Cele News

ခံယူချက်ကြီးမားတဲ့ တွတ်ပီစိတ်ဓာတ်ကို ဓာတ်ပုံလေးနဲ့အတူ ပြောပြလိုက်တဲ့ မေမေ ခင်မြတ်မွန်

တောထဲမှာ အမှန်တရားအတွက် ကြိုးစားတိုက်ပွဲဝင်ရင်း ခက်ခဲကြမ်းတမ်းတဲ့ရေမြေဒဏ်နဲ့ အစားအသောက်ဆင်းရဲဒဏ်ကြောင့် အစာအိမ်သွေးကြောပေါက်ပြီး လူ့လောကကြီးထဲက အစောကြီးထွက်ခွာသွားခဲ့တဲ့ ‌အဆိုတော် ရေမွန် ကွယ်လွန်ခဲ့တာဆိုရင်တော့ ၅လတင်းတင်းပြည့်ခဲ့ပါပြီ။

ရေမွန်ရဲ့မိခင်ဖြစ်သူကတော့ သားဖြစ်သူကို သတိရတမ်းတနေတာကြောင့် ငယ်ငယ်ကချစ်ဖို့ကောင်းတဲ့ ရှားပါးဓာတ်ပုံလေးနဲ့အတူ ရေမွန်ငယ်စဉ်ကအကြောင်းလေးတွေကို ရေးသားထားပါတယ်။

ဒေါ်ခင်မြတ်မွန် ကတော့သားဖြစ်သူ ငယ်စဉ်ကတည်းက ခံယူချက်ကြီးမားကြောင်းကို ပရိသတ်တွေသိရအောင် အခုလိုပဲရေးသားဖော်ပြခဲ့ပါတယ်။ ” တွတ်ပီ..ငယ်ငယ်ထဲကဒီလိုခံယူချက်ကြီးမားတာ အင်းးး ခုချိန်သာ သူရှိနေရင်..သေချာတယ်

တောထဲမှာဘဲ ဖိုက်နေမလား..? မြို့ပြ mission မှာဘဲ ပါဝင်လှုပ်ရှားနေမလား…” လို့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေထားတာကိုလဲ တွေ့ရပါတယ်။ စာသားလေးနဲ့အတူ ပရိသတ်တွေ မမြင်ဖူးသေးတဲ့ တွတ်ပီငယ်ငယ်က ဓာတ်ပုံလေးတစ်ပုံကိုပါ ဖော်ပြထားတာကြောင့်

ပရိသတ်တွေကတော့ ကွယ်လွန်သွားတဲ့ ‌ရေမွန်ကို ပိုမိုနှမြောတသဖြစ်ကြရပြန်ပါတယ်။ ရေမွန်မိခင်ကတော့ သားဖြစ်သူကွယ်လွန်သွားခဲ့ပေမယ့် ယနေထိတိုင်အောင် ရေမွန်နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေကို လူမှု့ကွန်ယက်မှာပရိသတ်တွေအတွက် ဖော်ပြပေးရင်းနဲ့အလွမ်းဖြေနေရတာပဲဖြစ်ပါတယ်။

ကဲ…ပရိသတ်ကြီးရေ ဒီလောက်ဆိုရင်တော့ အဆိုတော် ရေမွန် ရဲ့စိတ်ဓာတ်နဲ့ခံယူချက်ကြီးမားလွန်းတာကို သိလောက်ကြပြီထင်ပါတယ်။ ကွယ်လွန်သွားတဲ့ ကိုတွတ်ပီလဲ ငြိမ်းချမ်းတဲ့နေရာမှာ သူချစ်တဲ့ သီချင်းတွေကို ဆက်လက်ဖန်တီးနေလောက်ပြီထင်ပါတယ်နော်။

အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ခံယူခ်က္ႀကီးမားတဲ့ တြတ္ပီစိတ္ဓာတ္ကို ဓာတ္ပုံေလးနဲ႔အတူ ေျပာျပလိုက္တဲ့ ေမေမ ခင္ျမတ္မြန္

