Cele News

တောထဲမှာ ခက်ခဲပင်ပန်းတာတွေရှိပေမယ့် အားတင်းထားဖို့ ကိုယ့်ကိုကိုယ်သတိပေးလိုက်တဲ့ မြနှင်းရည်လွင်

MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်ချစ်ခင်အားပေးမူ့ကို ရရှိခဲ့တဲ့ သရုပ်ဆောင် မြနှင်းရည်လွင် ကိုတော့ အားလုံးပဲ သိကြလိ့မယ်ထင်ပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမူ့မှာ မြနှင်းရည်လွင် ဟာ အနုပညာရှင်တစ်ယောက်အနေနဲ့ ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးမှာ တတ်တတ်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် ကာရိုက်တာမျိုးစုံကို သရုပ်ဆောင်နိုင်တဲ့အပြင် သူရဲကောင်းဆန်တဲ့ သူမရဲ့စိတ်ဓာတ်ကြောင့်လဲ ပရိသတ်တွေ ပိုမိုချစ်ခင်အားပေးကြရပြန်ပါတယ်။

မြနှင်းရည်လွင် ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့်စစ်ကောင်စီ ရဲ့ တရားစွဲဆိုခြင်းကို ခံခဲ့ရပါတယ်။

ဒါအပြင်သူမအပါအဝင် ဆန္ဒပြမူ့တွေမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေကို လိုက်လံဖမ်းဆီးမူ့တွေ ရှိခဲ့တာကြောင့် ဘေးကင်းရာကို အချိန်မှီတိမ်းရှောင်ရင်း လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ရပါတယ်။

လွတ်မြောက်နယ်မြေမှာ ခက်ခဲကြမ်းတမ်းပေမယ့် အဆင်ပြေအောင်နေထိုင်ရင်း စစ်ကောင်စီကိုတွန်းလှန်နေကြပါတယ်။

ဒီအထဲမှာ သရုပ်ဆောင် မြနှင်းရည်လွင် ဟာလဲ ကိုယ်တိုင်လက်နက်ကိုင်ရင်း နည်းမျိုးစုံနဲ့ တွန်းလှန်နေတာ ဖြစ်ပါတယ်။

လက်နက်ကိုင်ဖို့ တွန်းလှန်ဖို့ ကြိုးစားနေရင်း ပြင်ဆင်ဖို့ မေ့လျော့နေတဲ့ သူမကတော့ အခုချိန်ထိလှပနေဆဲပါပဲနော်။

လွတ်မြောက်နယ်မြေမှာ အနေအထိုင်အစားအသောက် အားလုံးက ခက်ခဲပေမယ့်လဲ ကြိုးစားနေထိုင်နေတာကြောင့် ချစ်တဲ့ပရိသတ်တွေကို စိတ်မပူဖို့ အမှာစကားပြောထားပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင် တစ်ယောက် လွတ်မြောက်နယ်မြေမှာ‌ ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးခဲ့ပါအုန်းနော်။










