Celebrity

ဒီကနေ့ကတော့ အနုပညာကြယ်ပွင့်ကြီး မင်းသား ဒွေး ကွယ်လွန်တာ ၁၅ နှစ်ပြည့်တဲ့နေ့

ပရိသတ်ကြီးရေ တစ်ခေတ်တခါက နာမည်ကြီးကျော်ကြားခဲ့တဲ့ မြန်မာရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့တဲ့ မင်းသားကြီး ဒွေး ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ်ထင်ပါတယ်။

ဒွေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေအားလုံးဟာ ထူးခြားတဲ့အိုက်တင်တွေနဲ့ သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်ရင်ထဲ ရောက်ရှိခဲ့ပြီး အကယ်ဒမီဆုတွေများစွာကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

ဒွေး ဟာ ကွယ်လွန်သွားခဲ့တဲ့တိုင်အောင် ယနေ့အချိန်ထိ ပရိသတ်တွေရင်ထဲမှာ စွဲထင်ကျန်ရစ်နေဆဲဖြစ်တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

မင်းသား ဒွေး ဟာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရင်း ၇ လပိုင်း ၁၁ ရက်နေ့ ၂၀၀၇ ခုနှစ်ညနေပိုင်းမှာတော့ ချစ်ရတဲ့မိသားစုနဲ့ ပရိသတ်တွေအားလုံးကို ခွဲခွာသွားခဲ့တာ ၁၅ နှစ်ပြည့်ခဲ့ပါပြီ။

ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့ ‌ဒွေးကွယ်လွန်တဲ့ ၁၅ နှစ်ပြည့်အတွက် သရုပ်ဆောင် ဇွဲနိုင်ဝင်း က အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။

ကွယ်လွန်သူ ဒွေး နဲ့ ကျော်ဟိန်း ကို ရည်စူးပြီး နေ့လည်အဟာရဆွမ်းအဖြစ် လှည်းကူးမြို့၊ အမြန်လမ်း (၇)မိုင် (၆)ဖာလုံ ရတနာအောင်မြေကျောင်းတိုက်ရိပ်သာ၌ တရားစခန်းဝင်နေကြသော

သံဃာတော်များ ၊ဆရာလေးများ၊ ယောဂီများ အားလုံးကို အဟာရ မုန့် ဆွမ်းများကို ဒါနကုသိုလ်ပြု ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။

ဇွဲနိုင်ဝင်း ကတော့ ကွယ်လွန်သူ အစ်ကိုဖြစ်သူ နဲ့ ဦးကျော်ဟိန်း တို့ သာဓု ခေါ်နိုင်ပါပြီး နတ်လူသတ္တဝါများ အားလုံးလည်း မေတ္တာရှေ့ထား မုဒိတာပွားများပြီး သာဓု ခေါ်ဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးထားပါတယ်။

ဒီကေန႔ကေတာ့ အႏုပညာၾကယ္ပြင့္ႀကီး မင္းသား ေဒြး ကြယ္လြန္တာ ၁၅ ႏွစ္ျပည့္တဲ့ေန႔

ပရိသတ္ႀကီးေရ တစ္ေခတ္တခါက နာမည္ႀကီးေက်ာ္ၾကားခဲ့တဲ့ ျမန္မာ႐ုပ္ရွင္ေလာကရဲ႕ ထိပ္တန္းမင္းသားတစ္လက္ျဖစ္ခဲ့တဲ့ မင္းသားႀကီး ေဒြး ကိုေတာ့ အားလုံးပဲမွတ္မိၾကအုန္းမယ္ထင္ပါတယ္။

ေဒြး ႐ိုက္ကူးခဲ့တဲ့ ဇာတ္ကားေတြအားလုံးဟာ ထူးျခားတဲ့အိုက္တင္ေတြနဲ႔ သ႐ုပ္ေဆာင္ေကာင္းလြန္းတာေၾကာင့္ ပရိသတ္ရင္ထဲ ေရာက္ရွိခဲ့ၿပီး အကယ္ဒမီဆုေတြမ်ားစြာကို ပိုင္ဆိုင္ထားႏိုင္ခဲ့ပါတယ္။

ေဒြး ဟာ ကြယ္လြန္သြားခဲ့တဲ့တိုင္ေအာင္ ယေန႔အခ်ိန္ထိ ပရိသတ္ေတြရင္ထဲမွာ စြဲထင္က်န္ရစ္ေနဆဲျဖစ္တဲ့ မင္းသားတစ္လက္ျဖစ္ပါတယ္။

မင္းသား ေဒြး ဟာ ႐ုပ္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးေနရင္း ၇ လပိုင္း ၁၁ ရက္ေန႔ ၂၀၀၇ ခုႏွစ္ညေနပိုင္းမွာေတာ့ ခ်စ္ရတဲ့မိသားစုနဲ႔ ပရိသတ္ေတြအားလုံးကို ခြဲခြာသြားခဲ့တာ ၁၅ ႏွစ္ျပည့္ခဲ့ပါၿပီ။

ဒီကေန႔ ဇူလိုင္လ ၁၁ ရက္ေန႔ ‌ေဒြးကြယ္လြန္တဲ့ ၁၅ ႏွစ္ျပည့္အတြက္ သ႐ုပ္ေဆာင္ ဇြဲႏိုင္ဝင္း က အလႉအတန္းေတြ ျပဳလုပ္ခဲ့ပါတယ္။

ကြယ္လြန္သူ ေဒြး နဲ႔ ေက်ာ္ဟိန္း ကို ရည္စူးၿပီး ေန႔လည္အဟာရဆြမ္းအျဖစ္ လွည္းကူးၿမိဳ႕၊ အျမန္လမ္း (၇)မိုင္ (၆)ဖာလုံ ရတနာေအာင္ေျမေက်ာင္းတိုက္ရိပ္သာ၌ တရားစခန္းဝင္ေနၾကေသာ

သံဃာေတာ္မ်ား ၊ဆရာေလးမ်ား၊ ေယာဂီမ်ား အားလုံးကို အဟာရ မုန႔္ ဆြမ္းမ်ားကို ဒါနကုသိုလ္ျပဳ ဆက္ကပ္ လႉဒါန္းခဲ့ပါတယ္။

ဇြဲႏိုင္ဝင္း ကေတာ့ ကြယ္လြန္သူ အစ္ကိုျဖစ္သူ နဲ႔ ဦးေက်ာ္ဟိန္း တို႔ သာဓု ေခၚႏိုင္ပါၿပီး နတ္လူသတၱဝါမ်ား အားလုံးလည္း ေမတၱာေရွ႕ထား မုဒိတာပြားမ်ားၿပီး သာဓု ေခၚဆိုႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးထားပါတယ္။