ဗွီဒီယိုခေတ်တခေတ်ထခဲ့တဲ့အချိန်က နယ်ပရိသတ်တွေ နဲ့ မြို့ပရိသတ်တွေပါ ပိုင်ဆိုင်ထားတဲ့ မင်းသား ထွန်းလွင်အောင် ကိုတော့ ပရိသတ်တိုင်း မှတ်မိကြအုန်းမယ်ထင်ပါတယ်။
တစ်ချိန်က ဆားပုလင်းနှင်းမောင် ဆိုတဲ့ စုံထောက် ဗွီဒီယိုဇာတ်ကားတွေဟာ အရမ်းကို နာမည်ကြီး လူကြိုက်များခဲ့ပါတယ်။
မင်းသား ထွန်းလွင်အောင် ဟာ နာမည်ကျော် စုံထောက်ကြီးဖြစ်တဲ့ ဆားပုလင်းနှင်းမောင် ကာရိုက်တာကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။
ဒါအပြင် ဆားပုလင်းနှင်းမောင် ကာရိုက်တာနဲ့ အလိုက်ဖက်ဆုံး သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေက သတ်မှတ်ထားခြင်းခံရပါတယ်။
ဆားပုလင်းနှင်းမောင် ကာရိုက်တာ နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား ထွန်းလွင်အောင် ဟာ လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ပါဘူး။
ကိုဗစ်မတိုင်ခင်တစ်နှစ်လောက်ကတည်းက လာဌားမယ့်လူမရှိလို့ အနားယူထားတာ အခုဆိုရင် ၃ နှစ်နီးပါးရှိခဲ့ပါပြီ။
အလုပ်မရှိတော့တာကြောင့် လက်ရှိအချိန်မှာ အိမ်မှာပဲနေပြီး ရှိတာလေးတွေ ထိုင်စားနေပါတယ်။ အခြားအနုပညာရှင်တွေက လက်ရှိကာလမှာ ဇာတ်ကားမရိုက်ရပေမယ့် ဈေးရောင်းနိုင်တယ်၊
ပရိသတ်တွေနဲ့အဆင်ပြေအောင်နေနိုင်တယ် ဒါပေမယ့် သူ့အတွက်တော့ ဒီလိုအလုပ်တွေ လုပ်ကိုင်ဖို့ခက်ခဲပါတယ်တဲ့။
ဇာတ်ကားတွေ မရိုက်ကူးတော့တဲ့အကြောင်းရင်းကတော့ သူ့ကို ကားရိုက်ဖို့ လာရောက်ကမ်းလှမ်းမဲ့လူမရှိတော့တာကြောင့် ဖြစ်ပါတယ်။
ဒါပေမယ့် လာရောက်ကမ်းလှမ်းရင်လဲ အသက်ကြီးနေပြီဖြစ်တာကြောင့် ဆက်မလုပ်တော့ဖြစ်တော့ပါဘူး။
မင်းသား ထွန်းလွင်အောင် ဟာ ” သရုပ်ဆောင်ဆိုတာ လာဌားမှရိုက်ရတာပါ၊ ဒါပေမယ့် လာဌားလဲ အသက်ကြီးသွားလို့ ပရိသတ်မကြိုက်လောက်တော့ပါဘူး” လို့ ပြောခဲ့ပါတယ်။
အနုပညာရှင်အသစ်တွေပေါ်ပေါက်လာပြီး အချို့အနုပညာရှင်တွေက ရိုက်ကူးမူ့တွေပြန်လည်လုပ်ကိုင်နေကြပေမယ့် လာမကမ်းလှမ်းလို့ မလုပ်ကိုင်တော့တာပါ။
ဒါပေမယ့် အနုပညာအလုပ်ကိုတော့ မစွန့်လွှတ်ပါ၊ ကမ်းလှမ်းလာရင်လဲ အသက်အရွယ်နဲ့လိုက်ဖက်တဲ့ ကာရိုက်တာရှိလာရင်တော့ ရိုက်ကူးပါမယ်။
ထွန်းလွင်အောင် ဟာ လက်ရှိအခြေအနေကြောင့် အနုပညာပြန်လုပ်ရင် ပရိသတ်က အထင်လွဲမှာလဲစိုးရိမ်နေပါသေးတယ်။
ပရိသတ်တွေအတွက် ဆုတောင်းစကားကတော့ ပရိသတ်ချစ်ခင်တဲ့ အနုပညာရှင်တွေနဲ့ အမြန်ဆုံးတစ်သားထဲ ပြန်လည်အားပေးနိုင်ပါစေ၊ အနုပညာရှင်တွေလဲ အနုပညာအလုပ်ကို ပြန်လည်လုပ်ကိုင်နိုင်ကြပါစေ။
ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ဖြစ်တော့တဲ့ အကြောင်းရင်းကိုပြောပြခဲ့တဲ့ တစ်ချိန်က ဆားပုလင်းနှင်းမောင် ခေါ် ထွန်းလွင်အောင်