Cele News

လူသားဆန်တဲ့ နိုင်ငံတစ်ခုအကြောင်းကို စိတ်ဝင်စားစရာပြောပြလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်

နာမည်ကြီးအနုပညာရှင်အချို့ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆင်နွှဲခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

 

 

 

ဒါရိုက်တာ ကိုပေါက် တစ်ယောက်ကလည်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။

 

 

 

လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။

 

 

မိသားစုကိုခွဲခွာပြီး လွတ်မြောက်နယ်မြေမှာရောက်ရှိနေတဲ့ ကိုပေါက် ကတော့သူ့ရဲ့အိမ်ကိုအရမ်းလွမ်းနေတယ်ဆိုတဲ့ စာလေးတွေကိုအမြဲရေးသားလေ့ရှိပါတယ်။

 

 

 

ကိုပေါက် ကတော့ လူသားဆန်တဲ့ နိုင်ငံတစ်ခုအကြောင်းကို လေးစားအားကျစွာနဲ့ စိတ်ဝင်စားစရာပြောပြလိုက်ပါတယ်။

 

 

” သီရိလင်္ကာနိုင်ငံပြည်သူတွေက ပြည်လုံးကျွတ်ဆန္ဒပြလို့ သမ္မတက ဆင်းပေးမယ်လို့ ပြည်သူကိုပြန်ပြောသတဲ့။ လူသားဆန်တဲ့ နိုင်ငံပေါ့။

 

 

 

 

“ကိုယ့်ဆုံးဖြတ်ချက်ဟာ ကိုယ့်အနာဂတ်ဖြစ်တယ်” ဘယ်လိုအနာဂတ်မျိုးနဲ့ ဖြတ်သန်းကြမလဲ။ ဒါကတော့ ကိုယ့်ရွေးချယ်မှု့ပါပဲ” လို့ ဒါရိုက်တာ ကိုပေါက် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

 

ပရိသတ်ကြီးရေ ကိုပေါက် ပြောပြလိုက်တဲ့ လူသားဆန်တဲ့နိုင်ငံတစ်ခုရဲ့အကြောင်းကို သိလောက်ပြီထင်ပါတယ်နော်။

 

 

 

မြန်မာပြည်ကြီးလဲ အမြန်ဆုံးငြိမ်းချမ်းပါစေ၊ အမှန်တရား ကို အမြန်ဆုံးပြန်လည်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

 

 









