Cele News

ရုပ်ရည်နဲ့ပတ်သက်ပြီး စုတ်ပြတ်သတ်နေတယ်လို့ လှောင်ပြောင်ခံနေရတဲ့ ဦးကျော်သက်လင်း

မြန်မာ့အသံရဲ့ သတင်းကြေငြာသူတစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်း ဟာ လက်ရှိမှာ CDM လုပ်ပြီး အားလုံးနဲ့ဝေးကွာတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။ ဒါကြောင့်လဲ မိသားစုရဲ့စွန့်လွှတ်ခြင်းကိုခံရပြီး တစ်ချို့မိတ်ဆွေတွေရဲ့ စိမ်းကားမူ့ကိုလဲ တွေ့ကြုံခံစားခဲ့ရပါတယ်။

ဦးကျော်သက်လင်း ဟာ အရာရာခက်ခဲ ကြမ်းတမ်းနေပေမယ့်လဲ စိတ်ဓာတ်ကတော့ ခိုင်မာပြတ်သားနေဆဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးကျော်သက်လင်း ဟာ သူ့ရဲ့ရုပ်ရည်နဲ့ပတ်သတ်ပြီး လှောင်ပြောင်တာကို ခံစားနေရတယ်လို့ ပရိသတ်ကို ရင်ဖွင့်လာပါတယ်။

သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ သူ့ရဲ့ရင်တွင်းခံစားချက်တွေကို အခုလိုပဲရေးသားလာခဲ့ပါတယ်။ “ခင်ဗျားတို့သတိမထားမိတာလား ဘာလားတော့မသိ feb 1 ကစလို့ ကျနော်postတွေမှာ ဟီးဟီးဟားဟား လိလိလားလားတစ်ခုမှမတင်ခဲ့ဘူး ဒီနေ့အထိ။

ကျနော်အကုန်စွန့်ပြီး ယုံကြည်ရာကို နောက်ပြန်မလှည့်တန်းလျှောက်တဲ့အခါမှာလည်း ဘယ်သူ့ကိုမှပြစ်တင်စော်ကားခြင်းမလုပ်ခဲ့ဘူး။ သူများpostတွေမှာလည်း မထော်မနန်း ဝင်ပြီးမရေးခဲ့ဘူး။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းချူပ်ပြီး နေထိုင်ခဲ့တယ်။ ပြည်သူတွေအားကိုးရာဖြစ်အောင် လုပ်စရာရှိတာလုပ်ပြီးနေခဲ့တယ်။

သေချာတာကတော့ ကျနော်ဝေဖန်ကဲ့ရဲ့ပြစ်တင်တာကိုခံနိုင်တယ်။ တော်လှန်ရေးလုပ်တာပဲ တောထဲနေရတာ စုတ်ပြတ်သတ်နေတာ ပိန်သွားတာ ကျန်းမာရေးမကောင်းတာ လူရုပ်မပေါက်တော့တာ ဖြစ်မှာပေါ့။

အိမ်မှာနေ သလိုမဖြစ်တော့တာကိုပဲ ​ပျက်ရယ်ပြုလှောင်ပြောင် ခေတ်အဆက်ဆက်နဲ့နှိုင်းယှဥ်ပြပြီး မအောင်မြင်နိုင်ဘူးပြောနေကြတဲ့သူတွေကိုလည်း တော်တော်အံ့သြမိတယ်။

ဒီလောက်ပါပဲဗျာ။ ကျနော်တို့ကပေးဆပ်နေတာမဟုတ်ဘူးယုံကြည်ရာကိုလျှောက်နေကြတာ။ ခင်ဗျားတို့ ဖာသူ ခင်ဗျားတို့ မဂ်လာပဲဆောင်ဆောင် အောကားပဲရိုက်ရိုက် ကာရာအိုကေပဲသွားသွား ကျူပ်ကတော့အပြစ်မမြင် အပြစ်မတင်ဘူး။

ကြောင်ကညောင်ခွေးကဝုတ် နွားကဘွတ်အဲ အဲ…လူကတော့အသံမျိုးစုံလုပ်တတ်ကြတာပဲလေ။ ဘာဆန်းလို့လည်း…။ ” လို့ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ဦးကျော်သက်လင်း ကတော့ အချို့လူတွေရဲ့ လှောင်ပြောင်တာကို ခံနေရပေမယ့် အပြစ်မမြင်တတ်ပါဘူးတဲ့။ ဦးကျော်သက်လင်း ‌ဘေးကင်းကျန်းမာပါစေလို့ ကောမန့်မှာဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

