Cele News

နစက ဆိုတဲ့အဓိပ္ပာယ်ကို ပြည်သူတွေနားလည်အောင် ရှင်းပြလိုက်တဲ့ လူရွှင်တော် တိုင်းကျော်

ပရိသတ်ကြီးရေ ဟားငါး‌ကောင်အဖွဲ့ဝင် လူရွှင်တော် တိုင်းကျော် ကတော့ လက်ရှိမှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို တော်လှန်ရေးအတွက် အဖွဲ့ဝင်ညီအစ်ကိုတွေနဲ့အတူ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ဟာသဇာတ်ကားတွေ တော်တော်များများမှာ ဝင်ရောက်သရုပ်ဆောင်ပြီး ဇာတ်သဘင်လောကမှာလဲ နာမည်ကြီးလူရွှင်တော်တွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ ညီအစ်ကိုတွေလိုပဲအရမ်းကိုချစ်ခင်ကြပါတယ်နော်။

ဒါကြောင့်လဲ အမှန်တရားဘက်တော်သား ညီအစ်ကိုချင်း ရင်ဘတ်ချင်းတူတာကြောင့် လွတ်မြောက်နယ်မြေကို တူတူသွားရောက်ခဲ့ကြတာလဲ ဖြစ်ပါတယ်။

စိတ်ဓာတ်ခိုင်မာတဲ့ သူတို့အဖွဲ့ကတော့ တိုက်ပွဲအတွက် ကြိုးစားတဲ့အပြင် ပြည်သူတွေကို ဟာဒယရွှင်ဆေးဖြစ်တဲ့ ရယ်စရာဟာသလေးတွေကိုလဲ လွတ်မြောက်နယ်မြေမှာ ရှိနေစဉ်အတွင်း အွန်လိုင်းပေါ်မှတစ်ဆင့် ကြိုးစားဖျော်ဖြေကြပါသေးတယ်။

မိသားစုနဲ့ခွဲခွာပြီး တော်လှန်ရေးနယ်မြေကို ရောက်ရှိနေတဲ့ တိုင်းကျော် ကတော့ အခုချိန်ထိတိုင်အာင် တော်လှန်ရေးအတွက် စိတ်ဓာတ်မကျပဲ ပန်းတိုင်ကိုရောက်ရှိအောင် ကြိုးစားနေတာကို တွေ့ရပါတယ်။

နစက ဆိုတဲ့အဓိပ္ပာယ်ကို ပြည်သူတွေနားလည်အောင် အခုလိုပဲ ရှင်းပြလိုက်ပါတယ်။

” နစက ဆို သည် မှာ ( န ) နိုင်ငံတော် ကို( စ ) ​ေ စ ာ က် တလွဲ လုပ်နေသော( က ) ကမကလ များ အဖွဲ့”လို့ ရေးသားထားတာကို တွေ့ရပါတယ်။