ေတာထဲမွာ အမွန္တရားအတြက္ ႀကိဳးစားတိုက္ပြဲဝင္ရင္း ခက္ခဲၾကမ္းတမ္းတဲ့ေရေျမဒဏ္နဲ႔ အစားအေသာက္ဆင္းရဲဒဏ္ေၾကာင့္ အစာအိမ္ေသြးေၾကာေပါက္ၿပီး လူ႔ေလာကႀကီးထဲက အေစာႀကီးထြက္ခြာသြားခဲ့တဲ့ ‌အဆိုေတာ္ ေရမြန္ ကြယ္လြန္ခဲ့တာဆိုရင္ေတာ့ ၅လတင္းတင္းျပည့္ခဲ့ပါၿပီ။

ေရမြန္ရဲ႕မိခင္ျဖစ္သူကေတာ့ သားျဖစ္သူကို သတိရတမ္းတေနတာေၾကာင့္ ငယ္ငယ္ကခ်စ္ဖို႔ေကာင္းတဲ့ ရွားပါးဓာတ္ပုံေလးနဲ႔အတူ ေရမြန္ငယ္စဥ္ကအေၾကာင္းေလးေတြကို ေရးသားထားပါတယ္။

ေဒၚခင္ျမတ္မြန္ ကေတာ့သားျဖစ္သူ ငယ္စဥ္ကတည္းက ခံယူခ်က္ႀကီးမားေၾကာင္းကို ပရိသတ္ေတြသိရေအာင္ အခုလိုပဲေရးသားေဖာ္ျပခဲ့ပါတယ္။ ” တြတ္ပီ..ငယ္ငယ္ထဲကဒီလိုခံယူခ်က္ႀကီးမားတာ အင္းးး ခုခ်ိန္သာ သူရွိေနရင္..ေသခ်ာတယ္

ေတာထဲမွာဘဲ ဖိုက္ေနမလား..? ၿမိဳ႕ျပ mission မွာဘဲ ပါဝင္လႈပ္ရွားေနမလား…” လို႔ သူမရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားမွ်ေဝထားတာကိုလဲ ေတြ႕ရပါတယ္။ စာသားေလးနဲ႔အတူ ပရိသတ္ေတြ မျမင္ဖူးေသးတဲ့ တြတ္ပီငယ္ငယ္က ဓာတ္ပုံေလးတစ္ပုံကိုပါ ေဖာ္ျပထားတာေၾကာင့္

ပရိသတ္ေတြကေတာ့ ကြယ္လြန္သြားတဲ့ ‌ေရမြန္ကို ပိုမိုႏွေျမာတသျဖစ္ၾကရျပန္ပါတယ္။ ေရမြန္မိခင္ကေတာ့ သားျဖစ္သူကြယ္လြန္သြားခဲ့ေပမယ့္ ယေနထိတိုင္ေအာင္ ေရမြန္နဲ႔ပတ္သတ္တဲ့အေၾကာင္းအရာေလးေတြကို လူမႈ႕ကြန္ယက္မွာပရိသတ္ေတြအတြက္ ေဖာ္ျပေပးရင္းနဲ႔အလြမ္းေျဖေနရတာပဲျဖစ္ပါတယ္။

ကဲ…ပရိသတ္ႀကီးေရ ဒီေလာက္ဆိုရင္ေတာ့ အဆိုေတာ္ ေရမြန္ ရဲ႕စိတ္ဓာတ္နဲ႔ခံယူခ်က္ႀကီးမားလြန္းတာကို သိေလာက္ၾကၿပီထင္ပါတယ္။ ကြယ္လြန္သြားတဲ့ ကိုတြတ္ပီလဲ ၿငိမ္းခ်မ္းတဲ့ေနရာမွာ သူခ်စ္တဲ့ သီခ်င္းေတြကို ဆက္လက္ဖန္တီးေနေလာက္ၿပီထင္ပါတယ္ေနာ္။

အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။