Cele News

တော်လှန်ရေးကို ဘယ်တော့မှလက်မလျှော့ဖို့ ပြည်သူတွေကို အားပေးလိုက်တဲ့ မင်းသား ဒေါင်း

ပရိသတ်ကြီးရေ… မင်းသား ဒေါင်း ကတော့ အမှန်တရားကိုချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပြီးတော့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့အပြင် ယောက်ကျားပီသတဲ့ ရုပ်ရည်သွင်ပြင်ရှိတာကြောင့် မိန်းကလေးတိုင်း ချစ်ခင်အားပေးရတဲ့ မင်းသားချောတစ်လက် ဖြစ်ပါတယ်။

ဒေါင်း ကတော့ ပြည်သူတွေနဲ့အတူ အမြဲတမ်းရပ်တည်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် ပိုမိုချစ်ခင်ကြရပြန်ပါတယ်။ ဒါကြောင့်လဲ မင်းသားချော ဒေါင်း ဟာ လက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး တိမ်းရှောင်နေရပါတယ်။ တိမ်းရှောင်နေရင်း ပြည်သူတွေကို ခွန်အားရှိစေမယ့် စကားလေးတွေနဲ့ အားပေးစကားပြောလိုက်ပါတယ်။

မင်းသား ဒေါင်း ဟာ ပြည်သူတွေကို ဘယ်တော့မှ လက်မလျှော့ကြဖို့ အားပေးစကားလေးတွေကို ထိထိမိမိ ပြောလိုက်ပါတယ်။ ” မျှော်လင့်ချက်ဟာ ဘယ်တော့မှလက်မလျှော့ခြင်း နောက်မဆုတ်ခြင်း အရာရာကိုကျော်လွှားရမည့် ပန်းတိုင်ဖြစ်တယ် တို့တွေရောက်အောင်သွားကြမယ် ” လို့ သူ့ရဲ့လူမူ့ကွန်ယက်မှာ ရေးသားထားခဲ့ပါတယ်။

မင်းသားချော ဒေါင်း ဟာ မြဝတီမင်းကြီး ဦးစအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ထိုင်းအနုပညာရှင်နဲ့အတူရိုက်ကူးထားတဲ့ “ကျောက်ဖရားမှသည်ဧရာဝတီ” ဇာတ်လမ်းတွဲဟာအတော်လေး အောင်မြင်ခဲ့ပါတယ်။ ချောမောပြီး ယောင်္ကျားပီသတဲ့ ရုပ်ရည်ကြောင့် သူဟာ လက်ရှိမှာ ထိုင်းနိုင်ငံ ရဲ့ မိန်းကလေးပရိသတ်တွေကြား အတော်လေး နာမည်ကြီး ရေပန်းစားနေခဲ့ပါတယ်။

မင်းသား ဒေါင်း ဟာ မြန်မာနိုင်ငံအရေးမှာ ဘယ်တော့မှ သွေးအေးမသွားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ ပရိသတ်တွေကို ဘယ်တော့မှ လက်မလျှော့ကြဖို့ အားပေးစကားဆိုခဲ့တာ ပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ျပည္သူေတြကို ဘယ္ေတာ့မွလက္မေလွ်ာ့ဖို႔ အားေပးလိုက္တဲ့ မင္းသား ေဒါင္း

ပရိသတ္ႀကီးေရ… မင္းသား ေဒါင္း ကေတာ့ အမွန္တရားကိုခ်စ္ျမတ္ႏိုးသူတစ္ေယာက္ ျဖစ္ၿပီးေတာ့ က်ရာဇာတ္႐ုပ္ကို ပိုင္ပိုင္ႏိုင္ႏိုင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသားေခ်ာတစ္ေယာက္ျဖစ္တဲ့အျပင္ ေယာက္က်ားပီသတဲ့ ႐ုပ္ရည္သြင္ျပင္ရွိတာေၾကာင့္ မိန္းကေလးတိုင္း ခ်စ္ခင္အားေပးရတဲ့ မင္းသားေခ်ာတစ္လက္ ျဖစ္ပါတယ္။

ေဒါင္း ကေတာ့ ျပည္သူေတြနဲ႔အတူ အၿမဲတမ္းရပ္တည္ေနတဲ့ အႏုပညာရွင္တစ္ဦးျဖစ္တာေၾကာင့္ ပိုမိုခ်စ္ခင္ၾကရျပန္ပါတယ္။ ဒါေၾကာင့္လဲ မင္းသားေခ်ာ ေဒါင္း ဟာ လက္ရွိမွာ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရၿပီး တိမ္းေရွာင္ေနရပါတယ္။ တိမ္းေရွာင္ေနရင္း ျပည္သူေတြကို ခြန္အားရွိေစမယ့္ စကားေလးေတြနဲ႔ အားေပးစကားေျပာလိုက္ပါတယ္။

မင္းသား ေဒါင္း ဟာ ျပည္သူေတြကို ဘယ္ေတာ့မွ လက္မေလွ်ာ့ၾကဖို႔ အားေပးစကားေလးေတြကို ထိထိမိမိ ေျပာလိုက္ပါတယ္။ ” ေမွ်ာ္လင့္ခ်က္ဟာ ဘယ္ေတာ့မွလက္မေလွ်ာ့ျခင္း ေနာက္မဆုတ္ျခင္း အရာရာကိုေက်ာ္လႊားရမည့္ ပန္းတိုင္ျဖစ္တယ္ တို႔ေတြေရာက္ေအာင္သြားၾကမယ္ ” လို႔ သူ႔ရဲ႕လူမူ႔ကြန္ယက္မွာ ေရးသားထားခဲ့ပါတယ္။

မင္းသားေခ်ာ ေဒါင္း ဟာ ျမဝတီမင္းႀကီး ဦးစအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ထိုင္းအႏုပညာရွင္နဲ႔အတူ႐ိုက္ကူးထားတဲ့ “ေက်ာက္ဖရားမွသည္ဧရာဝတီ” ဇာတ္လမ္းတြဲဟာအေတာ္ေလး ေအာင္ျမင္ခဲ့ပါတယ္။ ေခ်ာေမာၿပီး ေယာက်ၤားပီသတဲ့ ႐ုပ္ရည္ေၾကာင့္ သူဟာ လက္ရွိမွာ ထိုင္းႏိုင္ငံ ရဲ႕ မိန္းကေလးပရိသတ္ေတြၾကား အေတာ္ေလး နာမည္ႀကီး ေရပန္းစားေနခဲ့ပါတယ္။

မင္းသား ေဒါင္း ဟာ ျမန္မာႏိုင္ငံအေရးမွာ ဘယ္ေတာ့မွ ေသြးေအးမသြားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ပရိသတ္ေတြကို ဘယ္ေတာ့မွ လက္မေလွ်ာ့ၾကဖို႔ အားေပးစကားဆိုခဲ့တာ ပဲ ျဖစ္ပါတယ္။ အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။