Cele News

စိတ်ခံစားချက်တွေကို နှိမ့်ချရင်း မိတ်ဆွေသူငယ်ချင်းတွေကို ဆက်ဆံတယ်ဆိုတဲ့ ဦးကျော်သက်လင်း

“ကျန်းမာတော်မူကြပါစခင်ဗျာ” လို့ ငယ်စဥ်အချိန်ထဲက ည ၈နာရီဆိုရင် ကြားနေရစမြဲဖြစ်တဲ့ MRTV မှသတင်းတင်ဆက်သူတစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်း ကိုတော့ လူတိုင်းမှတ်မိကြလိမ့်မယ်ထင်ပါတယ်နော်။

သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ တိုက်ပုံအင်္ကျီကို သေသေသပ်သပ် ဝတ်ဆင်ထားပြီး အသံပါဝါကောင်းကောင်းနဲ့ သတင်းတွေကို ပြတ်ပြတ်သားသား တင်ဆက်နိုင်သူတစ်ဦးပါပဲ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်တွင် အစောဆုံး CDM ပြုလုပ်ခဲ့တဲ့ MRTV မှ ဝန်ထမ်းတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပရိသတ်တွေက ဦးကျော်သက်လင်း ကိုပိုမိုချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ဦးကျော်သက်လင်း ကတော့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပတ်သတ်ပြီး စိတ်ခံစားချက်တစ်ချို့ကို အခုလိုပဲပြန်လည်မျှဝေလိုက်ပါတယ်။

ဦးကျော်သက်လင်းဟာ ” ကျနော် အားလုံးကိုနားလည်ပါတယ်။ ဒီကာလအပိုင်းအခြားမှာ ဖြစ်နေတဲ့ ကျနော့်ရဲ့စိတ်ခံစားချက်ကို အတတ်နိုင်ဆုံးနှိမ့်ချရင်း ခြိုးနှိမ်ရင်း အပြင်မှာရော fbပေါ်ကပါသိတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုဆက်ဆံပါတယ်။

ဒါပေမယ့် လူရင်းတွေ ပြောမနာဆိုမနာသူငယ်ချင်းတွေကတော့ ခံရတာပေါ့။ တချို့သော မှားယွင်းစွာတုံ့ပြန်မိတဲ့ကျနော့် ရဲ့အပြုအမူ အပြောအဆိုတွေက ပစ်ပြီးတဲ့မြားလို ထွက်ပြီးတဲ့ဆင်စွယ်လို ပြန်သိမ်းမရခဲ့သည်ရှိသော် ဒီကနေပဲ အနူးအညွတ်တောင်းပန်ပါရစေ။

ခက်ခဲပြင်းထန်လွန်းတဲ့ကာလရှည်ကြီးထဲမှာ အရာအားလုံးကတော့ အဆင်ပြေမနေမှန်း ကျနော်သိပေမယ့်လည်း တချို့အရာတွေကတော့ ပြန်လည်တည်ဆောက်လို့မရအောင်လွန်ခဲ့ပါပြီ။

တခြား တိုတိုထွာထွာလေးတွေရေးချင်တာကတော့ fbက ကျနော့် friend တော်တော်များများကို like&comment မပေးတာ ကျနော့်ကြောင့်ဆုံးရှုံးနစ်နာရမှာစိုးလို့ပါ။ ကျနော့်ကိုမတုံ့ပြန်ထားရင်လည်း အခြေအနေအရပ်ရပ်ကြောင့်ဆိုတာနားလည်ပါတယ်။ အချူပ်ပြောချင်တာကတော့ဗျာ…

လူကကြမ်းလာလေ အသဲကပိုနုလာလေမို့ ကျနော်အားလုံးကိုနားလည်ပေးနိုင်ပါတယ်။ စကားမစပ် သူငယ်ချင်းပို့ပေးတဲ့ ဆေးတွေကို ဒီက ကလေးတွေနဲ့အတူ ငါလည်းသောက်ပါတယ်။မျိုးစေ့လေးတွေလည်း အပင်ပေါက်လာကြပါပြီ။

အရာအားလုံးဟာ အချိန်တော့စောင့်ရတာပေါ့…။ ” လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ရဲ့ မိတ်ဆွေတွေအတွက် ‌ရေးသားထားတဲ့ စာလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

စိတ္ခံစားခ်က္ေတြကို ႏွိမ့္ခ်ရင္း မိတ္ေဆြသူငယ္ခ်င္းေတြကို ဆက္ဆံတယ္ဆိုတဲ့ ဦးေက်ာ္သက္လင္း

