြစ်ပါတယ်။
ဒါရိုက်တာ ကိုပေါက် ကတော့ အသက်နဲ့ခန္ဓာတည်ရှိနေသရွေ့ ပြည်သူတွေနဲ့အတူတူ အမြဲရှိနေပါ့မယ်လို့ သစ္စာပြုလိုက်ပါတယ်။
ဒါရိုက်တာ ကိုပေါက် ဟာ လွတ်မြောက်နယ်မြေမှာ ကျရာတာဝန်တွေကို ထမ်းဆောင်နေတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။
ရံဖန်ရံခါ တော်လှန်ရေးရဲဘော်တွေအတွက် အစားအစာတွေချက်ပြုတ်ကျွေးမွေးတတ်ပါသေးတယ်။
” တောတွေတောင်တွေကျော်ကာဖြတ်လို့ အသက်နဲ့ခန္ဓာတည်နေသ၍အထိ မုန်းတ်ိုင်းရှိရာကိုပြည်သူနဲ့အတူတူအမြဲရှိနေပါ့မယ်” လို့ ကိုပေါက် ဟာ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားထားတဲ့ သတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ကိုပေါက် က အသက်ရှိနေသရွေ့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်သွားမယ်လို့ ရေးသားထားပါတယ်။
ပရိသတ်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲ စစ်ကောင်စီကိုတွန်းလှန်နေတဲ့ ဒါရိုက်တာ ကိုပေါက် ကိုအားပေးစကားလေးတွေ ပြောခဲ့ပါအုန်းနော်။
ကိုပေါက်လဲ ချစ်ရတဲ့မိသားစုနဲ့ဘေးကင်းစွာ အမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အသက္နဲ႔ခႏၶာတည္ရွိေနသေ႐ြ႕ ျပည္သူေတြနဲ႔အတူတူ အၿမဲရွိေနပါ့မယ္ဆိုတဲ့ ဒါ႐ိုက္တာ ကိုေပါက္
နာမည္ႀကီးအႏုပညာရွင္အခ်ိဳ႕ကေတာ့ ျပည္သူေတြဘက္ကေန ရပ္တည္ၿပီး အာဏာရွင္ဆန္႔က်င္တဲ့ ေႏြဦးေတာ္လွန္ေရးဆင္ႏႊဲခဲ့လို႔ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။
ဒါ႐ိုက္တာ ကိုေပါက္ တစ္ေယာက္ကလည္း ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ၅၀၅(က)နဲ႔ အမႈဖြင့္ခံထားရသူ ျဖစ္ပါတယ္။
လြတ္ေျမာက္နယ္ေျမ တစ္ေနရာကို ေရာက္ရွိေနတဲ့ ကိုေပါက္ ကေတာ့ ေရာက္ရာေနရာကေန ေတာ္လွန္ေရးတိုက္ပြဲဆင္ႏႊဲေနသူ ျဖစ္ပါတယ္။
ကိုေပါက္ ကေတာ့သ႐ုပ္ေဆာင္နဲ႔ဒါ႐ိုက္တာ လုပ္ရာမွာေတာ္႐ုံမကပဲ ပန္းခ်ီနဲ႔ ကဗ်ာေတြေရးစပ္တဲ့ေနရာမွာေတာ္လြန္းသူလည္းျဖစ္ပါတယ္။
ဒါ႐ိုက္တာ ကိုေပါက္ ကေတာ့ အသက္နဲ႔ခႏၶာတည္ရွိေနသေ႐ြ႕ ျပည္သူေတြနဲ႔အတူတူ အၿမဲရွိေနပါ့မယ္လို႔ သစၥာျပဳလိုက္ပါတယ္။
ဒါ႐ိုက္တာ ကိုေပါက္ ဟာ လြတ္ေျမာက္နယ္ေျမမွာ က်ရာတာဝန္ေတြကို ထမ္းေဆာင္ေနတဲ့သူတစ္ေယာက္လဲျဖစ္ပါတယ္။
ရံဖန္ရံခါ ေတာ္လွန္ေရးရဲေဘာ္ေတြအတြက္ အစားအစာေတြခ်က္ျပဳတ္ေကြၽးေမြးတတ္ပါေသးတယ္။
” ေတာေတြေတာင္ေတြေက်ာ္ကာျဖတ္လို႔ အသက္နဲ႔ခႏၶာတည္ေနသ၍အထိ မုန္းတ္ိုင္းရွိရာကိုျပည္သူနဲ႔အတူတူအၿမဲရွိေနပါ့မယ္” လို႔ ကိုေပါက္ ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ဓာတ္ပုံေလးေတြနဲ႔အတူ ေရးသားထားတဲ့ သတင္းေလးကို တင္ဆက္ေပးလိုက္ပါတယ္။
ကိုေပါက္ က အသက္ရွိေနသေ႐ြ႕ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္က ရပ္တည္သြားမယ္လို႔ ေရးသားထားပါတယ္။
ပရိသတ္ႀကီးေရ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ခက္ခက္ခဲခဲ စစ္ေကာင္စီကိုတြန္းလွန္ေနတဲ့ ဒါ႐ိုက္တာ ကိုေပါက္ ကိုအားေပးစကားေလးေတြ ေျပာခဲ့ပါအုန္းေနာ္။
ကိုေပါက္လဲ ခ်စ္ရတဲ့မိသားစုနဲ႔ေဘးကင္းစြာ အျမန္ဆုံးျပန္လည္ဆုံစည္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။