celebrity news

ရှေ့တန်းမထွက်ရတဲ့ အချိန်တွေမှာ ကလေးငယ်တွေကို စာသင်ပေးနေတဲ့ ဦးကျော်သက်လင်း

တိုက်ပွဲမထွက်ရတဲ့အချိန်တွေမှာ ကလေးငယ်လေးတွေကို စာသင်ပေးနေတဲ့ ဦးကျော်သက်လင်း… မြန်မာပြည်မှာ အာဏာစတင်သိမ်းခဲ့ချိန်ကတည်းက အစောဆုံး CDM ပြုလုပ်ခဲ့သူတစ်ဦးဖြစ်တဲ့

သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ ပြည်သူတွေနဲ့အတူတူ အမှန်တရားဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၅၀၅ က နဲ့တရားစွဲဆိုခံခဲ့ရတာကြောင့် တိမ်းရှောင်ရင်း

လွတ်မြောက်နယ်‌မြေမှာ ရောက်ရှိခဲ့ပြီး မိသားစုနဲ့ခွဲခွာနေခဲ့ရတာပဲဖြစ်ပါတယ်။ ဒါအပြင် မိသားစုရဲ့စွန့်လွှတ်ခြင်းကိုခံရပြီး တစ်ချို့မိတ်ဆွေတွေရဲ့ စိမ်းကားမူ့ကိုလဲ တွေ့ကြုံခံစားခဲ့ရပါတယ်။

ဦးကျော်သက်လင်း ဟာ အရာရာခက်ခဲ ကြမ်းတမ်းနေပေမယ့်လဲ စိတ်ဓာတ်ကတော့ ခိုင်မာပြတ်သားနေဆဲပဲ ဖြစ်ပါတယ်။ သူဟာ တောထဲမှာနေထိုင်ရင်း တိုက်ပွဲနားတဲ့အချိန်တွေမှာ သီးပင်စားပင်တွေကို

စိုက်ပျိုးနေတတ်ပြီး ကြက်၊ဝက်တို့ကိုလဲ မွေးမြူထားပါသေးတယ်။ ဒါအပြင် အတူနေရဲဘော်တွေကို ဆံပင်ညှပ်ပေးပြီး ကလေးတွေကိုလဲ စာသင်ပေးတဲ့ ဆရာတစ်ယောက်လဲ ဖြစ်ပါတယ်။

ဒါကြောင့်လဲ ဘက်စုံတော်တဲ့ ဦးကျော်သက်လင်းကိုတော့ ပရိသတ်တွေအားလုံးက ချစ်ခင်လေးစားနေကြတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဦးကျော်သက်လင်း‌ ရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေဟာ အရမ်းကိုလေးစားးရာကောင်းပါတယ်နော်။

ဒါကြောင့်တောင်ပေါ်မြေပြန့်က မြန်မာပြည်သူပြည်သားများအားလုံး နဲ့ ဦးကျော် တို့ ဘေးရန်ကင်းပါစေလို့ ဆုတောင်းပေးခဲ့ပါအုန်း။







