မင်းသမီး ချောရတနာ ကတော့ မော်ဒယ်အဖြစ် အနုပညာလောကကို ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ဇာတ်ကားတွေရိုက်ကူးရင်း ပရိသတ်တွေကြား နာမည်ကြီးခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားပြီး သဘာဝကျကျ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေလက်ခံအားပေးခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင်ကားကြီးတွေထဲမှာ ပါဝင်လာတဲ့အထိ အောင်မြင်လာခဲ့ပါတယ်။
သူမ ဟာ “ဥ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ စိတ်မနှံ့တဲ့ကာရိုက်တာ သရုပ်ဆောင်ခဲ့ပြီး သဘာဝကျပီပြင်လွန်းတာကြောင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ချောရတနာ ဟာ Live Sale တွေရောင်းချနေပြီး ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပါတယ်။
ဒီကနေ့မှာတော့ ချောရတနာ ကတော့ သူမရဲ့ရင်တွင်းခံစားချက်တွေကို ဖွင့်ဟပြောပြလိုက်တဲ့ သတင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
” အနိုင်ယူချင်တဲ့ သူကို အနိုင်ပေးလိုက်ပါအရှုံး ပေးလိုက်တဲ့အချို့အရာတွေက အနိုင်ရသွားတယ်လို့ထင်တဲ့သူထက် ပိုအေးချမ်းရလို့ပါ” ဆိုပြီး သူမရဲ့အတွေးအမြင်တွေကို ရေးသားထားပါတယ်။
သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အနိုင်လိုချင်သူကို အနိုင်ပေးလိုက်တာ အေးချမ်းပါတယ်ဆိုတဲ့ မင်းသမီး ချောရတနာ