Cele News

ဘယ်လိုပဲနေထိုင်ပါစေ အနှိမ်ခံဘဝကိုပဲ ရောက်ရှိနေတယ်လို့ ရင်ဖွင့်လိုက်တဲ့ အဆိုတော် စောခရစ် မူးလာ

ပရိသတ်ကြီး‌ရေ ကရင်တိုင်းရင်းသားလေးတစ်ဦးဖြစ်တဲ့ စောခရစ်မူးလာ ကတော့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

မူးလာ ကတော့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် နာမည်ကြီးလူသိများလာခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ထူးခြားတဲ့အသံပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။

မူးလာ ဟာ အမှန်တရားကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး နွေဦးတော်လှန်ရေးအစထဲက ပြည်သူတွေနဲ့အတူ ပူးပေါင်းလှုပ်ရှားခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

တော်လှန်ရေးနယ်မြေမှာ အစားအသောက်အနေအထိုင် ပင်ပန်းဆင်းရဲစွာနေထိုင်ရင်း မိသားစုနဲ့ဝေးရာမှာ ကြိုးစားနေထိုင်နေတဲ့ မူးလာ ကိုတော့ ချစ်တဲ့ပရိသတ်တွေအားလုံးက ဂုဏ်ယူလေးစားနေကြရတာပါ။

မူးလာ ဟာ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေတဲ့ ပွဲတွေမှာလဲ အမြဲတမ်းလိုလို ပါဝင်နေပြီး ပြည်သူချစ်တဲ့ ဟားငါးကောင်လူရွှင်တော်အဖွဲ့ဝင်တွေနဲ့လဲ အရမ်းကိုခင်မင်တာလဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စောခရစ်မူးလာ ဟာ ရင်တွင်းက ခံစားချက်အချို့ကို ပရိသတ်တွေသိအောင် လူမှု့ကွန်ယက်ပေါ်မှတစ်ဆင့် ပြောပြလိုက်တာပဲ ဖြစ်ပါတယ်။

” ရှင်သန်ရင်း ရှင်သန်ရင်း အနှိမ်ခံဘဝထဲကပါပဲလား အော်” ဆိုပြီး ဖေ့ဘွတ် STORY မှာ ရေးသားထားတာကြောင့် ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်နေကြတာလဲ ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေမှာ ကြိုးစားနေထိုင်နေတဲ့ မူးလာ အတွက် အားပေးစကားလေးတွေ ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။








