Cele News

အမြဲတရားတဲ့ဘက်မှာ ရပ်တည်တဲ့ သားဖြစ်သူရဲ့မွေးနေ့အတွက် ဆုတောင်းပေးလိုက်တဲ့ ဖေဖေ ရန်ရန်ချမ်း

ပရိသတ်ကြီးရေ The Voice Myanmar မှာဒိုင်အဖြစ်ပါဝင်ခဲ့ပြီးတော့ ဟစ်ဟော့ပ်လောကမှာ နာမည်ကြီးလူသိများတဲ့ အဆိုတော် ရန်ရန်ချမ်း ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် ရန်ရန်ချမ်း ကိုတော့ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ရန်ချမ်း ကတော့ မိသားစုနဲ့အတူ တိမ်းရှောင်နေပြီး ဘေးကင်းရာကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ဒီလိုတိမ်းရှောင်နေရင်းနဲ့ပဲ ရန်ရန်ချမ်း ရဲ့ သားလေးကတော့ အသက် ၁၀ နှစ်ပြည့်သွားခဲ့ပြီလို့လဲ သိရပါတယ်။ ရန်ရန်ချမ်း ကတော့ သားဖြစ်သူရဲ့မွေးန့ကို အခုလိုပဲ လေးလေးနက်နက်နဲ့ ဆုတောင်းပေးလိုက်ပါတယ်။

” ငါ့သားလေးဘာလိုလိုနဲ့(၁၀)တောင်ရှိသွားပြီ….. Darr_Tayan HAPPYBIRTHDAY အမြဲတရားတဲ့ဘက်မှာရပ်နိုင်ပါစေကွာ ချစ်တဲ့ဖားသားကြီးနဲ့မားသားကြီး Nt Chili ” လို့ ရန်ရန်ချမ်း ဟာ သူ့ရဲလူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ရန်ရန်ချမ်း ရဲ့ သားလေး မွေးနေ့မှစပြီး အသက်ရာကျော်ရှည်တိုင်အောင် ချစ်ရတဲ့မိသားစုနဲ့အတူ နေထိုင်နိုင်ပြီး ထူးချွန်ထက်မြတ်၍ မိဘကိုလုပ်ကျွေးနိုင်တဲ့ သားကောင်းရတနာလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။