“က်န္းမာေတာ္မူၾကပါစခင္ဗ်ာ” လို႔ ငယ္စဥ္အခ်ိန္ထဲက ည ၈နာရီဆိုရင္ ၾကားေနရစၿမဲျဖစ္တဲ့ MRTV မွသတင္းတင္ဆက္သူတစ္ဦးျဖစ္တဲ့ ဦးေက်ာ္သက္လင္း ကိုေတာ့ လူတိုင္းမွတ္မိၾကလိမ့္မယ္ထင္ပါတယ္ေနာ္။

သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ဟာ တိုက္ပုံအက်ႌကို ေသေသသပ္သပ္ ဝတ္ဆင္ထားၿပီး အသံပါဝါေကာင္းေကာင္းနဲ႔ သတင္းေတြကို ျပတ္ျပတ္သားသား တင္ဆက္ႏိုင္သူတစ္ဦးပါပဲ။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခ်ိန္တြင္ အေစာဆုံး CDM ျပဳလုပ္ခဲ့တဲ့ MRTV မွ ဝန္ထမ္းတစ္ဦးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ပရိသတ္ေတြက ဦးေက်ာ္သက္လင္း ကိုပိုမိုခ်စ္ခင္အားေပးေနၾကတာပဲ ျဖစ္ပါတယ္။

လက္ရွိမွာ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ ဦးေက်ာ္သက္လင္း ကေတာ့ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ပတ္သတ္ၿပီး စိတ္ခံစားခ်က္တစ္ခ်ိဳ႕ကို အခုလိုပဲျပန္လည္မွ်ေဝလိုက္ပါတယ္။

ဦးေက်ာ္သက္လင္းဟာ ” က်ေနာ္ အားလုံးကိုနားလည္ပါတယ္။ ဒီကာလအပိုင္းအျခားမွာ ျဖစ္ေနတဲ့ က်ေနာ့္ရဲ႕စိတ္ခံစားခ်က္ကို အတတ္ႏိုင္ဆုံးႏွိမ့္ခ်ရင္း ၿခိဳးႏွိမ္ရင္း အျပင္မွာေရာ fbေပၚကပါသိတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြကိုဆက္ဆံပါတယ္။

ဒါေပမယ့္ လူရင္းေတြ ေျပာမနာဆိုမနာသူငယ္ခ်င္းေတြကေတာ့ ခံရတာေပါ့။ တခ်ိဳ႕ေသာ မွားယြင္းစြာတုံ႔ျပန္မိတဲ့က်ေနာ့္ ရဲ႕အျပဳအမူ အေျပာအဆိုေတြက ပစ္ၿပီးတဲ့ျမားလို ထြက္ၿပီးတဲ့ဆင္စြယ္လို ျပန္သိမ္းမရခဲ့သည္ရွိေသာ္ ဒီကေနပဲ အႏူးအၫြတ္ေတာင္းပန္ပါရေစ။

ခက္ခဲျပင္းထန္လြန္းတဲ့ကာလရွည္ႀကီးထဲမွာ အရာအားလုံးကေတာ့ အဆင္ေျပမေနမွန္း က်ေနာ္သိေပမယ့္လည္း တခ်ိဳ႕အရာေတြကေတာ့ ျပန္လည္တည္ေဆာက္လို႔မရေအာင္လြန္ခဲ့ပါၿပီ။

တျခား တိုတိုထြာထြာေလးေတြေရးခ်င္တာကေတာ့ fbက က်ေနာ့္ friend ေတာ္ေတာ္မ်ားမ်ားကို like&comment မေပးတာ က်ေနာ့္ေၾကာင့္ဆုံးရႈံးနစ္နာရမွာစိုးလို႔ပါ။ က်ေနာ့္ကိုမတုံ႔ျပန္ထားရင္လည္း အေျခအေနအရပ္ရပ္ေၾကာင့္ဆိုတာနားလည္ပါတယ္။ အခ်ဴပ္ေျပာခ်င္တာကေတာ့ဗ်ာ…

လူကၾကမ္းလာေလ အသဲကပိုႏုလာေလမို႔ က်ေနာ္အားလုံးကိုနားလည္ေပးႏိုင္ပါတယ္။ စကားမစပ္ သူငယ္ခ်င္းပို႔ေပးတဲ့ ေဆးေတြကို ဒီက ကေလးေတြနဲ႔အတူ ငါလည္းေသာက္ပါတယ္။မ်ိဳးေစ့ေလးေတြလည္း အပင္ေပါက္လာၾကပါၿပီ။

အရာအားလုံးဟာ အခ်ိန္ေတာ့ေစာင့္ရတာေပါ့…။ ” လို႔ သူ႔ရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ရဲ႕ မိတ္ေဆြေတြအတြက္ ‌ေရးသားထားတဲ့ စာေလးကို ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္ေနာ္။

အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။