႐ုပ္ရည္နဲ႔ပတ္သက္ၿပီး စုတ္ျပတ္သတ္ေနတယ္လို႔ ေလွာင္ေျပာင္ခံေနရတဲ့ ဦးေက်ာ္သက္လင္း

ျမန္မာ့အသံရဲ႕ သတင္းေၾကျငာသူတစ္ဦးျဖစ္တဲ့ ဦးေက်ာ္သက္လင္း ဟာ လက္ရွိမွာ CDM လုပ္ၿပီး အားလုံးနဲ႔ေဝးကြာတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနပါတယ္။ ဒါေၾကာင့္လဲ မိသားစုရဲ႕စြန႔္လႊတ္ျခင္းကိုခံရၿပီး တစ္ခ်ိဳ႕မိတ္ေဆြေတြရဲ႕ စိမ္းကားမူ႔ကိုလဲ ေတြ႕ႀကဳံခံစားခဲ့ရပါတယ္။

ဦးေက်ာ္သက္လင္း ဟာ အရာရာခက္ခဲ ၾကမ္းတမ္းေနေပမယ့္လဲ စိတ္ဓာတ္ကေတာ့ ခိုင္မာျပတ္သားေနဆဲပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဦးေက်ာ္သက္လင္း ဟာ သူ႔ရဲ႕႐ုပ္ရည္နဲ႔ပတ္သတ္ၿပီး ေလွာင္ေျပာင္တာကို ခံစားေနရတယ္လို႔ ပရိသတ္ကို ရင္ဖြင့္လာပါတယ္။

သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ဟာ သူ႔ရဲ႕ရင္တြင္းခံစားခ်က္ေတြကို အခုလိုပဲေရးသားလာခဲ့ပါတယ္။ “ခင္ဗ်ားတို႔သတိမထားမိတာလား ဘာလားေတာ့မသိ feb 1 ကစလို႔ က်ေနာ္postေတြမွာ ဟီးဟီးဟားဟား လိလိလားလားတစ္ခုမွမတင္ခဲ့ဘူး ဒီေန႔အထိ။

က်ေနာ္အကုန္စြန္႔ၿပီး ယုံၾကည္ရာကို ေနာက္ျပန္မလွည့္တန္းေလွ်ာက္တဲ့အခါမွာလည္း ဘယ္သူ႔ကိုမွျပစ္တင္ေစာ္ကားျခင္းမလုပ္ခဲ့ဘူး။ သူမ်ားpostေတြမွာလည္း မေထာ္မနန္း ဝင္ၿပီးမေရးခဲ့ဘူး။ အတတ္ႏိုင္ဆုံး စိတ္ကိုထိန္းခ်ဴပ္ၿပီး ေနထိုင္ခဲ့တယ္။ ျပည္သူေတြအားကိုးရာျဖစ္ေအာင္ လုပ္စရာရွိတာလုပ္ၿပီးေနခဲ့တယ္။

ေသခ်ာတာကေတာ့ က်ေနာ္ေဝဖန္ကဲ့ရဲ႕ျပစ္တင္တာကိုခံႏိုင္တယ္။ ေတာ္လွန္ေရးလုပ္တာပဲ ေတာထဲေနရတာ စုတ္ျပတ္သတ္ေနတာ ပိန္သြားတာ က်န္းမာေရးမေကာင္းတာ လူ႐ုပ္မေပါက္ေတာ့တာ ျဖစ္မွာေပါ့။

အိမ္မွာေန သလိုမျဖစ္ေတာ့တာကိုပဲ ​ပ်က္ရယ္ျပဳေလွာင္ေျပာင္ ေခတ္အဆက္ဆက္နဲ႔ႏႈိင္းယွဥ္ျပၿပီး မေအာင္ျမင္ႏိုင္ဘူးေျပာေနၾကတဲ့သူေတြကိုလည္း ေတာ္ေတာ္အံ့ၾသမိတယ္။

ဒီေလာက္ပါပဲဗ်ာ။ က်ေနာ္တို႔ကေပးဆပ္ေနတာမဟုတ္ဘူးယုံၾကည္ရာကိုေလွ်ာက္ေနၾကတာ။ ခင္ဗ်ားတို႔ ဖာသူ ခင္ဗ်ားတို႔ မဂ္လာပဲေဆာင္ေဆာင္ ေအာကားပဲ႐ိုက္႐ိုက္ ကာရာအိုေကပဲသြားသြား က်ဴပ္ကေတာ့အျပစ္မျမင္ အျပစ္မတင္ဘူး။

ေၾကာင္ကေညာင္ေခြးကဝုတ္ ႏြားကဘြတ္အဲ အဲ…လူကေတာ့အသံမ်ိဳးစုံလုပ္တတ္ၾကတာပဲေလ။ ဘာဆန္းလို႔လည္း…။ ” လို႔ ေရးသားထားပါတယ္။

ပရိသတ္ႀကီးေရ ဦးေက်ာ္သက္လင္း ကေတာ့ အခ်ိဳ႕လူေတြရဲ႕ ေလွာင္ေျပာင္တာကို ခံေနရေပမယ့္ အျပစ္မျမင္တတ္ပါဘူးတဲ့။ ဦးေက်ာ္သက္လင္း ‌ေဘးကင္းက်န္းမာပါေစလို႔ ေကာမန႔္မွာဆုေတာင္းစကားေလးေတြ ေျပာေပးခဲ့ပါအုန္းေနာ္။